What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်တိုင်း ကျား/မ (ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း )

အဝတ်အစား မချုပ်ခင်မှာ ပက်တန်ကို အရင် လိုအပ်တယ်။

ဉာဏ်ကွန့်မြူးထားတဲ့ ဒီဇိုင်းစိတ်ကူးတစ်ခုကို အကောင်အထည်ဖော်တာပဲ ဖြစ်ဖြစ် ချုပ်ပြီးသား အဝတ်အစားကို ပုံတူကူးချတာပဲဖြစ်ဖြစ် အထည်သားကို ဖြန့်ခင်းပြီး ဖြတ်တောက်ဖို့အတွက် စီစဉ်ရတဲ့အခါ ဖြတ်မယ့် လမ်းကြောင်းအရာတွေ ချဖို့ ပက်တန်ကို သုံးကြတယ်။ အသင့်လုပ်ပြီးသား ပက်တန်တွေ ထုတ်လုပ် ရောင်းချတာတွေ ရှိတယ်။ အွန်လိုင်းကနေ ကပ်တန်တွေ ဒေါင်းယူလို့ ရတဲ့နေရာတွေလည်း ရှိတယ်။ အခမဲ့ပေးဝေတာ ရှိသလို အခကြေးနဲ့မှ ဒေါင်းယူလို့ရတာလည်း ရှိတယ်။
အဲဒီ ပက်တန်ကို လိုအပ်တဲ့ နေရာတွေမှာ လိုတိုးပိုလျှော့လုပ်ပြီး အဝတ်အစားဝတ်ဆင်မယ့်သူ တစ်ဦးချင်းရဲ့ ကိုယ်ခန္ဓာ အရွယ်အစားနဲ့ ကိုက်ညီအောင် ပြန်ပြင်ပြီး ပက်တန် ရေးဆွဲကြတယ်။ အဲဒီအတွက် ဝတ်ဆင်မယ့်သူရဲ့ ကိုယ်ခန္ဓာကို တိုင်းတာကြတယ်။ အဲဒီအခါမှာ နည်းလမ်းတကျ တိုင်းတာကြရတယ်။

ကိုယ်ခန္ဓာတစ်ခုအတွက် တိုင်းတာနည်း အမျိုးမျိုးကို ဖော်ပြပေးပါမယ်။


Fit အံကိုက်ဖြစ်အောင် ချုပ်လုပ်ပေးနိုင်ဖို့ ပေကြိုးနဲ့ တိုင်းတဲ့အခါ အတိုင်းခံမယ့်သူမှာ အတွင်းခံတွေ ဝတ်ဆင်ထားရင် ခပ်ပါးပါးဟာမျိုး ဝတ်ဖို့ ပြောထားရမယ်။ ဘာအတွင်းခံမှ မဝတ်ဘဲ တိုင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အပေါ်မှာ ဝတ်ထားတာတွေကလည်း ကိုယ်ခန္ဓာအချိုးအစားနဲ့ အကိုက်ဖြစ်တာမျိုးဆိုရင် အတိုင်းထက် အလွန် အကောင်းဆုံးပေါ့။
နောက်တစ်ချက် သတိပြုမိဖို့က အတိုင်းခံရတဲ့သူဟာ သာမန်အချိန်တွေမှာ နေလေ့နေထရှိတဲ့ ကိုယ်နေဟန်ထားဖြင့် ရှိနေဖို့ ဖြစ်ပါတယ်။ ဒီတော့ ပေတိုင်းရင် ကိုယ်လုံပေါ် မှန်ရှေ့မှာ မရပ်ခိုင်းပါနဲ့။ လူ့သဘာဝက ကိုယ်လုံးပေါ်မှန်ထဲ ကိုယ့်ကိုယ်ကိုယ် မြင်ရတဲ့အခါ ကြည့်ကောင်းအောင် ကိုယ်နေဟန်ထားကို အလိုလို ပြင်ပြီးသား ဖြစ်သွားတယ်။ ခါးမတ်လိုက်မယ်။ လက်ပြင်ကုန်းနေတာ မကုန်းအောင် အနေအထား ပြင်လိုက်မယ်။ ဗိုက်ပူနေတာ မှန်ထဲက ပုံရိပ်မှာ သတိမူမိရင် ဗိုက်ကို ရှပ်လိုက်မယ်။ ဒီတော့ ပေကြိုးနဲ့ တိုင်းမယ်ဆိုရင် ကိုယ်လုံးပေါ် မှန်ရှေ့မှာ မရပ်ခိုင်းလိုက်ပါနဲ့။ ရောက်တတ်ရာရာ စကားပြောဆိုပေးရင်း တိုင်းတာပါ။ သူ့စိတ်က တိုင်းတာထဲဆီမှာ အာရုံရောက်လွန်းရင်လည်း ကိုယ်နေဟန်ထားတွေ ပြင်လိုက်မိတတ်တယ်။ သူ့ဘာသာသူ သတိမူမိမှာတော့ မဟုတ်ဘူး။ အလိုလို ပြင်ပြီးသား ဖြစ်သွားမယ်။
ခါးမတ်လိုက်တာမျိုးလည်း ပြုမူတတ်တယ်။ အဲဒီလိုတွေ ဖြစ်နေရင် ပုံမှန်အနေအထားမှာ ရှိနေမယ့် ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန်ကို မရတတ်တော့ဘူး။ လွဲချော်နေတဲ့ ကိုယ်တိုင်းတွေ ရကုန်လိမ့်မယ်။

01 body height

02 waist

033 Bust Chest

 

04 HIP

 

 

05 NECK WAIST

06WAIST hip

07 Indside leg

08 arm length

08 skirt length

 အခုလို တိုင်းတာတာတေါ။ တင်းတင်းကျပ်ကျပ် တိုင်းလို့ မဖြစ်ဘူး။ လျော့တိလျော့ရဲ ဖြစ်လွန်းလို့လည်း မရပြန်ဘူး။ တိုင်းတာထားတာတွေဟာ အဝတ်အစား ဝတ်ဆင်တဲ့အခါ သက်သောင့်သက်သာဖြင့် အဆင်ပြေစေဖို့ အပိုဆောင်း ထည့်ပေးရတဲ့ EASE မပါရဘူး။ EASE ကို ပက်တန် ချဆွဲတဲ့အခါကျမှ ထည့်သွင်းပေးကြရတာ ဖြစ်ပါတယ်။ စစချင်းအဆင့်မှာ သုံးတဲ့ ပက်တန်ကို block လို့ ခေါ်ကြပြီး အဲဒီ ဘလောက်ပုံကြမ်းမှာ EASE ကို ဖြည့်ထည့်ပေးလိုက်ကြပါတယ်။

အ၀တ္အစား မခ်ဳပ္ခင္မွာ ပက္တန္ကုိ အရင္ လုိအပ္တယ္။

ဉာဏ္ကြန္႔ျမဴးထားတဲ့ ဒီဇုိင္းစိတ္ကူးတစ္ခုကုိ အေကာင္အထည္ေဖာ္တာပဲ ျဖစ္ျဖစ္ ခ်ုပ္ၿပီးသား အ၀တ္အစားကုိ ပုံတူကူးခ်တာပဲျဖစ္ျဖစ္ အထည္သားကုိ ျဖန္႔ခင္းၿပီး ျဖတ္ေတာက္ဖုိ႔အတြက္ စီစဥ္ရတဲ့အခါ ျဖတ္မယ့္ လမ္းေၾကာင္းအရာေတြ ခ်ဖုိ႔ ပက္တန္ကုိ သုံးၾကတယ္။ အသင့္လုပ္ၿပီးသား ပက္တန္ေတြ ထုတ္လုပ္ ေရာင္းခ်တာေတြ ရွိတယ္။ အြန္လုိင္းကေန ကပ္တန္ေတြ ေဒါင္းယူလုိ႔ ရတဲ့ေနရာေတြလည္း ရွိတယ္။ အခမဲ့ေပးေ၀တာ ရွိသလုိ အခေၾကးနဲ႔မွ ေဒါင္းယူလုိ႔ရတာလည္း ရွိတယ္။ 

အဲဒီ ပက္တန္ကုိ လုိအပ္တဲ့ ေနရာေတြမွာ လုိတုိးပုိေလွ်ာ့လုပ္ၿပီး အ၀တ္အစား၀တ္ဆင္မယ့္သူ တစ္ဦးခ်င္းရဲ႕ ကုိယ္ခႏၶာ အရြယ္အစားနဲ႔ ကုိက္ညီေအာင္ ျပန္ျပင္ၿပီး ပက္တန္ ေရးဆြဲၾကတယ္။ အဲဒီအတြက္ ၀တ္ဆင္မယ့္သူရဲ႕ ကုိယ္ခႏၶာကုိ တုိင္းတာၾကတယ္။ အဲဒီအခါမွာ နည္းလမ္းတက် တုိင္းတာၾကရတယ္။

ကုိယ္ခႏၶာတစ္ခုအတြက္ တုိင္းတာနည္း အမ်ဳိးမ်ဳိးကုိ ေဖာ္ျပေပးခဲ့ဖူးပါတယ္။


Fit အံကုိက္ျဖစ္ေအာင္ ခ်ဳပ္လုပ္ေပးႏုိင္ဖုိ႔ ေပႀကိဳးနဲ႔ တုိင္းတဲ့အခါ အတုိင္းခံမယ့္သူမွာ အတြင္းခံေတြ ၀တ္ဆင္ထားရင္ ခပ္ပါးပါးဟာမ်ဳိး ၀တ္ဖုိ႔ ေျပာထားရမယ္။ ဘာအတြင္းခံမွ မ၀တ္ဘဲ တုိင္းႏုိင္ရင္ေတာ့ အေကာင္းဆုံးေပါ့။ အေပၚမွာ ၀တ္ထားတာေတြကလည္း ကုိယ္ခႏၶာအခ်ဳိးအစားနဲ႔ အကုိက္ျဖစ္တာမ်ဳိးဆုိရင္ အတုိင္းထက္ အလြန္ အေကာင္းဆုံးေပါ့။ 
ေနာက္တစ္ခ်က္ သတိျပဳမိဖုိ႔က အတုိင္းခံရတဲ့သူဟာ သာမန္အခ်ိန္ေတြမွာ ေနေလ့ေနထရွိတ့ဲ ကုိယ္ေနဟန္ထားျဖင့္ ရွိေနဖုိ႔ ျဖစ္ပါတယ္။ ဒီေတာ့ ေပတုိင္းရင္ ကုိယ္လုံေပၚ မွန္ေရွ႕မွာ မရပ္ခုိင္းပါနဲ႔။ လူ႔သဘာ၀က ကုိယ္လုံးေပၚမွန္ထဲ ကုိယ့္ကုိယ္ကုိယ္ ျမင္ရတဲ့အခါ ၾကည့္ေကာင္းေအာင္ ကုိယ္ေနဟန္ထားကုိ အလုိလုိ ျပင္ၿပီးသား ျဖစ္သြားတယ္။ ခါးမတ္လုိက္မယ္။ လက္ျပင္ကုန္းေနတာ မကုန္းေအာင္ အေနအထား ျပင္လုိက္မယ္။ ဗုိက္ပူေနတာ မွန္ထဲက ပုံရိပ္မွာ သတိမူမိရင္ ဗုိက္ကုိ ရွပ္လုိက္မယ္။ ဒီေတာ့ ေပႀကိဳးနဲ႔ တုိင္းမယ္ဆုိရင္ ကုိယ္လုံးေပၚ မွန္ေရွ႕မွာ မရပ္ခုိင္းလုိက္ပါနဲ႔။ ေရာက္တတ္ရာရာ စကားေျပာဆုိေပးရင္း တုိင္းတာပါ။ သူ႕စိတ္က တုိင္းတာထဲဆီမွာ အာ႐ုံေရာက္လြန္းရင္လည္း ကုိယ္ေနဟန္ထားေတြ ျပင္လုိက္မိတတ္တယ္။ သူ႔ဘာသာသူ သတိမူမိမွာေတာ့ မဟုတ္ဘူး။ အလုိလုိ ျပင္ၿပီးသား ျဖစ္သြားမယ္။ 
ခါးမတ္လုိက္တာမ်ဳိးလည္း ျပဳမူတတ္တယ္။ အဲဒီလုိေတြ ျဖစ္ေနရင္ ပုံမွန္အေနအထားမွာ ရွိေနမယ့္ ကုိယ္ခႏၶာ ပုံပန္းသဏၭာန္ကုိ မရတတ္ေတာ့ဘူး။ လြဲေခ်ာ္ေနတဲ့ ကုိယ္တုိင္းေတြ ရကုန္လိမ့္မယ္။


အခုလုိ တုိင္းတာတာေတါ။ တင္းတင္းက်ပ္က်ပ္ တုိင္းလုိ႔ မျဖစ္ဘူး။ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္လြန္းလုိ႔လည္း မရျပန္ဘူး။ တုိင္းတာထားတာေတြဟာ အ၀တ္အစား ၀တ္ဆင္တဲ့အခါ သက္ေသာင့္သက္သာျဖင့္ အဆင္ေျပေစဖုိ႔ အပုိေဆာင္း ထည့္ေပးရတဲ့ EASE မပါရဘူး။ EASE ကုိ ပက္တန္ ခ်ဆြဲတဲ့အခါက်မွ ထည့္သြင္းေပးၾကရတာ ျဖစ္ပါတယ္။ စစခ်င္းအဆင့္မွာ သုံးတ့ဲ ပက္တန္ကုိ block လုိ႔ ေခၚၾကၿပီး အဲဒီ ဘေလာက္ပုံၾကမ္းမွာ EASE ကုိ ျဖည့္ထည့္ေပးလုိက္ၾကပါတယ္။ 

 

 

Read 2640 times
Rate this item
(0 votes)