What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘောဒီးယားအစိုးရမှ ငွေကြေးထောက်ပံ့မှုအစီအစဉ်များကို ၃ လ ထပ်မံတိုးချဲ့ခဲ့

မကြာသေးမီက ကမ္ဘောဒီးယားအစိုးရမှ အထည်ချုပ်လုပ်ငန်းနှင့်အထည်အလိပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဆင်းရဲနွမ်းပါးသူများအားဇန်နဝါရီမှမတ်လအထိ ငွေကြေးထောက်ပံ့မှုအစီအစဉ်များကို နောက်ထပ် သုံးလ ထောက်ပံ့ရန် ထပ်မံတိုးချဲ့ခဲ့ပါတယ်။

 

ဤသည်မှာ COVID-19 ကူးစက်ရောဂါကြောင့် အကြီးအကျယ်ထိခိုက်ခဲ့သည့် ပုဂ္ဂလိကနှင့်အများပိုင်ကဏ္ဍများအတွက် အစိုးရ၏သတ္တမမြောက် ပံ့ပိုးမှုလည်း ဖြစ်တယ်။

 

အစိုးရ၏ကြေညာချက်အရ ကမ္ဘာတဝှမ်းရှိနိုင်ငံများကမူ အစိုးရမှ အထည်ချုပ်လုပ်ငန်းများ၊ အထည်အလိပ်လုပ်ငန်း၊ ဖိနပ်များနှင့် ခရီးသွားကုန်ပစ္စည်းကဏ္ဍများတွင် အလုပ်သမားများအား တစ်လလျှင် ဒေါ်လာ ၄၀ ထောက်ပံ့ရန် သုံးလ ထပ်မံတိုးဖို့ ဆက်လက် ဆုံးဖြတ်ခဲ့ပါတယ်။ ထိုကဏ္ဍရှိ စက်ရုံပိုင်ရှင်များက အလုပ်သမားတစ်ဦးလျှင် ဒေါ်လာ ၃၀ ထပ်မံ ပေးရသောကြောင့် တစ်လလျှင် အလုပ်သမားတစ်ယောက်အနေနဲ့ ဒေါ်လာ ၇၀ ရမှာ ဖြစ်တယ်။

 

အစိုးရသည် အကောက်ခွန်ဦးစီးဌာန၏အထွေထွေအခွန်ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များနှင့် ခရီးသွားအေဂျင်စီများအတွက် လစဉ်အခွန်အကောက်များအားလုံးကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး ဖနွမ်းပင်၊ Siem Reap၊ Sihanoukville၊ Kep၊ Kampot၊ Bavet နှင့် ပိုပန်ပြည်နယ်များ၌ နောက်ထပ်သုံးလ ထပ်မံလှုပ်ရှားမှုများ ပြုလုပ်ခဲ့တယ်ဟု ကမ္ဘောဒီးယားသတင်းစာမှ ဖော်ပြခဲ့တယ်။

 

IDPoor အစီအစဉ်ကိုလည်း ဤကာလအတွင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်တယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်သော မိသားစု ၇၀၀,၀၀၀ ကျော်အား ယခုအချိန်အထိ ဒေါ်လာ ၁၇၅ သန်း ထောက်ပံ့ခဲ့သည်ဟု ပြောကြားခဲ့ပါ သေးတယ်။

 

By Myanmar Textile & Garment Guide

Ref: fibre2fashion.com

Read 630 times
Rate this item
(0 votes)