What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လာမယ့် ဆယ်စုနှစ်အတွင်း အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင် အဓိက နေရာမှ အာရှက ပါ၀င်နေမည်

တရုတ်က ၎င်းရဲ့ အ၀တ်အထည် ထုတ်လုပ်မှုလုပ်ငန်းများ လျှော့ချရန်နှင့် value chainကို တက်ရန်ကြိုးစားနေသော်လည်း အာရှက အထည်ချုပ်လုပ်ငန်းတွင်အဓိကအခန်းကဏ္ဍမှ ပါ၀င်နေမယ်လို့ မျှော်လင့်ကြောင်း လေ့လာသုံးသပ်မှု ကုမ္ပဏီ Fitch Solutions က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။အထည်အလိပ်ကဏ္ဍရဲ့ အလားအလာက အိန္ဒိယနှင့်အင်ဒိုနီးရှားတို့လို ဈေးပေါသောလုပ်သားတွေနဲ့ပြည်တွင်းစျေးကွက်များကို ကမ်းလှမ်းသောစီးပွားရေးနှင့်စီးပွားရေးအခြေအနေကောင်းမွန်မှု မရှိခြင်းကြောင့်ဆုံးရှုံးသွားနိုင်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

 

အာရှရှိ နိုင်ငံများစွာက အ၀တ်အထည်ထုတ်လုပ်မှုအတွက် လုပ်သားစျေးကွက်ရဲ့ အခြေအနေကောင်းခြင်း၊ ပြင်ပကုန်သွယ်ရေးအတွက် လုံလောက်သော ကြိုတင်ခန့်မှန်းနိုင်တဲ့ ထောက်ပံ့ပို့ဆောင်ရေး ဆက်သွယ်မှုများအပြင် တရုတ်နှင့်အိန္ဒိယတို့ဟာ ကုန်ကြမ်းထုတ်လုပ်သူများဖြစ်ကြောင်း အစီရင်ခံစာအရဆိုပါတယ်။ဒါ့အပြင် ဗီယက်နမ်နိုင်ငံအနေဖြင့် ၄◌င်းလမ်းကြောင်းများမှ အကျိုးအမြတ်များကိုမြင်တွေ့ရပြီး နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင်တွေ့ရန် မျှော်လင့်လျက်ရှိပါတယ်။ ထို့အပြင်ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနဲ့မြန်မာတို့က လာမည့်နှစ်များအတွင်းဗီယက်နမ်နိုင်ငံရဲ့ ကုန်ကျစရိတ်များမြင့်တက်လာသည်နှင့်အမျှပိုမို အကျိုးအမြတ်များရရှိလိမ့်မည်လို့ မျှော်လင့်နေကြောင်း Fitch Solutions ကပြောကြားခဲ့ပါတယ်။

 

အိန္ဒိယနှင့်အင်ဒိုနီးရှားနိုင်ငံတို့က ကုန်ပစ္စည်းအပြောင်းအလဲများနှင့်ကမ္ဘာ့အ၀တ်အထည်တင်ပို့မှုဝေစုရဲ့ တိုးတက်မှုအတွက် အလားအလာရှိသူများအဖြစ် သတ်မှတ်ထားသော်လည်း အစီရင်ခံစာအရ နှစ်နိုင်ငံတိုးတက်မှုနှုန်းက ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊မြန်မာနိုင်ငံတို့နှင့်နှိုင်းယှဉ်ပါက အထင်ကြီးစရာကောင်းနေမှာ မဟုတ်ပါဘူး။

 

အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁.၄ ဘီလီယံနှင့်အင်ဒိုနီးရှားမှာ ၂၇၄ သန်းရှိပြီး နိုင်ငံရဲ့လူဦးရေ အထူထပ်ဆုံးနိုင်ငံများမှ ကမ္ဘာပေါ်တွင်ဒုတိယနှင့်စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံများဖြစ်ပါတယ်။သို့သော် အမေရိကန်နှင့်အီးယူ စျေးကွက်များသို့ကုန်သွယ်ခွင့် အခွင့်အလမ်းနည်းပါးခြင်းနှင့်အလုပ်သမားကုန်ကျစရိတ်မြင့်မားခြင်းတို့က ၄◌င်းစျေးကွက်များ အတွက်အဟန့်အတားဖြစ်လာစေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

 

တရုတ်နိုင်ငံမှာ လုပ်အားခမြင့်တက်မှုက အာရှ တစ်လွှားကစျေးပေါတဲ့ကုန်ကျစရိတ် စင်တာများဆီကို အနိမ့်နဲ့အလယ်အလတ်တန်းစားထုတ်လုပ်မှုကို ဆက်လက်တွန်းအားပေးနေလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။အိမ်နီးချင်းနိုင်ငံများဖြစ်သောကမ္ဘောဒီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာရှိတဲ့ အထည်အလိပ်ထုတ်လုပ်ခြင်းအတွက် ကြီးထွားမှုအလားအလာကို ခန့်မှန်းတွက်ချက်ထားပါတယ်။



ဒါပေမယ့် တရုတ်နဲ့အနောက်နိုင်ငံများအကြားဆက်ဆံရေးယိုယွင်းလာတာနဲ့အမျှ ကုန်သွယ်ရေး၊ကာကွယ်ရေးဝါဒမြင့်တက်လာခြင်းနဲ့ တရုတ်နိုင်ငံမှာလည်ပတ်နေတဲ့ပထဝီနိုင်ငံရေး အန္တရာယ်တွေကပိုမိုဆိုးရွားလာလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒီလမ်းကြောင်းဟာ အနည်းဆုံးဆယ်စုနှစ်ဝက်လောက်ဖြစ်ပျက်ခဲ့ပြီးပြီ"လို့ အစီရင်ခံစာအရ သိရပါတယ်။

 

Ref:Business-Standard

Read 5695 times
Rate this item
(0 votes)
Tagged under