What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစား စွန့်ပစ်ပစ္စည်းများကို ပြန်အသုံးပြုခြင်းက ဖက်ရှင်ကဏ္ဍအတွက်ပါ အထောက်အကူပြု

အဝတ်အစား စွန့်ပစ်ပစ္စည်းများကို ပြန်အသုံးပြုခြင်းက ဖက်ရှင်ကဏ္ဍအတွက်ပါ အထောက်အကူပြု Newatlas

ဖက်ရှင်နှင့် အ၀တ်အထည်လုပ်ငန်းမှ ထုတ်လုပ်သောစွန့်ပစ်ပစ္စည်းတွေက အလွန်များပြားတဲ့ ပမာဏရှိပါတယ်။ "အမြဲတမ်း အသစ်"ဆိုသလို ဖက်ရှင်နဲ့ပတ်သက်လာရင် နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းပေါ်မှာ ရှိချင်တဲ့အတွက် တချိန်ကဝတ်ခဲ့တဲ့ အဝတ်အစားတွေဟာ စွန့်ပစ်ခြင်းကိုခံရပါတော့တယ်။

 

ဆိုလိုတာက ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီတွေလို အဝတ်စတွေက အရည်အသွေးမြင့်သော အဝတ်အထည်များမှ ဖြတ်စများဖြစ်ပြီး ပြန်အစားထိုးခြင်း လုပ်ငန်းမှာ သုံးနိုင်ကာ အဝတ်အထည်အသစ်များ ဖြစ်လာနိုင်ပါတယ်။ ဝါဂွမ်းဖြင့် ပြုလုပ်သော အဝတ်အထည်တွေကို ပြန်အသုံးပြုဖို့က ခက်ခဲတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ဝါဂွမ်းထုတ်လုပ်မှုအတွက် ဖိုင်ဘာပုံစံသို့ ပြန်သွားတဲ့ နည်းစနစ်အသစ်က ၎င်းပြဿနာကို ကျော်လွှားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

 

အဝတ်အစားများဖြစ်သော စတိုင်ဘောင်းဘီ၊ ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီများ စသည်တို့ကိုပြန်လည် အသုံးပြုဖို့က အလွန်ခက်ခဲပါတယ်။ အရင်ဆုံး ပြန်အသုံးပြုမယ့် အဝတ်စရဲ့ အရည်အသွေးတူပစ္စည်းတွေကို ပြန်ရှာနေရတာကြောင့် အချိန်ကုန် အလုပ်ပိုရှုပ်ပါတယ်။ ပုံမှန်အားဖြင့် အမျှင်တွေနဲ့ ပြုလုပ်ထားလို့ဖြစ်ပါတယ်။ ဥပမာ-အထည်တစ်ထည်မှာ ချည်မျှင် အပြင် polyester၊ elastane (spandex) သို့မဟုတ် အခြားဓာတုအမျှင်များ ပါ၀င်နိုင်ပါတယ်။

 

ဂရုတစိုက် ဝတ်သော အဝတ်အများစုက ကြာရှည်စွာဝတ်နိုင်သော်လည်း ပြောင်းလဲလာတဲ့ ဖက်ရှင်တွေက စားသုံးသူများကိုပါ လိုက်ပြောင်းလဲစေပါတယ်။ စက်မှုလုပ်ငန်းဆိုင်ရာကိန်းဂဏန်းများအရ ခေတ်သစ်အဝတ်အစားတွေက သက်တမ်း ၂ နှစ်မှ ၁၀ နှစ်အကြားရှိပြီး အတွင်းခံများနှင့် တီရှပ်တွေက တစ်နှစ်မှ နှစ်နှစ်အထိ သက်တမ်းရှိပါတယ်။

 

အဝတ်အစားတွေကို ပြန်လည် အသုံးပြုခြင်းက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကို လျှော့ချရန်အထောက်အကူပြုနိုင်မှာလား။

 

လက်ရှိ အမေရိကန်မှာ နှစ်စဉ်အဝတ်အထည် များစွာ စွန့်ပစ်လျက်ရှိပြီး အ၀တ်အထည်နှင့်ဖိနပ် ၁၃.၆ရာခိုင်နှုန်း သာလျှင် ပြန်လည် အသုံးပြုနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အ၀တ်အထည်အတွက် အသုံးပြုသော ပစ္စည်းတွေရဲ့ ၁၂ရာခိုင်နှုန်းလောက်သာ ပြန်အသုံးပြု နိုင်ပါတယ်။

 

အ၀တ်အထည်တွေကို အွန်လိုင်းမှာ ရောင်းချနေခြင်းက စျေးကွက်ကောင်းတစ်ခုဖြစ်သော်လည်း အဝတ်ဟောင်းတွေကို စွန့်ပစ်ဖို့အတွက် လူကြိုက်အများဆုံးနည်းလမ်းက လှူဒါန်းခြင်းပဲဖြစ်ပါတယ်။

 

ဒါမှ ၎င်းအဝတ်အစားတွေကို ပရဟိတဆိုင်ရာလုပ်ငန်းများမှတစ်ဆင့် ပြန်လည်အသုံးပြုနိုင်ပြီး အဝတ်အထည်များလှူဒါန်းခြင်းက အထည်အလိပ်များ စွန့်ပစ်ပစ္စည်းအဖြစ် မရောက်ရှိပဲ ဆက်အသုံးပြုနေစေမှာ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ပြဿနာကို ဖြေရှင်းတဲ့ Recycleနည်းလမ်းလဲ ဖြစ်ပါတယ်။

 

Written By Omega

 

Source:Newatlas

Read 957 times
Rate this item
(0 votes)
Tagged under