What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်မှာရှိပြီးသား အ၀တ်အစား၊ အဆင်တန်ဆာတွေနဲ့ ကိုယ့်ကိုကိုယ် ဖက်ရှင်ကျအောင် ဘယ်လိုဆင်မြန်းရမလဲ

 ဖက်ရှင်ရေစီးကြောင်းကို စဉ်ဆက်မပြတ် လိုက်နေခဲ့ကြပေမယ့် အသစ်အသစ်တွေက မနည်းမနောကို ဆက်တိုက်ထွက်နေတာမို့လို့ ဒါကို အကုန်လုံး လိုက်ဝယ်ဝတ်နေဖို့ဆိုတာ စဉ်းစားကြည့်ရင် သိပ်တော့မလွယ်ဘူး။ ဒီတော့ ကိုယ့်မှာရှိပြီးသား အ၀တ်အစား၊ အဆင်တန်ဆာတွေနဲ့ ကိုယ့်ကိုကိုယ် ဖက်ရှင်ကျအောင် ဘယ်လိုဆင်မြန်းရမလဲဆိုတာလေး တစ်ချက်ပြောပြချင်တာပါ။

တစ်ချို့ဆို ချစ်တို့သိပြီးသားတောင် ဖြစ်နေပါဦးမယ်။ ဒီလိုဝတ်လို့ရပါလားဆိုပြီး မေ့နေတာမျိုးပေါ့။ ကဲ ဘာတွေလဲကြည့်ရအောင်။
၁။ရှေ့ကြယ်သီးတပ် ရှပ်အကျီတွေ

==================
လက်ခေါက် ၀တ်ပါ။ ပြီးတဲ့အခါ သူ့ကို ရုံးတို့၊ ကုမ္ပဏီတို့ဆိုရင် စတိုင်ဘောင်းဘီထဲ ထည့်ပြီး ၀တ်ဆင်နိုင်သလို အပြင်ထသွားထလာအတွက်ဆို လက်ကိုတံတောင်ဆစ်လောက်ထိ ခေါက်ပြီးခါးကိုချည်ဝတ်နိုင်ပါတယ်။ ဘောင်းဘီတိုနဲ့ဖြစ်ဖြစ်၊ စကတ်တိုနဲ့ဖြစ်ဖြစ် အဲ့ဒီလို ၀တ်လို့ အဆင်ပြေပါတယ်။ တစ်ခါတစ်လေ ပိုပြီးဆန်းချင်တယ်ဆိုရင် ကော်လာမှာ box လေးတွေတပ်ပြီး ၀တ်နိုင်ပါတယ်။ ဖဲကြိုးလေးတွေရှိရင်လည်း ကော်လာမှာ ဖဲကြိုးလေးတွေ ချည်ဝတ်လိုက်ပါ။ ဆန်းသွားပါလိမ့်မယ်။ နိုင်ငံတကာမှာတော့ ခုနောက်ပိုင်း လည်ပင်းကို ကြယ်သီးနှစ်လုံးလောက်ထိ ဖြုတ်ပြီး ၀တ်ကြပါတယ်။ ပြီးရင် ရွှေရောင် ဆွဲကြိုးအမျှင်လေးတွေနဲ့တွဲဖက် ဆင်မြန်းပါ။
၂။ဘောင်းဘီအရှည်

==================
skinnyjean ပဲဖြစ်ဖြစ်၊ boyfriend jean ပဲဖြစ်ဖြစ် အောက်ဘက်နား နှစ်ခေါက်လောက် ခေါက်ဝတ်တာကလည်း ထင်တာထက်ပို စတိုင်လ်ကျပါတယ်။ ဒါကိုအောက်က snaker နဲ့ဖြစ်ဖြစ်၊ ဒေါက်နဲ့ဖြစ်ဖြစ် ဆင်မြန်းနိုင်တယ်နော်။
၃။ကုတ်အကျီ ၊ blazer

=================
ချစ်တို့ဆီမှာ ဂျက်ကတ်အမိုက်စား၊ ဘလေဇာ တွေ ကုတ်အကျီတွေရှိရင် လက်မထိုးပဲ ပခုံးပေါ်လေးအပေါ်ကထပ်ခြုံပြီး ၀တ်ကြည့်ဖူးပါသလား။ မ၀တ်ဖူးသေးရင် ပါတီ၊ ဒင်နာပွဲတွေကို အဲ့လိုလေး ၀တ်သွားကြည့်လိုက်ပါ။ အတွင်းဘက်က အထာကျအောင်ဝတ်ပြီး အပေါ်က အဲ့လိုလေး ခြုံဝတ်သွားလိုက်ရင် ပိုပြီးစတိုလ်ကျ ခန့်သလိုဖြစ်သွားပါတယ်။ ပေါပေါပဲပဲဒီဇိုင်းမျိုးကနေ လုံးဝကွဲထွက်နေပါလိမ့်မယ်။
၎။ တီရှပ်၊ graphic tee

===============
ဗီရိုထဲက တီရှပ်လေးတွေ၊ graphic tee လေးတွေကို ပိုဆန်းသွားအောင် အောက်နားကိုချည်ပြီး ထုံးဝတ်ပါ။ ခါးလေးနည်းနည်းပေါ်ရင်လည်း ပေါ်ပါစေ။ ဒါက လှပါတယ်။ လက်ခေါက်ဝတ်တာကြိုက်ရင်လည်း လက်လေးနည်းနည်းခေါက်ဝတ်ပါ။
၎။ ဂါဝန်၊Dress

===========
ဆောင်းရာသီကလည်း နည်းနည်းဝင်နေပြီဆိုတော့ အိမ်မှာရှိနေတဲ့ ဂါဝန်တွေ၊ dress တွေကို ထုတ်ပြီး သူ့အပေါ်က ဘယ်အကျီလေးကို ထပ်ဝတ်လို့ရမလဲဆိုတာ ရွေးချယ်လိုက်ပါ။ ဂါဝန်အပေါ်က နောက်အကျီတစ်ထပ် ထပ်ဝတ်ပြီး နောက်ထပ် ဒီဇိုင်းမျိုး ကိုယ်တိုင် ဖန်တီးကြည့်ပါ။
၅။ tuck စတိုင်လ်

=============
အကျီကို ဘောင်းဘီထဲ အကုန်ထည့်မ၀တ်ပဲ ရှေ့ပိုင်းလေးပဲ ထည့်ဝတ်တာမျိုး ငယ်ငယ်တုန်းက လုပ်ဖူးကြတယ်ဟုတ်။ ကပိုကရိုလေးလေ။ ဒီလိုပဲ ခုလည်း စကတ်ထဲကိုပဲဖြစ်ဖြစ်၊ ဘောင်းဘီထဲကိုပဲဖြစ်ဖြစ် အပေါ်က အကျီကို အားလုံးထည့်မ၀တ်ပဲ။ ဘေးနားနည်းနည်း ဒါမှမဟုတ် ရှေ့ဘက်တစ်နေရာထဲ ထည့်ဝတ်ပြီး ကျန်တာတွေကို ကပိုကရိုဖြစ်နေအောင် နည်းနည်းဖန်တီး ပြင်ဆင်ဝတ်လိုက်ပါ။ ဒါလည်း အထာကျပါတယ်။
၆။ခါးပတ်

=============
ခါးပတ်ဆိုတာ ဘောင်းဘီခါးပတ်ကွင်း၊ စကတ်မှာပါတဲ့ ခါးပတ်ကွင်းတွေထဲသာ ထည့်ပတ်ရတဲ့အရာမျိုး မဟုတ်ပါဘူး။ အဲ့ဒီလို ပတ်နိုင်တဲ့အပြင် အကျီအပေါ်က ထပ်ဝတ်ထားတဲ့ ကုတ်၊ jacket တွေ၊ dress ပေါ်က ထပ်ဝတ်ထားတဲ့ long coat စတာတွေအပေါ်က ထပ်ပတ်ပြီး သူများနဲ့မတူအောင် ဆင်မြန်းနိုင်ပါတယ်။
ကဲရှိတာလေးနဲ့ အထာကျအောင် ၀တ်လိုက်ကြရအောင်။

Read 1312 times
Rate this item
(0 votes)