What's new

×

Warning

JUser: :_load: Unable to load user with ID: 845


MSME လုပ်ငန်းများအတွက် လုပ်ငန်းခွင်အတွင်း COVID-19 ဘေးအန္တရာယ်ကာကွယ်ထိန်းချုပ်ရေး Online သင်တန်းဖွင့်လှစ်မည်

MSME လုပ်ငန်းများအတွက် လုပ်ငန်းခွင်အတွင်း COVID-19 ဘေးအန္တရာယ်ကာကွယ်ထိန်းချုပ်ရေး ( Covid -19 ,Safety for MSME )Online သင်တန်း စတုတ္ထကြိမ်ဖွင့်လှစ်မည် ဖြစ်သည်။

 

အဆိုပါသင်တန်းကို COVID-19 ကာလအတွင်း၌ မိမိလုပ်ငန်းအတွင်း COVD- 19 ဘေးအန္တရာယ်ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်မျာအကောင်အထည်ဖော်ရန် စီမံဆောင်ရွက်မှုများကို ရှင်းလင်းစွာ သိရှိပြီး ဘေးကင်းလုံခြုံသည့် လုပ်ငန်းခွင်ကို အကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်သည်။

 

သင်တန်းအားလုံခြုံစိတ်ချသည့်လုပ်ငန်းခွင်ကို ဖန်တီးခြင်းဖြင့် လုပ်ငန်းများဆက်လက်လည်ပတ်နိုင်ပြီးမိမိ ဖောက်သည်နှင့် ဝန်ထမ်းများ၏ ယုံကြည်မှုကိုရရှိစေရန် အတွက် ILO မှ WHO နဲ့ ကျန်းမာရေးဝန်ကြီး ဌာန Guide line များတိုင်းပြုစုထားနိုင်မည်ဖြစ်ပြီးသင်တန်းပြီးဆုံးသည့်နောက်တွင် မိမိလုပ်ငန်းခွင်ရှိ အလုပ်သမားနှင့် Customer ယုံကြည်စိတ်ချစေမည့်လုပ်ငန်းခွင် အတွင်း အကောင်အထည်ဖော်မည့် COVID -19 Safety Plan ကို ဖော်ထုတ်နိုင်မည်။

 

၎င်းသင်တန်းသည် လေ့လာမှုအတွက်သာမကပဲ Covid -19နှင့်ပတ်သက်သည့် ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များကို case study များ အုပ်စု လိုက်ဆွေးနွေးခြင်း၊ အုပ်စုလိုက်လုပ်ဆောင်ခြင်းတို့ပါဝင်မည်ဖြစ်သဖြင့် ပိုမို ကောင်းမွန်သည့် အစီအစဉ်များကိုလည်းဖော်ထုတ်ရရှိမည်ဖြစ်သည်။

 

Zoom application တစ်ခါမှ မသုံးဘူးသေးသူများအတွက်လဲ သင်တန်းမစတင်ခင် အသုံးပြုတတ်အောင် သင်ပေးသွားမည်ဖြစ်ပြီး သင်တန်းအတွင်း "စီးပွားရေးလုပ်ငန်းအတွက် COVID-19 OSH ဘာကြောင့် အရေးကြီးတာလဲ" ၊ "COVID-19 ကာလအတွင်း ကြုံတွေ့ရမည့် လုပ်ငန်းခွင် ထိခိုက်နိုင်ခြေများ" ၊ "COVID-19 ထိန်းချုပ်ရေး အစီအစဉ်များ"( ဂျပန်နိုင်ငံရှိ SME လုပ် ငန်းများမှ COVID-19 ထိန်းချုပ်ရေး ) ၊ "COVID-19 ကာကွယ်ထိန်းချုပ်ရေးကို အကောင်အထည်ဖော်နိုင်မည့် အစီအမံများ" ကိုလေ့လာနိုင်မည်ဖြစ်သည်။

 

သင်တန်းကြေးအခမဲ့ဖြစ်ပြီးRegistration: ၁၀,၀၀၀ ကျပ်/ person (သင်ကြားရန်လိုအပ်သည့် facilities များ အတွက်) သင်တန်းပြီးမြောက်ပါက ILO နှင့် MSME ဌာန အသိအမှတ်ပြု Electronic-Certificate ပေးအပ်သွားမည်ဖြစ်သည်။

 

သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပါက ဖုန်း ၀၉−၇၉၈၂၉၀၈၀၂သို့ဆက်သွယ်၍ Registration Fee ပေးသွင်းနိုင်ပြီး သင်တန်းအားအောက်တိုဘာ (၁၇,၁၈,၁၉)ရက် ညနေ ၅:၃၀ နာရီမှ ၈:၃၀ အထိ ည Online Zoom Meetingဖြင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read 835 times
Rate this item
(0 votes)