What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အပ်ချည်၊ အပ်ချုပ်စက်၊ ဓားစက် (ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း)

အပ်ချုပ်စက်တွေနဲ့ ဓားစက်တွေဟာ ဒီကနေ့ အဝတ်အစား ထုတ်လုပ်မှုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။

အိမ်သုံး အပ်ချုပ်စက်နဲ့ ဓားစက်တွေဟာ နမူနာ ဖက်ရှင်ထည် ထုတ်လုပ်ဖို့အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အကြီးအကျယ် အမြောက်အမြား ချုပ်လုပ်ပြီး ထုတ်လုပ်ဖို့ဆိုရင်တော့ လုပ်ငန်းသုံး အပ်ချုပ်စက်တွေနဲ့ ဓားစက်တွေကို သုံးကြရတယ်။ လုပ်ငန်းသုံး စက်တွေက ထိရောက်မှု ပိုကောင်းတယ်။ ချုပ်ပုံချုပ်နည်း အမျိုးမျိုးကို ချုပ်ဖို့ အဆင်ပြေတယ်။ စက်နဲ့အတူ တွဲဖက်သုံးစွဲစရာတွေ တစ်ပါတည်း ပါလာတယ်။ ချုပ်သားအဆန်းမျိုးဖြင့် ချုပ်ဖို့ ချုပ်အပ် လိုတယ်ဆိုရင်လည်း သီးခြားဝယ်ယူလို့ ရတယ်။ အထည်သားနှစ်မျိုးကို ပူးကပ်အောင် ထပ်ပြီး အနားသတ်တာ(bindind foot) ချုပ်ဖို့အတွက် လိုအပ်တဲ့ ကိရိယာအစိတ်အပိုင်းတွေ သီးခြားဝယ်ယူပြီး တွဲဖက် သုံးစွဲလို့ ရတယ်။

ချည်ကျစ်ပုံ S နဲ့ Z ဆိုပြီး ရှိတာမှာ အပ်ချုပ်စက်တွေအတွက် Z ကျစ်ချည်ကို သုံးရမှာ ဖြစ်ပါတယ်။ S ကျစ်ချည်ကို သုံးရင် ချုပ်ရိုးဟာ တင်းရမယ့်အစား လျော့တိလျော့ရဲ ဖြစ်နေလိမ့်မယ်။ S ကျစ်ချည်ကို တချို့ လက်ချုပ်နဲ့ ချုပ်တဲ့အခါမှာ သုံးကြပါတယ်။

thread twist diagram

အိမ်သုံး အပ်ချုပ်စက်ကို အကြမ်းအားဖြင့် နှစ်မျိုးခွဲလို့ရတယ်။ တစ်မျိုးက ရှေးပုံစံ၊ လျှပ်စစ်ဓာတ်အား မလိုဘူး။ ခြေထောက်နဲ့ နင်းပြားကို အလိုက်သင့်နင်းပေးပြီး အပ်ချုပ်စက် ဝင်ရိုးကို လှည့်ပေးပြီး ချုပ်သွားတယ်။ နောက်တစ်မျိုးက လျှပ်စစ်ဓာတ်အားသုံးတဲ့ အပ်ချုပ်စက်တွေ။


အိမ်သုံးအပ်ချုပ်စက် ချုပ်တဲ့ အမြန်နှုန်းက လုပ်ငန်းသုံးစက်ကို မမီဘူး။ ဒီတော့ ထိန်းကျောင်းဖို့ လွယ်ကူတယ်။ အိမ်သုံးအပ်ချုပ်စက် အများစုဟာ အပေါ်ချည် အောက်ချည် နှစ်ခု အံကိုက် လျိုဝင်တွဲချိတ်ပြီး ချုပ်သွားတဲ့ ချုပ်ရိုး lock stitch ဖြင့် ချုပ်ပေးကြတယ်။

lock stitch

ချုပ်ချက် အလျား အတိုအရှည် ကစားခိုင်းလို့ ရတယ်။ အဖြောင့်ချုပ်မလား၊ ဇီဇက် ချုပ်မလား ချုပ်ခိုင်းလို့ ရတယ်။ တချို့ အိမ်သုံးအပ်ချုပ်စက်တွေက ပန်းအလှထိုးတာကိုပါ လုပ်ခိုင်းလို့ ရတယ်။ ကြယ်သီးပေါက် ချုပ်ခိုင်းလို့ရတယ်။

လုပ်ငန်းသုံး အပ်ချုပ်စက်ကို Flatbed Machine လို့လည်း ခေါ်ဝေါ်ကြတယ်။ ချုပ်တဲ့အမြန်နှုန်းက အိမ်သုံးအပ်ချုပ်စက်ထက် ပိုမြန်တာမို့ အလုပ်ပြီးစီးမှု ပိုမြန်ဆန်တယ်။ ချုပ်နေချိန်မှာ အထည်သားကို ဖိပေးထားတဲ့ ခြေထောက်အတံ sewing foot အတင်အချကို လုပ်ဖို့အတွက် ခြေနင်းခလုတ် ပါတယ်။ ဒီတော့ လက်နှစ်ဖက်စလုံး အားနေစေတယ်။ sewing foot အတင်အချကို ခြေချောင်းနဲ့ ခလုတ်နှိပ်ပြီး လုပ်ပေးရင်း ချုပ်လက်စ အထည်သားကို လက်နှစ်ဖက်နဲ့ ကျကျနန တောက်လျှောက် ကိုင်တွယ်ပြီး ချုပ်လို့ ရနေစေတာမို့ အချိန်ကုန် သက်သာတယ်။ အလုပ်သွက်တယ်။ အိမ်သုံးအပ်ချုပ်စက်တွေမှာတော့ လက်နဲ့ပဲ sewing foot ကို အဖိအကြွ လုပ်ပေးရတယ်။
အိမ်သုံးအပ်ချုပ်စက်မှာ အပေါ်ချည်ကို အပ်ချုပ်လုံးကနေ တိုက်ရိုက်ယူသုံးပေမဲ့ အောက်ချည်ကိုတော့ စက်မှာ ပါတဲ့ ရစ်လုံးမှာ အရင်ရစ် ချည်ဖြည့်ထည့်ပြီးမှ အဲဒီ ရစ်လုံးကနေ ယူသုံးတယ်။ အောက်ချည်ကုန်သွားရင် ချည်ပြန်ရစ်ခိုင်းပြီး ပြန်ဖြည့်ရတယ်။ လုပ်ငန်းသုံး အပ်ချုပ်စက်တွေမှာတော့ ချုပ်နေတုန်းမှာ အောက်ချည်ရစ်လုံးကို ချည်ဖြည့်ထည့်ပေးနေတဲ့ bobbin system ပါတာကြောင့် ချည်ပြန်ဖြည့်ဖို့ ချုပ်လက်စ ရပ်ထားဖို့ မလိုဘူး။ အချိန်ကုန ်သက်သာစေတယ်။ ထုတ်လုပ်မှု အားကောင်းစေတယ်။


ဓားစက်ကို Overlocker လို့ ခေါ်တဲ့အပြင် Serger လို့လည်း ခေါ်ဝေါ်ကြတယ်။ အပြီးသတ် အစနှစ်ကို အပေါ်က ချုပ်ရိုးနဲ့ အုပ်ပြီး ချုပ်ပေးတာမို့ အပ်ချုပ်စက် တစ်မျိုးပါပဲ။ ဓားစက်လို့ အမည်တွင်တာက သူ့မှာ ဖြတ်တောက်ဖို့ ဓားသွားနှစ်လက် ပါလို့ ဖြစ်ပါတယ်။ အဲဒီ ဓားနှစ်လက် ကက်ကြေးရဲ့ အသွား နှစ်ခုလိုပဲ ဖြတ်တောက်ပေးတယ်။ အထည်သား အနားသတ်ကို့ဖြတ်ညှိပေးတယ်.။ ချည် အစအန ထွက်နေတာကိုလည်း ဖြတ်တောက်ရှင်းလင်းပေးတယ်။ ချည် ၃ခု ၊ ၄ ခု၊ ၅ ခု ဆိုပြီး ရှိတယ်။ ဖက်ရှင်ဒီဇိုင်းနဲ့ အထည်သားအမျိုးအစားအပေါ် မူတည်ပြီး သုံးစွဲမယ့် ချည်အရေအတွက် အတိုးအလျှော့ ပြုကြတယ်။
အထည်သားရဲ့ အနားစနေရာ ဖွာမထွက်အောင် ဓားစက်လိုက်ပြီး ဓားစက်ချုပ်ရိုးဖြင့် ကာကွယ်တားဆီးထားတယ်။ အဲဒီအတွက် ချည် ၃ ခု သုံးစွဲတဲ့ ဓားစက်ကို သုံးကြတယ်။
ချည် ၄ ခု သုံးစွဲတဲ့ ဓားစက်နဲ့ အထည်သား အနားသတ် ချုပ်သားနှစ်ခုကို တွဲကပ်ပေးတဲ့အပြင် အုပ်ပြီး ချုပ်တာမျိုးကို ချုပ်ကြတယ်။
ကွင်းဆက်ချိတ်ပြီး ချုပ်ပေးခြင်းဖြင့် အနားသတ်မှာ လိပ်ပြီးချုပ်ထားတာမျိုး ရဖို့ကိုတော့ ချည် ၅ ခု ပါတဲ့ ဓားစက်နဲ့ ချုပ်ကြတယ်။

zawgyi

အပ္ခ်ဳပ္စက္ေတြနဲ႔ ဓားစက္ေတြဟာ ဒီကေန႔ အ၀တ္အစား ထုတ္လုပ္မႈမွာ မရွိမျဖစ္ လုိအပ္တဲ့အရာေတြ ျဖစ္ပါတယ္။

အိမ္သုံး အပ္ခ်ဳပ္စက္နဲ႔ ဓားစက္ေတြဟာ နမူနာ ဖက္ရွင္ထည္ ထုတ္လုပ္ဖုိ႔အတြက္ေတာ့ အဆင္ေျပပါတယ္။ ဒါေပမဲ့ အႀကီးအက်ယ္ အေျမာက္အျမား ခ်ဳပ္လုပ္ၿပီး ထုတ္လုပ္ဖုိ႔ဆုိရင္ေတာ့ လုပ္ငန္းသုံး အပ္ခ်ဳပ္စက္ေတြနဲ႔ ဓားစက္ေတြကုိ သုံးၾကရတယ္။ လုပ္ငန္းသုံး စက္ေတြက ထိေရာက္မႈ ပုိေကာင္းတယ္။ ခ်ဳပ္ပုံခ်ဳပ္နည္း အမ်ဳိးမ်ဳိးကုိ ခ်ဳပ္ဖုိ႔ အဆင္ေျပတယ္။ စက္နဲ႔အတူ တြဲဖက္သုံးစြဲစရာေတြ တစ္ပါတည္း ပါလာတယ္။ ခ်ဳပ္သားအဆန္းမ်ဳိးျဖင့္ ခ်ဳပ္ဖုိ႔ ခ်ဳပ္အပ္ လုိတယ္ဆုိရင္လည္း သီးျခား၀ယ္ယူလုိ႔ ရတယ္။ အထည္သားႏွစ္မ်ဳိးကုိ ပူးကပ္ေအာင္ ထပ္ၿပီး အနားသတ္တာ(bindind foot) ခ်ဳပ္ဖုိ႔အတြက္ လုိအပ္တဲ့ ကိရိယာအစိတ္အပုိင္းေတြ သီးျခား၀ယ္ယူၿပီး တြဲဖက္ သုံးစြဲလုိ႔ ရတယ္။

ခ်ည္က်စ္ပုံ S နဲ႔ Z ဆုိၿပီး ရွိတာမွာ အပ္ခ်ဳပ္စက္ေတြအတြက္ Z က်စ္ခ်ည္ကုိ သုံးရမွာ ျဖစ္ပါတယ္။ S က်စ္ခ်ည္ကုိ သုံးရင္ ခ်ဳပ္ရုိးဟာ တင္းရမယ့္အစား ေလ်ာ့တိေလ်ာ့ရဲ ျဖစ္ေနလိမ့္မယ္။ S က်စ္ခ်ည္ကုိ တခ်ုိ႕ လက္ခ်ဳပ္နဲ႔ ခ်ဳပ္တဲ့အခါမွာ သုံးၾကပါတယ္။

thread twist diagram


အိမ္သုံး အပ္ခ်ဳပ္စက္ကုိ အၾကမ္းအားျဖင့္ ႏွစ္မ်ဳိးခြဲလုိ႔ရတယ္။ တစ္မ်ဳိးက ေရွးပုံစံ၊ လွ်ပ္စစ္ဓာတ္အား မလုိဘူး။ ေျခေထာက္နဲ႔ နင္းျပားကုိ အလုိက္သင့္နင္းေပးၿပီး အပ္ခ်ဳပ္စက္ ၀င္ရုိးကုိ လွည့္ေပးၿပီး ခ်ဳပ္သြားတယ္။ ေနာက္တစ္မ်ဳိးက လွ်ပ္စစ္ဓာတ္အားသုံးတဲ့ အပ္ခ်ဳပ္စက္ေတြ။


အိမ္သုံးအပ္ခ်ဳပ္စက္ ခ်ဳပ္တဲ့ အျမန္ႏႈန္းက လုပ္ငန္းသုံးစက္ကုိ မမီဘူး။ ဒီေတာ့ ထိန္းေက်ာင္းဖုိ႔ လြယ္ကူတယ္။ အိမ္သုံးအပ္ခ်ဳပ္စက္ အမ်ားစုဟာ အေပၚခ်ည္ ေအာက္ခ်ည္ ႏွစ္ခု အံကုိက္ လ်ဳိဝင္တြဲခ်ိတ္ၿပီး ခ်ဳပ္သြားတဲ့ ခ်ဳပ္ရုိး lock stitch ျဖင့္ ခ်ဳပ္ေပးၾကတယ္။

lock stitch

ခ်ဳပ္ခ်က္ အလ်ား အတုိအရွည္ ကစားခုိင္းလုိ႔ ရတယ္။ အေျဖာင့္ခ်ဳပ္မလား၊ ဇီဇက္ ခ်ဳပ္မလား ခ်ဳပ္ခုိင္းလုိ႔ ရတယ္။ တခ်ဳိ႕ အိမ္သုံးအပ္ခ်ဳပ္စက္ေတြက ပန္းအလွထုိးတာကုိပါ လုပ္ခုိင္းလုိ႔ ရတယ္။ ၾကယ္သီးေပါက္ ခ်ဳပ္ခုိင္းလုိ႔ရတယ္။

လုပ္ငန္းသုံး အပ္ခ်ဳပ္စက္ကုိ Flatbed Machine လုိ႔လည္း ေခၚေ၀ၚၾကတယ္။ ခ်ဳပ္တဲ့အျမန္ႏႈန္းက အိမ္သုံးအပ္ခ်ဳပ္စက္ထက္ ပုိျမန္တာမုိ႔ အလုပ္ၿပီးစီးမႈ ပုိျမန္ဆန္တယ္။ ခ်ဳပ္ေနခ်ိန္မွာ အထည္သားကုိ ဖိေပးထားတဲ့ ေျခေထာက္အတံ sewing foot အတင္အခ်ကုိ လုပ္ဖုိ႔အတြက္ ေျခနင္းခလုတ္ ပါတယ္။ ဒီေတာ့ လက္ႏွစ္ဖက္စလုံး အားေနေစတယ္။ sewing foot အတင္အခ်ကုိ ေျခေခ်ာင္းနဲ႔ ခလုတ္ႏွိပ္ၿပီး လုပ္ေပးရင္း ခ်ဳပ္လက္စ အထည္သားကို လက္ႏွစ္ဖက္နဲ႔ က်က်နန ေတာက္ေလွ်ာက္ ကုိင္တြယ္ၿပီး ခ်ဳပ္လုိ႔ ရေနေစတာမုိ႔ အခ်ိန္ကုန္ သက္သာတယ္။ အလုပ္သြက္တယ္။ အိမ္သုံးအပ္ခ်ဳပ္စက္ေတြမွာေတာ့ လက္နဲ႔ပဲ sewing foot ကုိ အဖိအၾကြ လုပ္ေပးရတယ္။
အိမ္သုံးအပ္ခ်ဳပ္စက္မွာ အေပၚခ်ည္ကုိ အပ္ခ်ဳပ္လုံးကေန တုိက္႐ုိက္ယူသုံးေပမဲ့ ေအာက္ခ်ည္ကုိေတာ့ စက္မွာ ပါတဲ့ ရစ္လုံးမွာ အရင္ရစ္ ခ်ည္ျဖည့္ထည့္ၿပီးမွ အဲဒီ ရစ္လုံးကေန ယူသုံးတယ္။ ေအာက္ခ်ည္ကုန္သြားရင္ ခ်ည္ျပန္ရစ္ခုိင္းၿပီး ျပန္ျဖည့္ရတယ္။ လုပ္ငန္းသုံး အပ္ခ်ဳပ္စက္ေတြမွာေတာ့ ခ်ဳပ္ေနတုန္းမွာ ေအာက္ခ်ည္ရစ္လုံးကုိ ခ်ည္ျဖည့္ထည့္ေပးေနတဲ့ bobbin system ပါတာေၾကာင့္ ခ်ည္ျပန္ျဖည့္ဖုိ႔ ခ်ဳပ္လက္စ ရပ္ထားဖုိ႔ မလုိဘူး။ အခ်ိန္ကုန ္သက္သာေစတယ္။ ထုတ္လုပ္မႈ အားေကာင္းေစတယ္။


ဓားစက္ကုိ Overlocker လုိ႔ ေခၚတဲ့အျပင္ Serger လုိ႔လည္း ေခၚေ၀ၚၾကတယ္။ အၿပီးသတ္ အစႏွစ္ကုိ အေပၚက ခ်ဳပ္ရုိးနဲ႔ အုပ္ၿပီး ခ်ဳပ္ေပးတာမုိ႔ အပ္ခ်ဳပ္စက္ တစ္မ်ဳိးပါပဲ။ ဓားစက္လုိ႔ အမည္တြင္တာက သူ႔မွာ ျဖတ္ေတာက္ဖုိ႔ ဓားသြားႏွစ္လက္ ပါလုိ႔ ျဖစ္ပါတယ္။ အဲဒီ ဓားႏွစ္လက္ ကက္ေၾကးရဲ႕ အသြား ႏွစ္ခုလုိပဲ ျဖတ္ေတာက္ေပးတယ္။ အထည္သား အနားသတ္ကုိ ့ျဖတ္ညိႇေပးတယ္.။ ခ်ည္ အစအန ထြက္ေနတာကုိလည္း ျဖတ္ေတာက္ရွင္းလင္းေပးတယ္။ ခ်ည္ ၃ခု ၊ ၄ ခု၊ ၅ ခု ဆိုၿပီး ရွိတယ္။ ဖက္ရွင္ဒီဇုိင္းနဲ႔ အထည္သားအမ်ဳိးအစားအေပၚ မူတည္ၿပီး သုံးစြဲမယ့္ ခ်ည္အေရအတြက္ အတုိးအေလွ်ာ့ ျပဳၾကတယ္။
အထည္သားရဲ႕ အနားစေနရာ ဖြာမထြက္ေအာင္ ဓားစက္လုိက္ၿပီး ဓားစက္ခ်ဳပ္႐ုိးျဖင့္ ကာကြယ္တားဆီးထားတယ္။ အဲဒီအတြက္ ခ်ည္ ၃ ခု သုံးစြဲတဲ့ ဓားစက္ကုိ သုံးၾကတယ္။
ခ်ည္ ၄ ခု သုံးစြဲတဲ့ ဓားစက္နဲ႔ အထည္သား အနားသတ္ ခ်ဳပ္သားႏွစ္ခုကုိ တြဲကပ္ေပးတဲ့အျပင္ အုပ္ၿပီး ခ်ဳပ္တာမ်ဳိးကုိ ခ်ဳပ္ၾကတယ္။
ကြင္းဆက္ခ်ိတ္ၿပီး ခ်ဳပ္ေပးျခင္းျဖင့္ အနားသတ္မွာ လိပ္ၿပီးခ်ဳပ္ထားတာမ်ဳိး ရဖုိ႔ကုိေတာ့ ခ်ည္ ၅ ခု ပါတဲ့ ဓားစက္နဲ႔ ခ်ဳပ္ၾကတယ္။

Read 5537 times
Rate this item
(0 votes)