What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နေရာဒေသ အလိုက် ဘယ်လို ဝတ်စားဆင်ယင် သင့်သလဲ

လူအများစုဟာ နေရာတစ်နေရာကို သွားတဲ့အခါမှာ သွားမယ့်နေရာနဲ့ လိုက်ဖက်အောင် ဘယ်လိုပုံစံမျိုးကို ဝတ်ဆင်ရမလဲဆိုတဲ့ အတွေး စိတ်ကူး စိတ်သန်းတွေ ရှိကြပါတယ်။ ဒါပင်မဲ့ ဖက်ရှင်ရေစီးကြောင်းတွေက ခေတ်နဲ့အညီ တရှိန်ထိုး မြန်လာတာကြောင့် ဘယ်လို လိုက်ဖက်အောင် စီမံရွေးချယ်ရမလဲဆိုတာ စဉ်းစားရခက်လာပါတယ်။

ဒါဆိုရင်တော့ ဒီလိုစိုးရိမ်နေတဲ့အရာတွေကို မေ့လိုက်ပြီး မှန်ကန်တဲ့ outfit ရွေးချယ်မှုကို ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်မို့ ဘယ်လို အချိန်အခါတွေမှာ ဘယ်လို အဝတ်အစားမျိုးကို မှန်ကန်အောင် ရွေးချယ်တတ်စေဖို့ လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ ပါတီပွဲ

1
ဒီအချိန်ဟာ ဖက်ရှင်စည်းမျဉ်းတွေကို မေ့ဖျောက်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ outfit နှင့်အတူ ကိုယ့်ရဲ့ မျက်နှာမှာ ပေါ်လွင်ထင်ရှားတဲ့ မိတ်ကပ်ခြယ်သမှုတွေကို ပြုလုပ်နိုင်ပြီး ကောင်းစွာ အသုံးချနိုင်တဲ့ အခွင့်ရေးတစ်ခုပါပဲ။ ပါတီပွဲအတွက် ရွှေရောင်နဲ့ ငွေရောင်ဟာ အကောင်းဆုံး ရွေးချယ်နိုင်တဲ့ အရောင်တွေဖြစ်ပြီး ဒါတွေကို တခြားအရောင်တွေနဲ့ ပေါင်းစပ်ဖန်တီးနိုင်ပါတယ်။

၂။ အလုပ်အင်တာဗျူး

2
အင်တာဗျူးဟာ သင့်ဘဝအတွက် အရေးကြီးတဲ့ အရာဆိုလဲမှာမမှားပါဘူး။ အင်တာဗျူးဖြေဆိုတဲ့ အခါမှာ ရိုးရှင်းပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဘေင်းဘီကျပ်၊ အင်္ကျီကျပ်တွေဟာ ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ယားယံမှုတွေ ဖြစ်စေတွေအတွက် သင့်ကို စိတ်အနှေင့်ယှက် ဖြစ်စေပါလိမ့်မယ်။ အဖြူရောင်ရှပ်အင်္ကျီ နဲ့အနက်ရောင်ဘောင်းဘီရှည်ကို ရွေးချယ်လိုက်ပါ။ ရိုးရှင်းတယ်လို့ ထင်တယ်ဆိုရင် အပေါ်ကနေ ကုတ်အင်္ကျီ ဒါမှမဟုတ် ဆွယ်တာအပါးလေး ထပ်ဝတ်နိုင်ပါတယ်။ ဒေါက်ဖိနပ်ကိုတော့ ၄လက်မထက်မမြင့်တဲ့ ဒေါက်ကိုပဲ ရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်။

၃။ ဒိတ်လုပ်တဲ့အခါ

3
ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းနဲ့ဖြစ်ဖြစ် ပထဆုံးတွေ့ဆုံတဲ့အခါမှာ impression ဟာ အရေးကြီးဆုံးပဲ။ impression down သွားမယ်ဆိုရင် တစ်ဖက်လူက ကိုယ့်အပေါ် စိတ်ကသိကအောက်ဖြစ်စေနိုင်တယ်။ အဲ့လိုပဲ အဝတ်အစားရွေးချယ်တဲ့အခါမှာလဲ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်စားတတ်ဖို့ လိုအပ်တယ်။ အရောင်တောက်တောက်ကာလာတွေထက် အရောင်နုနုလေးတွေက သင့်ကို ပိုလှပစေပြီး ငယ်ရွယ်တဲ့ ပုံပေါက်စေပါတယ်။

၎။ နွေရာသီ

4
နွေရာသီဟာ ပွင့်လင်းရာသီဖြစ်ပင်မယ့် ပူအိုက်တာကြောင့် ပေါ့ပေါ့ပါးပါးရှိတဲ့ crop topများ၊ ခပ်ပွပွအင်္ကျီပုံစံ နဲ့ ဘောင်းဘီတိုလေး တွေကို ရွေးချယ်ဝတ်ဆင်ပါ။ ကမ်းခြေကို သွားတဲ့အခါ swimsuit လေးတွေ ဘစ်ကနီလေးတွေကို ယူဆောင်သွားနိုင်ပါတယ်။
ဘယ်လိုအချိန်အခါမျိုးမှာပဲဖြစ်ဖြစ် လိုက်ဖက်ညီပြီး ကြည့်ကောင်းအောင် ဝတ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဖက်ရှင်စတိုင်ကို အမြဲရှာဖွေလေ့လာပြီး အသစ်သစ်သောဖက်ရှင်တွေနဲ့ ပေါင်းစပ်ဖန်တီးလိုက်ပါ။

 

Author:TDA

Read 1368 times
Rate this item
(1 Vote)