What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ကမ္ဘောဒီးယားနိုင်ငံ၏ပို့ကုန်သည် ယခုပထမ ၁၀ လအတွင်း ဒေါ်လာ ၁၀.၈၁ ဘီလီယံ တန်ဖိုးရှိကာ ၆.၄၅ ရာခိုင်နှုန်းတိုးလာသည် ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကပြောကြားခဲ့သည် ။

ဇန်နဝါရီလမှ အောက်တိုဘာလအထိ အထည်အလိပ်တင်ပို့မှုသည် ၆.၄ ဘီလီယံနှင့် အထည်အလိပ်တန်ဖိုး ဒေါ်လာသန်း ၄၀ ရှိပြီး ဖိနပ်တန်ဖိုးသည် ဒေါ်လာ ၉၀၅ သန်းတန်ဖိုးရှိကြောင်း ဝန်ကြီးဌာန၏ နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Pan Sorasak ကပို့ကုန်တန်ဖိုးသည် နှစ်စဉ် ၁၀ % နှုန်းဖြင့် တိုးတက်နေကြောင်း မကြာသေးမီကပြောကြားခဲ့သည် ။

မိမိတို့နိုင်ငံ သည် အာဆီယံမူဘောင်သို့ ပေါင်းစည်းခြင်းနှင့် အရှေ့တောင်အာရှအုပ်စု ၊ အထူးသဖြင့် ဂျပန် ၊ တရုတ် ၊ တောင်ကိုရီးယား ၊

 

သြစတြေးလျ ၊ နယူးဇီလန် ၊ အိန္ဒိယ နိုင်ငံ စတဲ့နိုင်ငံတွေ နှင့် ကုန်သွယ်ရေးဆိုင်ရာ တိုးမြှင့် ခြင်းအပေါ်

 

အာရုံစိုက်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံရဲ့ မီဒီယာများက ဖော်ပြထားသည်။

Published in Export & Import

အိန္ဒိယနိုင်ငံ၏ အမျိုးသားကုန်ထုတ်စွမ်းအားကောင်စီ ( NPC ) သည် အစိုးရ၏ အနာဂတ်အစီအစဉ်များ တိုးတက်စေရန်နှင့် လက်ရှိ ကွာဟချက်များကိုဖော်ထုတ်ခြင်းဖြင့် ရလဒ်ကောင်းများရရှိစေရန်ဆောင်ရွက်လျက်ရှိသည်။

Published in Export & Import

အီဂျစ် ၏ ကုန်သွယ်ရေးဝန်ကြီး Ali El-Moselhy က သူ၏ကုန်သွယ်ရေးဌာနအနေဖြင့် အီတလီနိုင်ငံ၏ ကုမ္ပဏီများအား မိမိတို့ တိုင်းပြည်ကို

 

လွယ်ကူချော့မွေ့စွာ ဝင်ရောက်ရင်းနှီးမြှုပ်နှံစေရန်လိုလားကြောင်း ကိုင်ရို တွင်ပြုလုပ်သည့် အီတလီ-အီဂျစ် စီးပွားရေးဖိုရမ်

 

(ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု) ဆွေးနွေးပွဲ ၌ ပြောကြားခဲ့ပါတယ်။

Published in Export & Import

အိန္ဒိယနိုင်ငံသို့လေ့လာရေးခရီးစဉ်တွင် အီသီယိုးပယား အစိုးရနှင့် အထည်အလိပ်လုပ်ငန်းမှ ကိုယ်စားလှယ်များသည် ဝါဂွမ်းချည်မျှင်များထုတ်လုပ်ခြင်းနှင့် တိုးတက်မှုအကြောင်းသိစေရန် PolytechnicNagpur (GPN) သို့ သွားရောက်လည်ပတ်ခဲ့သည်။

အီသီယိုးပီးယား ကိုယ်စားလှယ်အဖွဲ့တွင် အီသီယိုးပီးရီးယားလုပ်ငန်းသွင်းအားစု ဖွံ့ဖြိုးရေးလုပ်ငန်း ၊ အီသီယိုးပီးယား အထည်အလိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဌာန မှ ထုတ်လုပ်သူများ၊ ပို့ကုန် လုပ်ငန်းရှင်များအသင်းမှ ထိပ်တန်းအရာရှိ ရှစ်ဦး ၊

စိုက်ပျိုးရေးနှင့် သဘာဝ ဝန်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ပါဝင်သည်။

GPN အထည်အလိပ်ကုန်ထုတ်လုပ်မှု ဌာန၏ အကြီးအကဲ Deepak Kulkarni က Vidarbha ဒေသရှိ ဈေးကွက်ကြီးထွားမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် စက်မှုလုပ်ငန်းမှ အကြီးအကဲများကိုပါ ဤတွေ့ဆုံ ပွဲသို့တက်ရောက်ရန်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အစည်းဝေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဝါဂွမ်းဈေးကွက် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုနယ်ပယ်တွင် ကျွမ်းကျင်သူများကို နေရာပေးလုပ်ကိုင်စေရန်ဖြစ်သည်။

Maharashtra အရှေ့ပိုင်းခရိုင် ၁၁ ခုပါဝင်သည့် Vidarbha ပြည်နယ်အတွင်းရှိ ဝါဂွမ်းအများဆုံး ထုတ်လုပ်မှုဒေသဖြစ်သည်။ Vidarbha အထည်အလိပ်လုပ်ငန်းများအတွက် အဓိကအရင်းအမြစ်ကျတဲ့ ဇုန်တစ်ခုလည်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ဒေသခံအထည်အလိပ် အတိုင်ပင်ခံ Shrikant Gadge ပြောကြားရာတွင် Vidarbha အိန္ဒိယနိုင်ငံ အား ဝါဂွမ်း ၃၀ ရာခိုင်နှုန်းပံ့ပိုးပေးသည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သော ၄-၅ နှစ်တာကာလအတွင်း နိုင်ငံတေနိ၏ ချည်မျှင်လုပ်ငန်း ကဏ္ဍသည်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်နေခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဝါဂွမ်း ထွက်ရှိမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု သိသာထင်ရှားစွာ တိုးတက်ခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 









Reference;fibre2fashion.com

Myanmar Textile and Garment Directory


မြန်မာနိုင်ငံ၏ စက်ရုံများသည် အဓိကအားဖြင့် အထည်များဖြတ်ခြင်း ၊ ထုတ်ပိုးခြင်း နှင့် CMF ကန်ထရိုက် ထုတ်လုပ်ခြင်း စသည်တို့ကို အဓိကလုပ်ဆောင်သည်။

 

Published in Export & Import

ECV ရှန်ဟိုင်း ECV International မှစီစဉ်သော တတိယအကြိမ်မြောက် မြန်မာနိုင်ငံအထည်အလိပ်ဆိုင်ရာ


ထိပ်သီးအစည်းအဝေးပွဲ ၂၀၁၉ ကိုအောက်တိုဘာလတွင်ကျင်းပခဲ့ပါတယ်။

 

Published in Export & Import

အီဂျစ်နိုင်ငံရဲ့ Cotton and Textile Industries Holding ကုမ္ပဏီသည် PWC နှင့်စာချုပ်ချုပ်ဆိုခဲ့ပြီး သူ၏ လက်အောက်ခံကုမ္ပဏီများအား ပေါင်းစည်းရန် နှင့် တစ်စုတစ်စည်းတည်ဖြစ်အောင်

စနစ်တကျပြန်လည်ပေါင်းစည်း နိုင်ရေးအတွက် ကြိုးပမ်းမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

Published in Export & Import

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိန္ဒိယကုန်ပစ္စည်းများကို စစ်တကောင်းနှင့် မိုင်းလား ဆိပ်ကမ်း များတွင် အခွန်ကောက်ခံခြင်းမရှိဘဲ ကုန်သွယ်ခွင့်ပြုတော့မည်။

Published in Export & Import

၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပါကစ္စနိုင်ငံသို့ နိုင်ငံအသီးသီး မှ ချည်ထည်ဝင်ရောက်လာမှု ၇.၈၆၁ သန်းကျော်

 

ဝင်ရောက်လာပြီး ပြီးခဲ့တဲ့ရာသီ၏ ဝင်ရောက်လာမှုနှုန်းထက် ၂၁.၀၉ ရာခိုင်နှုန်းထက် လျော့ နည်းနေကြောင်

 

း Pakistan Cotton Ginners’ Association (PCGA) ၏ ပြီးခဲ့တဲ့ အပတ်နောက်ဆုံးထုတ်ပြန်ချက် အရသိရသည်။

Published in Export & Import

အိန္ဒိယ အထည်အလိပ် ဝန်ကြီးဌာနသည် မကြာသေးမီက ဆယ်နှစ်တာအတွက် အမျိုးသားအထည်အလိပ် မူဝါဒကို ရေးဆွဲရန် မူဝါဒအသစ်ချမှတ်ရန် အကြံပြုခဲ့ သည်။

Published in Export & Import
Page 10 of 11

Search Articles