What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသားတွေအတွက် သက်တောင့်သက်သာရှိစေမယ့် အနောက်တိုင်း မင်္ဂလာဝတ်စုံ အမျိုးအစား (၃) မျိုး

အမျိုးသားတွေအတွက် သက်တောင့်သက်သာရှိစေမယ့် အနောက်တိုင်း မင်္ဂလာဝတ်စုံ အမျိုးအစား (၃) မျိုး Google

မင်္ဂလာပွဲတစ်ခုပြုလုပ်တော့မယ်ဆိုရင်အရေးပေးအခံရဆုံးကတော့ သတို့သမီးပါပဲ။ သတို့သမီးဝတ်စုံ၊ သတို့သမီးဖိနပ်၊ သတို့သမီးအတွက်

 

ဆံပင်မိတ်ကပ်အပြင်အဆင်၊ သတို့သမီးအတွက်ပန်း စတာတွေနဲ့ပဲအလုပ်ရှုပ်နေပြီး သတို့သားအတွက်ဆိုတာကိုတောင်မေ့နေတတ်ကြပါတယ်။

 

သန့်ရှင်းသပ်ရပ်တဲ့ သတို့သားတစ်ဦးဖြစ်ဖို့အတွက် သတို့သားဝတ်စုံကိုဂရုစိုက်ဖို့လိုပါတယ်။

 

ဒါ့ကြောင့် မင်္ဂလာပွဲကိုတင့်တယ်ခမ်းနားစေမယ့် သပ်ရပ်ခန့်ညားတဲ့အနောက်တိုင်းသတို့သားဝတ်စုံ(၃)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

 

(၁) ပြန်လည်အသုံးပြုလို့ရတဲ့ဝတ်စုံ

 

ue1

 

ပြန်လည်အသုံးပြုလို့ရတဲ့ဝတ်စုံဆိုတာ မင်္ဂလာပွဲပြီးတဲ့အခါမှာလည်း အလုပ်သွားတဲ့အခါဖြစ်ဖြစ်၊ အခြားပွဲလမ်းသဘင်တွေသွားတဲ့အခါဖြစ်ဖြစ်

 

ဝတ်ဆင်လို့ရတဲ့ဝတ်စုံကိုဆိုလိုတာပါ။ ဒီလိုဝတ်စုံမျိုးကို ဘယ်လိုမင်္ဂလာဆောင်အမျိုးအစားမှာပဲဖြစ်ဖြစ်ဝတ်ဆင်လို့ရပါတယ်။

 

မင်္ဂလာညစာစားပွဲ၊ နေ့လည်ပိုင်းမင်္ဂလာပွဲ၊ Indoor Outdoor သာမက ပူတဲ့ရာသီပဲဖြစ်ဖြစ် အေးတဲ့ရာသီပဲဖြစ်ဖြစ်ဝတ်ဆင်လို့ရပါတယ်။

 

ပြန်လည်အသုံးပြုလို့ရတဲ့ဝတ်စုံရဲ့သဘောသဘာဝကတော့ အလွန်အမင်းပြောင်လက်နေခြင်းမရှိပါဘူး။ အကြောင်းကြောင်းကြောင့်

 

အပေါ် ကုတ်အင်္ကျီကိုချွတ်တဲ့အခါမှာ ကြည့်ကောင်းနေစေဖို့အတွက် ကုတ်အောက်ခံကိုယ်ကျပ်အင်္ကျီတစ်ထည်ကိုတော့ဝတ်ဆင်ဖို့လိုပါတယ်။

 

ပြီးတော့သင်ဟာ ဒီဝတ်စုံကိုပြန်လည်အသုံးပြုမှာဖြစ်တဲ့အတွက် ဝတ်စုံချုပ်သမားဆီအပ်တဲ့နေရာမှာ ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်မျိုး၊

 

ပွဲလမ်းသဘင်တော်တော်များများမှာဝတ်ဆင်လို့အဆင်ပြေနိုင်မယ့်အရောင်မျိုးကိုရွေးချယ်အပ်နှံဖို့လိုပါတယ်။

 

(၂) ပေါ့ပေါ့ပါးပါး ထသွားထလာဝတ်စုံ

 

ue2

 

ဒီလိုဝတ်စုံမျိုးကိုတော့ ပင်လယ်ကမ်းခြေမှာပြုလုပ်မယ့်မင်္ဂလာပွဲ၊ ပန်းခြံလိုနေရာမျိုးမှာပြုလုပ်မယ့်မင်္ဂလာပွဲမျိုးတွေမှာ အဝတ်များပါတယ်။

 

အရမ်းကိုသမားရိုးကျဆန်တဲ့ မင်္ဂလာပွဲဝတ်စုံမျိုးကိုမဝတ်ဆင်ချင်တဲ့သတို့သားတွေအတွက်တော့ ဒီလိုထသွားထလာပုံစံဝတ်စုံလေးက

 

အမြင်တစ်မျိုးဆန်းသစ်စေပါတယ်။ ပင်လယ်ကမ်းခြေတို့ ပန်းခြံတို့လိုနေရာမျိုးမှာပြုလုပ်မယ့်မင်္ဂလာပွဲဖြစ်တဲ့အတွက်

 

ဝတ်စုံအရောင်ရွေးချယ်ရာမှာလည်း နက်ပြာရောင်တို့ အမဲရောင်တို့လို အရောင်ရင့်တွေကိုမရွေးချယ်သင့်ပါဘူး။

 

အဖြူရောင်၊ နို့နှစ်ရောင်၊ နံ့သာရောင်၊ အပြာနုရောင်တို့ကိုသာရွေးချယ်သင့်ပါတယ်။ ပူအိုက်တဲ့ရာသီဥတုမျိုးမှာဆိုရင်တော့

 

ကုတ်အင်္ကျီအောက်ခံတဲ့ ကိုယ်ကျပ်အင်္ကျီနဲ့ စတိုင်ပင်အရှည်တို့ကိုသာ ဝတ်ဆင်ကြလေ့ရှိပါတယ်။ ဒီလိုဝတ်စုံအမျိုးအစားကတေ

 

ာ့ ချုပ်ပြီးသားဝယ်ဝတ်ဖို့အဆင်မပြေပါဘူး။ အင်္ကျီချုပ်ဆိုင်ကိုအပ်ပြီးချုပ်ဝတ်မှသာ ကိုယ်လိုချင်တဲ့ အင်္ကျီအသား၊ ကိုယ်လိုချင်တဲ့ဒီဇိုင်း၊

 

ကိုယ့်ခန္ဓာကိုယ်နဲ့လျော်ညီမယ့် ကုတ်အင်္ကျီ၊ အောက်ခံကိုယ်ကျပ်အင်္ကျီ၊ စတိုင်ပင်တို့ကို ရရှိမှာဖြစ်ပါတယ်။

 

(၃) သမားရိုးက် မဂင်္လာဝတ်စုံ

 

ue3

 

ဒီလိုဝတ်စုံမျိုးကတော့ မင်္ဂလာပွဲတွေမှာအဝတ်အများဆုံးလို့ပြောလို့ရပြီး များသောအားဖြင့် နေ့လည်နေ့ခင်းပြုလုပ်တဲ့

 

Indoor မင်္ဂလာပွဲတွေမှာအဝတ်များကြပါတယ်။ သမားရိုးကျမင်္ဂလာဝတ်စုံဖြစ်တဲ့အတွက် တစ်ခါဝတ်အမျိုးအစားဖြစ်ပြီး

 

အလုပ်သွားတဲ့အချိန်တို့ ပွဲလမ်းသဘင်တို့မှာဝတ်လို့အဆင်မပြေတဲ့ဝတ်စုံမျိုးပါ။ ဒီလိုဝတ်စုံအမျိုးအစားအတွက် အရောင်ရွေးချယ်ရာမှာတော့

 

အရောင်ရင့်တွေဖြစ်တဲ့ မီးခိုးရောင်ရင့်တို့ အပြာရင့်ရောင်တို့ကိုများသောအားဖြင့်ရွေးချယ်ကြလေ့ရှိပါတယ်။ သမားရိုးကျမင်္ဂလာဝတ်စုံကို

 

ချုပ်ပြီးသားဝယ်ဝတ်လို့ရပေမယ့် ကိုယ့်ခန္ဓာကိုယ်အချိုးအစားပေါ်လိုက်ပြီး ချုပ်ဝတ်တာကတော့ ဝတ်ရတာပိုပြီးအဆင်ပြေစေပါတယ်။

 

အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းဆိုင် ၇၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

မဂၤလာပြဲတစ္ခုျပဳလုပ္ေတာ့မယ္ဆိုရင္အေရးေပးအခံရဆုံးကေတာ့ သတို႔သမီးပါပဲ။ သတို႔သမီးဝတ္စုံ၊ သတို႔သမီးဖိနပ္၊ သတို႔သမီးအတြက္

ဆံပင္မိတ္ကပ္အျပင္အဆင္၊ သတို႔သမီးအတြက္ပန္း စတာေတြနဲ႔ပဲအလုပ္ရႈပ္ေနၿပီး သတို႔သားအတြက္ဆိုတာကိုေတာင္ေမ့ေနတတ္ၾကပါတယ္

သန႔္ရွင္းသပ္ရပ္တဲ့ သတို႔သားတစ္ဦးျဖစ္ဖို႔အတြက္ သတို႔သားဝတ္စုံကိုဂ႐ုစိုက္ဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ မဂၤလာပြဲကိုတင့္တယ္ခမ္းနားေစမယ့္

သပ္ရပ္ခန႔္ညားတဲ့အေနာက္တိုင္းသတို႔သားဝတ္စုံ(၃)မ်ိဳးကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁) ျပန္လည္အသုံးျပဳလို႔ရတဲ့ဝတ္စုံ

ျပန္လည္အသုံးျပဳလို႔ရတဲ့ဝတ္စုံဆိုတာ မဂၤလာပြဲၿပီးတဲ့အခါမွာလည္း အလုပ္သြားတဲ့အခါျဖစ္ျဖစ္၊ အျခားပြဲလမ္းသဘင္ေတြသြားတဲ့အခါျဖစ္ျဖစ္

ဝတ္ဆင္လို႔ရတဲ့ဝတ္စုံကိုဆိုလိုတာပါ။ ဒီလိုဝတ္စုံမ်ိဳးကို ဘယ္လိုမဂၤလာေဆာင္အမ်ိဳးအစားမွာပဲျဖစ္ျဖစ္ဝတ္ဆင္လို႔ရပါတယ္။

မဂၤလာညစာစားပြဲ၊ ေန႔လည္ပိုင္းမဂၤလာပြဲ၊ Indoor Outdoor သာမက ပူတဲ့ရာသီပဲျဖစ္ျဖစ္ ေအးတဲ့ရာသီပဲျဖစ္ျဖစ္ဝတ္ဆင္လို႔ရပါတယ္။

ျပန္လည္အသုံးျပဳလို႔ရတဲ့ဝတ္စုံရဲ႕သေဘာသဘာဝကေတာ့ အလြန္အမင္းေျပာင္လက္ေနျခင္းမရွိပါဘူး။ အေၾကာင္းေၾကာင္းေၾကာင့္

အေပၚ ကုတ္အက်ႌကိုခြၽတ္တဲ့အခါမွာ ၾကည့္ေကာင္းေနေစဖို႔အတြက္ ကုတ္ေအာက္ခံကိုယ္က်ပ္အက်ႌတစ္ထည္ကိုေတာ့ဝတ္ဆင္ဖို႔လိုပါတယ္။

ၿပီးေတာ့သင္ဟာ ဒီဝတ္စုံကိုျပန္လည္အသုံးျပဳမွာျဖစ္တဲ့အတြက္ ဝတ္စုံခ်ဳပ္သမားဆီအပ္တဲ့ေနရာမွာ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အေရာင္မ်ိဳး၊

ပြဲလမ္းသဘင္ေတာ္ေတာ္မ်ားမ်ားမွာဝတ္ဆင္လို႔အဆင္ေျပႏိုင္မယ့္အေရာင္မ်ိဳးကိုေ႐ြးခ်ယ္အပ္ႏွံဖို႔လိုပါတယ္။

(၂) ေပါ့ေပါ့ပါးပါး ထသြားထလာဝတ္စုံ

ဒီလိုဝတ္စုံမ်ိဳးကိုေတာ့ ပင္လယ္ကမ္းေျခမွာျပဳလုပ္မယ့္မဂၤလာပြဲ၊ ပန္းၿခံလိုေနရာမ်ိဳးမွာျပဳလုပ္မယ့္မဂၤလာပြဲမ်ိဳးေတြမွာ အဝတ္မ်ားပါတယ္။

အရမ္းကိုသမား႐ိုးက်ဆန္တဲ့ မဂၤလာပြဲဝတ္စုံမ်ိဳးကိုမဝတ္ဆင္ခ်င္တဲ့သတို႔သားေတြအတြက္ေတာ့ ဒီလိုထသြားထလာပုံစံဝတ္စုံေလးက

အျမင္တစ္မ်ိဳးဆန္းသစ္ေစပါတယ္။ ပင္လယ္ကမ္းေျခတို႔ ပန္းၿခံတို႔လိုေနရာမ်ိဳးမွာျပဳလုပ္မယ့္မဂၤလာပြဲျဖစ္တဲ့အတြက္

ဝတ္စုံအေရာင္ေ႐ြးခ်ယ္ရာမွာလည္း နက္ျပာေရာင္တို႔ အမဲေရာင္တို႔လို အေရာင္ရင့္ေတြကိုမေ႐ြးခ်ယ္သင့္ပါဘူး။

အျဖဴေရာင္၊ ႏို႔ႏွစ္ေရာင္၊ နံ႔သာေရာင္၊ အျပာႏုေရာင္တို႔ကိုသာေ႐ြးခ်ယ္သင့္ပါတယ္။ ပူအိုက္တဲ့ရာသီဥတုမ်ိဳးမွာဆိုရင္ေတာ့

ကုတ္အက်ႌေအာက္ခံတဲ့ ကိုယ္က်ပ္အက်ႌနဲ႔ စတိုင္ပင္အရွည္တို႔ကိုသာ ဝတ္ဆင္ၾကေလ့ရွိပါတယ္။ ဒီလိုဝတ္စုံအမ်ိဳးအစားကေတာ့

ခ်ဳပ္ၿပီးသားဝယ္ဝတ္ဖို႔အဆင္မေျပပါဘူး။ အက်ႌခ်ဳပ္ဆိုင္ကိုအပ္ၿပီးခ်ဳပ္ဝတ္မွသာ ကိုယ္လိုခ်င္တဲ့ အက်ႌအသား၊ ကိုယ္လိုခ်င္တဲ့ဒီဇိုင္း

ကိုယ့္ခႏၶာကိုယ္နဲ႔ေလ်ာ္ညီမယ့္ ကုတ္အက်ႌ၊ ေအာက္ခံကိုယ္က်ပ္အက်ႌ၊ စတိုင္ပင္တို႔ကို ရရွိမွာျဖစ္ပါတယ္။

(၃) သမား႐ိုးက္ မဂလၤာ၀တ္စံု

ဒီလိုဝတ္စုံမ်ိဳးကေတာ့ မဂၤလာပြဲေတြမွာအဝတ္အမ်ားဆုံးလို႔ေျပာလို႔ရၿပီး မ်ားေသာအားျဖင့္ ေန႔လည္ေန႔ခင္းျပဳလုပ္တဲ့ Indoor

မဂၤလာပြဲေတြမွာအဝတ္မ်ားၾကပါတယ္။ သမား႐ိုးက်မဂၤလာဝတ္စုံျဖစ္တဲ့အတြက္ တစ္ခါဝတ္အမ်ိဳးအစားျဖစ္ၿပီး အလုပ္သြားတဲ့အခ်ိန္တို႔

ပြဲလမ္းသဘင္တို႔မွာဝတ္လို႔အဆင္မေျပတဲ့ဝတ္စုံမ်ိဳးပါ။ ဒီလိုဝတ္စုံအမ်ိဳးအစားအတြက္ အေရာင္ေ႐ြးခ်ယ္ရာမွာေတာ့ အေရာင္ရင့္ေတြျဖစ္တဲ့

မီးခိုးေရာင္ရင့္တို႔ အျပာရင့္ေရာင္တို႔ကိုမ်ားေသာအားျဖင့္ေ႐ြးခ်ယ္ၾကေလ့ရွိပါတယ္။ သမား႐ိုးက်မဂၤလာဝတ္စုံကို ခ်ဳပ္ၿပီးသားဝယ္ဝတ္လို႔ရေပမယ့္

ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားေပၚလိုက္ၿပီး ခ်ဳပ္ဝတ္တာကေတာ့ ဝတ္ရတာပိုၿပီးအဆင္ေျပေစပါတယ္။

အထည္ခ်ဳပ္လုပ္ငန္းသုံးပစၥည္းဆုိင္ ၇၆ ဆုိင္ကိုရွာရန္ႏွိပ္ပါ။

 

Myanmar Textile and Garment Directory

Read 1229 times
Rate this item
(0 votes)
Tagged under