What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချုပ်ရိုး စစ်ဆေးခြင်း (ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း)

အထည်သားကို လိုအပ်သလို ဖြတ်တောက်ပြီး ဆက်စပ်ချုပ်တွဲပေးကြရတဲ့အခါ

ချုပ်ရိုးမှာ ပြဿနာတွေ ရှိနေတတ်တယ်။ အဲဒီလို ပြဿနာတွေကြောင့် ဖက်ရှင်ဒီဇိုင်း ကောင်းပါလျက် ချုပ်ရိုးဖျက်လို့ ပျက်ရတတ်တယ်။ ချုပ်ရိုး တင်းအားမမှန်ကန်တာ၊ အပ်ကို အပ်ချုပ်စက်မှာ ဟန်ကျပန်ကျ ထပ်မထားတာ၊ အပ်ချည်ပြေးတဲ့ လမ်းကြောင်းမှာ စနစ်တကျ မထားပေးတာ၊ အောက်ချည် ထုတ်ပေးမယ့် ဘော့ဘင်ချည်ရစ်လုံးကို ကျကျနန ထည့်မထားမိတာ စတာတွေကြောင့် အပ်ချုပ်စက်က အရည်အသွေး ပြည့်ပြည့်၀၀ ချုပ်မပေးနိုင်တော့ဘူး။ ဓားစက်ဆိုရင်လည်း အလားတူပင် ဖြစ်နေလိမ့်မယ်။ ကိုယ်ချုပ်နေကျ အပ်ချုပ်စက် မဟုတ်ရင် စစချင်းမှာ ဘယ်ဟာတွေက ဘယ်လို လုပ်ပေးရမလဲဆိုတာ အရင်သင်ယူပြီးမှ အစမ်းချုပ်ကြည့်သင့်တယ်။

အကောင်းဆုံးကတော့ အရင်ဆုံး အစမ်းချုပ်ကြည့်တာကို အမြဲတစေ လုပ်ကိုင်ပေးတာ ဖြစ်ပါတယ်။
ချုပ်ရမယ့် အထည်သားတွေကို နမူနာ အပိုင်းအစတွေ ယူပြီး စက်နဲ့ ချုပ်ကြည့်ရမယ်။
အပ်ရွေးထားတာ မှန်ရဲ့လား၊ အပ်အရွယ်အစားက အိုကေရဲ့လား။ ချည်ကရော မှန်ရဲ့လား။ အထည်သား အမျိုးအစား၊ အထူးအပါးအလေးချိန်တို့နဲ့ ကိုက်ညီရဲ့လား ဆန်းစစ်ပါ။

အစမ်း နမူနာ ချုပ်ရင် အမြဲတစေ လုပ်သင့်တာက ချုပ်ရမယ့် အပိုင်းအစနှစ်ခုကို အတူတွဲပြီး ချုပ်ကြည့်မယ်။ အပ်ချည်တင်းအား အခြေအနေကို စိစစ်မယ်။ အပ်အမျိုးအစားက အဆင်ပြေမပြေ ချုပ်ရိုးကို ကြည့်ပြီး ဆန်းစစ်မယ်။ ချုပ်ရိုး အစိပ်အကြဲကိုလည်း စစ်ဆေးကြည့်မယ်။ အပေါ်ချည်နဲ့ အောက်ချည်တို့ ကွင်းလျှိုပြီး တုပ်နှောင်တဲ့နေရာတွေက အထည်သားနှစ်ခုရဲ့ ကြားနေရာမှာ ဟုတ်ရဲ့လား စစ်ဆေးမယ်။

 

1 correct thread

2 looset thread

3 bobbin thread

 

4 pucker thread

 

5 stretchr thread

 

6 skipping thread

 

7 loop

 

8 too loose thread

 

9 tension adjust

 

အထည္သားကုိ လုိအပ္သလုိ ျဖတ္ေတာက္ၿပီး ဆက္စပ္ခ်ဳပ္တြဲေပးၾကရတဲ့အခါ

ခ်ဳပ္႐ုိးမွာ ျပႆနာေတြ ရွိေနတတ္တယ္။ အဲဒီလုိ ျပႆနာေတြေၾကာင့္ ဖက္ရွင္ဒီဇုိင္း ေကာင္းပါလ်က္ ခ်ဳပ္႐ုိးဖ်က္လုိ႔ ပ်က္ရတတ္တယ္။ ခ်ဳပ္႐ုိး တင္းအားမမွန္ကန္တာ၊ အပ္ကုိ အပ္ခ်ဳပ္စက္မွာ ဟန္က်ပန္က် ထပ္မထားတာ၊ အပ္ခ်ည္ေျပးတဲ့ လမ္းေၾကာင္းမွာ စနစ္တက် မထားေပးတာ၊ ေအာက္ခ်ည္ ထုတ္ေပးမယ့္ ေဘာ့ဘင္ခ်ည္ရစ္လုံးကုိ က်က်နန ထည့္မထားမိတာ စတာေတြေၾကာင့္ အပ္ခ်ဳပ္စက္က အရည္အေသြး ျပည့္ျပည့္၀၀ ခ်ဳပ္မေပးႏုိင္ေတာ့ဘူး။ ဓားစက္ဆုိရင္လည္း အလားတူပင္ ျဖစ္ေနလိမ့္မယ္။ ကုိယ္ခ်ဳပ္ေနက် အပ္ခ်ဳပ္စက္ မဟုတ္ရင္ စစခ်င္းမွာ ဘယ္ဟာေတြက ဘယ္လုိ လုပ္ေပးရမလဲဆုိတာ အရင္သင္ယူၿပီးမွ အစမ္းခ်ဳပ္ၾကည့္သင့္တယ္။

အေကာင္းဆုံးကေတာ့ အရင္ဆုံး အစမ္းခ်ဳပ္ၾကည့္တာကုိ အၿမဲတေစ လုပ္ကုိင္ေပးတာ ျဖစ္ပါတယ္။
ခ်ဳပ္ရမယ့္ အထည္သားေတြကုိ နမူနာ အပုိင္းအစေတြ ယူၿပီး စက္နဲ႔ ခ်ဳပ္ၾကည့္ရမယ္။
အပ္ေရြးထားတာ မွန္ရဲ႕လား၊ အပ္အရြယ္အစားက အုိေကရဲ႕လား။ ခ်ည္ကေရာ မွန္ရဲ႕လား။ အထည္သား အမ်ဳိးအစား၊ အထူးအပါးအေလးခ်ိန္တုိ႔နဲ႔ ကုိက္ညီရဲ႕လား ဆန္းစစ္ပါ။

အစမ္း နမူနာ ခ်ဳပ္ရင္ အၿမဲတေစ လုပ္သင့္တာက ခ်ဳပ္ရမယ့္ အပုိင္းအစႏွစ္ခုကုိ အတူတြဲၿပီး ခ်ဳပ္ၾကည့္မယ္။ အပ္ခ်ည္တင္းအား အေျခအေနကုိ စိစစ္မယ္။ အပ္အမ်ဳိးအစားက အဆင္ေျပမေျပ ခ်ဳပ္ရုိးကုိ ၾကည့္ၿပီး ဆန္းစစ္မယ္။ ခ်ဳပ္ရုိး အစိပ္အႀကဲကုိလည္း စစ္ေဆးၾကည့္မယ္။ အေပၚခ်ည္နဲ႔ ေအာက္ခ်ည္တုိ႔ ကြင္းလွ်ုိၿပီး တုပ္ေႏွာင္တဲ့ေနရာေတြက အထည္သားႏွစ္ခုရဲ႕ ၾကားေနရာမွာ ဟုတ္ရဲ႕လား စစ္ေဆးမယ္။

 

Read 2560 times
Rate this item
(0 votes)