စက်ချုပ်ခါစ စက်ချုပ်မမတွေအတွက် ကိုယ်တိုင်းတဲ့နေရာမှာ ဘယ်လိုသေချာတိုင်းရမယ်ဆိုတာ textile ကနေ ပြောပြပေးချင်ပါတယ်နော်
ရှေ့လည်ပင်း လူဧ။်အရိုးနှစ်ခုလာဆုံနေတာရှိပါသည်။ ထိုအရိုးနှစ်ခု အလယ်ကို အမြှီပုပြီး ခါးသို့တိုင်းပါ
နောက်လည်ပင်းမှာ လည်ပင်းရဲ့အဆုံး အရိုးဖုရှိပါသည်။ထိုအရိုးဖုကို အမြှီပုပြီး ခါးသို့တိုင်းပါ။
ရှေ့ရင်အုပ်သည် လက်ဧ။်အဆုံးနေရာကို ပုံအတိုင်းအမြှီပုပြီးတိုင်းပါ။
နောက်ခြမ်းလဲထပ်တူ လက်ဧ။်အဆုံးကို အမြှီပုပြီးတိုင်းပါ
ရင်သားနဲ့လည်ပင်းအရှည်သည် မိမိဧ။်ရင်သား အထိပ်လေးကို အမြှီပုပြီး အပေါ်မှ ရှေ့လည်ပင်းဧ။် အရိုးနှစ်ခုဆုံသောနေရာသို့တိုင်းပါ
ရင်အုံအကျယ်သည် မိမိဧ။်ရင်သားနှစ်ခုရဲ့ ထိပ်လေးကိုအမြှီပု ညီအောင်တိုင်းပါ
လည်ပင်းအကျယ်ကို တိုင်းယူသောအခါ နောက်လည်ပင်းဧ။်အဆုံး ရှေ့လည်ပင်းဧ။်အဆုံးမှာ ရှိတဲ့ အရိုးအဖုတွေကို အမြှီပုပြီး မိမိဧ။်လည်ပင်းအကျယ်တိုင်းပါ၊ ပတ်ပတ်လည်ပေါ့
ဤနေရာကိုတိုင်းယူသောအခါ ရှေ့ခြမ်းမှ ရင်သားဧ။်ထိပ်လေးကို အမြှီပုပြီး နောက်ခြမ်းသို့ ပတ်ပတ်လည်တိုင်းပါ
Related Item >>> ချစ်စရာ ကောင်းသော ဂါဝန်ပုံစံများ
အနီရောင်နေရာကို တိုင်းယူသောအခါ မိမိဧ။်ရင်သားအဆုံးနေရာကို အမြှီပုပြီး နောက်ခြမ်းနဲ့တကွ ပတ်ပတ်လည်တိုင်းပါ
ခါးကိုတိုင်းယူသောအခါ မိမိဧ။်ဗိုက်အဆုံးနဲ့ တင်အစနေရာကိုတိုင်းပါ
ခါးမှအောက်သို့ 10cmကွာထားပြီး ထိုနေရာကိုအမြှီပုပြီး ပတ်ပတ်လည်တိုင်းပါ
ခါးမှတင်သို့20cmကွာထားပြီး တင်ကို ပတ်ပတ်လည်တိုင်းပါ
ပခုံးကိုတိုင်းယူသောအခါ လက်နဲ့ပခုံးအဆုံးမှာ အရိုးဖုရှိပါသည်၊ထိုအရိုးဖုကို အမြှီပုပြီး ပခုံးတိုင်းပါ
Source: မြတ်မင်းခန့်
Myanmar Textile and Garment Directory