What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သီရိလင်္ကာနိုင်ငံရှိ ပူတာအိုခရိုင်တွင် အထည်ချုပ်စက်ရုံသစ် ဖွင့်လှစ်

သမ္မတ Gotabaya Rajapaksa ၏“ Gama Samaga Wedapola” ( ကျေးရွာအတွင်းရှိလုပ်ငန်းခွင်) အစီအစဉ်အရ သီရိလင်္ကာနိုင်ငံ၊ Puttalam ခရိုင်တွင် လူငယ် ၄၀၀ ကျော်ကို လေ့ကျင့်သင်ကြားရန် အထည်ချုပ်စက်ရုံကို ဇန်နဝါရီလ ၁ ရက်နေ့ Puttalam ရှိ Karamba တွင် ဖွင့်လှစ်လိုက်ပါတယ်။

၎င်းကို စီးပွားရေးပြန်လည်ရှင်သန်မှုနှင့်ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာသမ္မတလုပ်ငန်းအဖွဲ့က ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။

 

COVID-19 ဖြစ်ပွားမှုအပြီး သီရိလင်္ကာနိုင်ငံတွင် ပေါ်ပေါက်လာသောစိန်ခေါ်မှုများနှင့်အခွင့်အလမ်းများကို အထူးဂရုပြုပြီး စီးပွားရေးပြန် လည်ထူထောင်ရေးနှင့်ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းအဖွဲ့ကို ပြီးခဲ့သည့်နှစ် ဧပြီလတွင် တည်ထောင်ခဲ့တယ်လို့ ဆိုတယ်။

 

သီရိလင်္ကာနိုင်ငံ၏သတင်းစာတစ်ခုတွင် စက်ရုံတိုးချဲ့ရန်အတွက် ခရိုင်မှလူငယ် ၁၀၀၀ အထိ လက်ခံနိုင်တဲ့ နေရာရှိတယ်လို့ ဖော်ပြထားပါသေးတယ်။

 

By Myanmar Textile & Garment Guide

Ref: fibre2fashion.com

Read 1148 times
Rate this item
(0 votes)