What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကိုဝသယောင်ဖြစ်စေတဲ့ အဝတ်အစားများ

သင့်ကိုဝသယောင်ဖြစ်စေတဲ့ အဝတ်အစားများ google

ဒီနေ့မှာတော့ Textile ပရိတ်သတ်ကြီးတဲ့အတွက် ဝတ်ဆင်လိုက်တဲ့ အခါမှာ ခန္ဓာကိုယ်ကို ပိုပြီး ဝဖြိုးသယောင်


ဖြစ်စေသော ဖက်ရှင်အမှားများကို ဖော်ပြပေးချင်ပါတယ်။

အင်္ကျ ီ အပွနှင့် စကတ်အကား များဝတ်ဆင်ခြင်း

မိန်းကလေးတွေအနေနဲ့ အပေါ် အင်္ကျ ီ ပွပွတွေကို စကတ်ကားကားကြီးတွေ နဲ့ ဝတ်ဆင်တဲ့ အခါမှ ခန္ဓာကိုယ် ကို ပိုဝ တဲ့ ပုံပေါက်ပါတယ်။ အပေါ်ရောအောက်ပါ ပွပွကြီးတွေဝတ်ဆင်မှုဟာ အများအမြင်မှာလည်း ကြည့်ရဆိုစေပါတယ်။

အလျားလိုက်အစင်းတွေပါတဲ့ ဘောင်းဘီများဝတ်ဆင်ခြင်း

အင်္ကျီ ကို ရိုးရိုးရှင်းရှင်းပြောင်လေးတွေ ဝတ်ဆင်ပြီး အောက်ပိုင်းဘောင်းဘီ (သို့မဟုတ် ) ဂါဝန် တွေကို အလျားလိုက်အစင်း တွေပါတဲ့ ပုံစံတွေကို ဝတ်ဆင်မယ်ဆိုရင်တော့ သင်ရဲ့ အောက်ပိုင်းကို ပိုဝစေပါတယ်။


အလျားလိုက်အစင်းတွေပါတဲ့ ဘောင်းဘီ၊ ဂါဝန် စတဲ့ အဝတ်အစားတွေဟာ ခန္ဓာကိုယ်ကို ပိုကားသယောင်ဖြစ်စေပါတယ်။ အပေါ်ပိုင်းကို ရိုးရှင်းတဲ့ တီရှပ်၊ ရှပ်အင်္ကျ ီ လေးတွေဝတ်ဆင် မယ်ဆိုရင် ဘောင်းဘီ ၊ စကတ် ၊ ဂါဝန် တွေကိုရိုးရိုးရှင်းရှင်

း ပြောင် ပုံစံလေးတွေပဲ ဝတ်ဆင်သင့်ပါတယ်။

အတွန့်အဖတ်လေးတွေပါတဲ့အင်္ကျီများရွေးချယ် ဝတ်ဆင်ခြင်

အတွန့်အဖတ်တွေပါတဲ့ အင်္ကျီတွေကသင့်ကို ပိုပြီ အမြင်ဆန်းအောင် ပြုလုပ်ပေးသော်လည်း တကယ်တမ်းမှာတော့ သင့်ကိုပို ဝစေပါတယ်။ အတွန့်အဖတ်ပါတဲ့ အင်္ကျီတိုင်းတော့ မဟုတ်ပါဘူး။


အတွန့်အဖတ်တွေလိုတာထက်ပိုပြီးပါတဲ့ အင်္ကျီ မျိုးကိုဆိုလို ခြင်းဖြစ်ပါတယ်။

အပွင့်အဖတ်အဆင်တွေပါတဲ့ ဂါဝန် တွေကို ကြိုးသိုင်းဖိနပ်များနဲ့ တွဲစပ်ဝတ်ဆင်ခြင်း

အပွင့်အဖတ်တွေပါတဲ့ဂါဝန် တွေဟာ ဒေါက်ဖိနပ်၊ ဖိနပ်အပါးစတာတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။


ကြိုးသိုင်းဖိနပ်တွေနဲ့ ဝတ်ဆင်တဲ့ အခါမှာ သင့် ခန္ဓာကိုယ်ကို ပြည့်ပြည့် ကြီးဖြစ်စေပါတယ်။


ဒါကြောင့်သင့်အနေနဲ့ အပွင့်အဖတ်အဆင်တွေပါတဲ့ ဂါဝန်တွေကိုဝတ်ဆင်တော့မယ် ဆိုရင် ရိုးရိုးရှင်းရှင်း ဖိနပ်ပုံစံတွေကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ပခုံးအလွန်ကျယ်တဲ့ အင်္ကျီတွေကိုဝတ်ဆင်ခြင်း

ပခုံးအလွန်ကျယ်တဲ့ အင်္ကျီတွေကို ဝတ်ဆင်လိုက်တဲ့ အခါပခုံးပြင်နဂိုထက် ပိုပြီးကြီးသယောင်ဖြစ်စေပါတယ်။


ပခုံးပြင်အလွန်ကျယ် ခြင်းဟာ သင့်ကိုပိုဝစေသယောင်ဖြစ်စေပါတယ်။ ဒါကြောင့် ပခုံးပြင်အလွန်ကျယ်တဲ့ အင်္ကျီတွေဝတ်ဆင်ခြင်းကို ဆင်ခြင်သင့်ပါတယ်။

လိုင်းအစင်းကြီးတွေပါတဲ့ ဂါဝန်များကိုဝတ်ဆင်ခြင်း

ခန္ဓာကိုယ်ပြည့်တဲ့သူတွေအနေနဲ့ လိုင်းအစင်းကြီးတွေပါတဲ့ ဂါဝန်တွေကိုဝတ်ဆင်မဲ့ အစား အပေါ်အောက်တစ်ဆက် တည်းဂါဝန်ရှည် လေးတွေကို ခါးပတ်အကြီးကြီးတွေနဲ့ တွဲပြီးဝတ်ဆင်သင့်ပါတယ်။


လိုင်းအစင်းကြီးတွေပါတဲ့ဂါဝန်တွေကိုသာ ခါးပတ်မပါပဲဝတ်ဆင်မယ်ဆိုရင် ပွပွကြီး သင့်ကိုဝသယောင်ဖြစ်စေပါတယ်။

အလွန်တောက်သော အရောင်များဝတ်ဆင်ခြင်း

ခန္ဓာကိုယ် ပြည့်တဲ့သူတွေအနေနဲ့ အရောင်အလွန်တောက်တဲ့ အဝတ်အစားတွေကိုဝတ်ဆင်တာထက်


အမဲရောင်၊ နီညိုရောင် ၊ မီးခိုးရောင်စတဲ့ မှိန်တဲ့ အရောင်တွေကို ပိုပြီးရွေးချယ်ဝတ်ဆင်သင့်ပါတယ်။


အရောင်တောက်တောက်ကြီးတွေကိုသင့်ကို ပိုပြီး ခန္ဓကိုယ်ဖွံ့ဖြိုးသယောင် ဖြစ်စေပါတယ်။


ခန္ဓာကိုယ်နဲ့ အတိအကျမရှိတဲ့ ဂျင်းဘောင်းဘီများဝတ်ဆင်ခြင်း

ဂျင်းဘောင်းဘီဆိုတာက မည်သူမဆို ကိုယ်နဲ့ ကွက်တိဖြစ်နေတာမျိုးကို ဝတ်ဆင်မှသာ ကြည့်ကောင်းတာဖြစ်ပါတယ်။ ပွပွကြီးတွေကိုသာ ဝတ်ဆင်မိမယ်ဆိုရင် သင့်ကိုပိုပြီးဝသယောင်ဖြစ်စေမှာပါ။


ဒါကြောင့် ဂျင်းဘောင်းဘီ ဝတ်ဆင်တော့မယ်ဆိုရင် ကိုယ်နဲ့ Fit ဖြစ်နေတာကိုသာရွေးချယ်သင့်ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 


 

 mistake1

 



 


 

 mistake2

 




 

အတွန့်အဖတ်လေးတွေပါတဲ့အင်္ကျီများရွေးချယ် ဝတ်ဆင်ခြင်း

 

mistake3 



 


 

 mistake4




 


 

 mistake5



 


 mistake6



 


 

 mistake7




 

 

 


 

 mistake8



 

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 4046 times
Rate this item
(0 votes)
Tagged under