What's new



Covid-19 ဂယက်အတွင်း ထောက်ပံ့မှုတွေလိုအပ်နေတဲ့ အထည်အလိပ်လုပ်ငန်းများ

အီးယူနှင့်ယူအက်စ်တို့၏ ဝယ်လိုအားပြိုလဲခြင်းကြောင့် ပါကစ္စတန်သာမက ပြိုင်ဘက်များ ဖြစ်ကြသော ဘင်္ဂလားဒေ့ရ်ှ၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ မြန်မာနှင့် အခြားနိုင်ငံများတွင် စက်ရုံပိတ်သိမ်းမှုများ ဖြစ်ပွားလျက်ရှိသည်။

 

ပြီးခဲ့တဲ့ အပတ်က SDPI (ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးမူဝါဒ အင်စတီကျု)ကို အစိုးရ၊ကမ္ဘာ့ဘဏ်နှင့်စက်မှုလုပ်ငန်းများအကြား အင်တာနက်ပေါ်တွင် ပြုလုပ်သောနှီးနှောဖလှယ်ပွဲ မှတစ်ဆင့် “Covid-19ကာလအတွင်း အထည်အလိပ်နှင့်အထည်ချုပ် ကဏ္ဍအတွက် အကြံဥာဏ်ဆွေးနွေးမှု”အတွက် ဖွဲ့စည်းခဲ့ပါတယ်။

 

Dr.Vaqar Ahmedရဲ့ ကြိုးပမ်းအားထုတ်မှုနှင့်ဆွေးနွေးပွဲ တစ်ခုလုံးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အပေါ် ချီးကျူးရမှာပဲ ဖြစ်ပါတယ်။

 

WB(World Bank)ရဲ့ တင်ပြချက်နှင့်အကြံပြုချက်တွေကို သုတေသနလုပ်ခဲ့ပြီး၊ ပုဂ္ဂလိက ကဏ္ဍနှင့် သက်ဆိုင်တဲ့ ပြဿနာတွေကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။

 

WBရဲ့ အကြံပြုချက်တွေက အနာဂတ်မှာ ရေရှည်နည်းဗျူဟာတွေနဲ့ အထည်ချုပ်လုပ်ငန်း ရှေ့ဆက်လုပ်ဆောင်ဖို့အတွက် ဘယ်လိုပြောင်းလဲမှုတွေ လိုအပ်လဲဆိုတာကို ပိုအာရုံစိုက်လုပ်ဆောင်နိုင်သော်လည်း လောလောဆယ်မှာတော့ ပြဿနာ အချို့ရှိနေပါတယ်။

 

လက်ရှိ ပြဿနာအချို့က Covid-19 နဲ့ဆက်နွယ်နေတာကြောင့် စက်မှုလုပ်ငန်း ပိုပြီး ရှင်သန်ရပ်တည်စေဖို့နှင့် လုပ်ငန်း သိသိသာသာ ကျဆင်း မသွားစေရန် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

 

ပါကစ္စတန်နိုင်ငံရဲ့ အထည်အလိပ်နှင့်အ၀တ်အထည်တွေ အတွက် အဓိကစျေးကွက်နှစ်ခုက အီးယူ (ဥရောပသမဂ္ဂ) နှင့်ယူအက်စ်အေ (အမေရိကန်ပြည်ထောင်စု) တို့ဖြစ်ပါတယ်။၎င်းစျေးကွက်နှစ်ခုကို ဖယ်ထုတ်လိုက်တဲ့အခါ ပို့ကုန်စုစုပေါင်း ၇၅ရာခိုင်နှုန်း နီးပါး(တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း)ရဲ့ ၅၀ရာခိုင်နှုန်းက ရပ်တန့်သွားပါတယ်။

 

Covid-19ကြောင့် အီးယူနှင့်ယူအက်စ်တို့က စားသုံးသူလျော့နည်းလာပြီး ဝယ်လိုအားနည်းလာခြင်းကြောင့် ပါကစ္စတန် သာမက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ မြန်မာနှင့် တခြားနိုင်ငံတွေပါ အထည်ချုပ်လုပ်ငန်းဆိုင်ရာ စီးပွားရေးကျဆင်းလာပါတယ်။

 

ဗိုင်းရပ်ကြောင့် လမ်းကြောင်း ၂ခု ဖြစ်လာနိုင်ပါတယ်။၎င်းလမ်းကြောင်းတွေကတော့ ဗိုင်းရပ်ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ်လုပ်ငန်းက တိုးတက်လာနိုင်သလို ဗိုင်းရပ်ကြောင့်လည်း လုပ်ငန်းတစ်ခုလုံး ဆုတ်ယုတ်သွားနိုင်ပါတယ်။

 

ဒီအခြေအနေတွေမှာ စီးပွားရေးစျေးကွက်ယှဉ်ပြိုင်မှုကို ပုံမှန်ပြန်ဖြစ်အောင် ဆောင်ရွက်ဖို့က ယခင်ကထက် ပိုပြီး ခက်ခဲလာမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတွေက ယခင်ကရရှိတဲ့ စျေးကွက်နှစ်ခုနဲ့ ပြန်ချိတ်ဆက်ဖို့ သို့မဟုတ် ၎င်းစျေးကွက်‌ ပိုတိုးတက်လာစေဖို့ စိတ်အားထက်သန်နေကြမှာ ဖြစ်သော်လည်း အချို့နိုင်ငံတွေမှာ အစိုးရက သက်ဆိုင်ရာ စက်မှုလုပ်ငန်းတွေကို မထောက်တာကြောင့်ပဲဖြစ်ပါတယ်။

 

ဆိုလိုတာက အချိန်ကာလတစ်ခု(Covid-19ဖြစ်ပွားမှု လျော့ကျသွားတဲ့အခါ)ရောက်လာတဲ့အခါ တိုင်းပြည်က အရင်ကလို လုပ်ငန်းလည်ပတ်မှုစွမ်းရည်ရှိတော့မှာ မဟုတ်ပါဘူး။

 

အခုအချိန်မှာ လိုအပ်ချက်က ကျွန်တော်တို့ရှိပြီးသား အားသာချက်တွေကို အသုံးချရမှာပဲ ဖြစ်ပါတယ်။လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့၊ဘဏ္ဍာရေးကုန်ကျစရိတ်နဲ့ အခွန်ငွေတွေအပေါ် အကြီးအကျယ်မှီခိုနေရတဲ့ ကျွန်တော်တို့က လက်ရှိ ပို့ကုန် တင်ပို့မှုမှာ သေချာစွမ်းဆောင်ဖို့လိုပါတယ်။

 

ယခုအခါ ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဓာတ်အားကို ဒေါ်လာ ၆ ဆင့်၊ အိန္ဒိယက ၈ဆင့်၊ မြန်မာက ၀.၄၄ဆင့် နှင့်ဥရောပမှာ ၁.၈၀ ဆင့် ဖြင့်အသီးသီး တင်ပို့ကျပါတယ်။

 

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က တင်ပို့တဲ့ သဘာဝဓာတ်ငွေ့က ဒေါ်လာ ၄.၉၃ / MMBtu(ဗြိတိသျှအပူယူနစ်)၊ အိန္ဒိယက ဒေါ်၃.၂၃ / MMBtu၊ မြန်မာနိုင်ငံက၁ ဒေါ်လာ/MMBtu နှင့် ဥရောပက ဒေါ်လာ ၁.၆ /MMBtu စသဖြင့်တင်ပို့ကြပါတယ်။

 

ယနေ့ အိန္ဒိယနိုင်ငံ ဝါဂွမ်းစျေးနှုန်းက ပါကစ္စတန် ပျမ်းမျှစျေးနှုန်းထက် ၁၅ သို့မဟုတ် ၂၀ ရာခိုင်နှုန်းလျော့နည်းနေပါတယ်။အလုပ်သမားကုန်ကျစရိတ် (ကုန်ထုတ်စွမ်းအားအတွက် တွက်ချက်ပြီးနောက်) နှင့်ဘဏ္ဍာရေးကုန်ကျစရိတ်တွေ နှိုင်းယှဉ်ရင်လည်း ပျမ်းမျှ ၁၅ သို့မဟုတ် ၂၀ရာခိုင်နှုန်းလျော့နည်းနေပါတယ်။

 

အလွန်ခက်ခဲတဲ့ ယခုလို Covid-19 ကာလတွေမှာ ပို့ကုန်ထုတ်လုပ်သူတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အစိုးရရဲ့ အချို့သော ထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။

 

Ref:GlobalVillageSpace

Read 282 times
Rate this item
(0 votes)