What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသားကပ်ဘောင်းဘီတွေနဲ့ ပတ်သက်ပြီး သိထားရမယ့် အချက်များ

အသားကပ်ဘောင်းဘီတွေနဲ့ ပတ်သက်ပြီး သိထားရမယ့် အချက်များ google

ဒီနေ့တော့ အမျိုးသမီးတွေအတွက် တော်တော် လေးလည်း အသုံးဝင်သလို သူ့ကို သေချာ မဝတ်ရင် အများပြောစရာလည်း ဖြစ်သွားတတ်တဲ့ အသားကပ်ဘောင်းဘီ

legging တွေအကြောင်း ပြောပြပေးချင်ပါတယ်ရှင်။

Leggings အသားကပ်ဘောင်းဘီတွေနဲ့ ပတ်သက်ပြီး သိထားရမယ့် အချက်ကလေးတွေ အရင်ပြောပြပါမယ်။

- ကိုယ်ဝတ်မယ့် Leggings ဟာ အနက်ရောင် ဖြစ်ရင် အကောင်းဆုံးပါ။ မဟုတ်လည်း အရောင်ရင့်ပြီး အသားထူတာ မျိုးကို ရွေးပါ။

- ဟိုမရောက် ဒီမရောက် Cropped လုပ်ထားတဲ့ leggings တွေထက် အရှည်ကသာ အကောင်းဆုံးဆိုတာ မမေ့ပါနဲ့။

- leggings အောက်ကဝတ်မယ့် အတွင်းခံကိုလည်း သေချာရွေးဝတ်ပါ။ အတွင်းခံအရာကြီး ထင်နေမှာစိုးလို့ပါ။

- အပေါ်ကဝတ်မယ့် အကျီက အရှည်အပွဖြစ်ဖို့ လိုပါတယ်။ Oversized ဖြစ်ပြီး ပွပွလေးနဲ့ ကြည့်ကောင်းမယ့် အကျီတွေ Cardigan ဘာညာနဲ့ တွဲဝတ်ပါ။

- ဘောင်းဘီဂွနေရာဖုံးလောက်တဲ့ အရှည်ရှိတဲ့ Top ဖြစ်ဖို့ အရေးကြီးပါတယ်နော်။

- အသားကပ်ဘောင်းဘီ leggings ဟာ ဝတ်နေကျ ဘောင်းဘီ၊ ဂျင်းဘောင်းဘီမဟုတ်ဘူးဆိုတာ သတိရပါ။ ဂျင်း ဘောင်းဘီအစား သူတို့ကိုဝတ်သွားလို့မရပါဘူး။

- သူ့ကိုဝတ်တော့မယ်ဆို layer အထပ်ထပ်နဲ့ အထာကျ အောင် အကျီကို ဆင်မြန်းတာမျိုးတွေ၊ဖိနပ်အတွက် စဉ်းစား ဝတ်ဆင်ဖို့လည်း လိုအပ်ပါတယ်။

ဒီလောက်ဆိုရင် leggings နဲ့ ပတ်သက်ပြီး အခြေခံသိရမယ့် အချက်တွေသေချာသိရပြီဆိုတော့ သူ့ကို အပေါ်က ဘယ်လိုအကျီမျိုးနဲ့ တွဲဝတ်ရမယ် ဆိုတာမျိုးလေး ထပ်ပြောပြပါမယ်နော်။

Source: I am Fashion

Myanmar Textile and Garment Directory

Read 1874 times
Rate this item
(1 Vote)
Tagged under