အမျိုးသမီးတွေအနေနဲ့ မင်္ဂလာဆောင်ပွဲတွေ... အလှူပွဲတွေသွားတော့မယ်ဆိုရင် မြန်မာဝတ်စုံလှလှလေးတွေ ချုပ်ဝတ်ကြတာပဲလေ။ ပြဿနာကတော့ ဒီလိုပွဲတွေသွားဖို့ အင်္ကျီချုပ်မယ်ဆိုရင် ဘာပုံချုပ်ရမလဲဆိုတာကို စဉ်းစားလို့မရတာပါပဲ။ ဒါကြောင့် ဒီလိုပြဿနာလေးတွေမရှိအောင် အမျိုးသမီးတိုင်းအတွက် ချစ်စရာကောင်းပြီးလှပတဲ့ ပွဲတက်မြန်မာဝတ်စုံဒီဇိုင်းလေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေကိုကြည့်ပြီး သင်ကြိုက်နှစ်သက်တဲ့အခါမှာ ပုံစံတူလိုက်ချုပ်လို့ရသလို ဒါလေးတွေကို အိုင်ဒီယာယူပြီး ဒီဇိုင်းတစ်မျိုးပြောင်းချုပ်လို့လည်းရတာပေါ့။
၁. ဒီမြန်မာဝတ်စုံဒီဇိုင်းလေးဆိုရင် ရိုးရိုးလေးနဲ့ လူငယ်ဆန်ပြီးလှနေပါ။ ပွဲတွေနဲ့လည်း လိုက်ဖက်မှုရှိတယ်နော်။
၂. ကစ်ရဲ့ဒီဖက်ရှင်လေးဆိုရင်လည်း အရမ်းချစ်စရာကောင်းတယ်နော်။ လူတိုင်းနဲ့လည်း လိုက်ဖက်မှုရှိစေတဲ့အပြင် ပွဲတိုင်းနဲ့လည်းသင့်တော်တဲ့ မြန်မာဝတ်စုံဒီဇိုင်လေးပါ။
၃. ဒီဇိုင်းဆန်းဆန်းလေးနဲ့ လူငယ်ဆန်ပြီးလှပတဲ့ မြန်မာဝတ်စုံဒီဇိုင်းလေးပါ။ သင်ကိုယ်တိုင်လည်း အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။
၎. ဒီအင်္ကျီဒီဇိုင်းလေးကတော့ ပုံစံလေးဆန်းသလို ယဉ်လည်းယဉ်တယ်နော်။ ပွဲတိုင်းနဲ့သင့်တော်တဲ့ မြန်မာဝတ်စုံလေးပါ။
မြန်မာအင်္ကျီလေးတွေကို ဒီလိုလည်ပင်းပုံစံလေး နဲ့ချုပ်ကြမယ်
၅. ဒါကတော့ ကစ်ရဲ့မြန်မာဝတ်စုံဒီဇိုင်းလေးပါ။ အရမ်းချစ်စရာကောင်းလို့ ပွဲတိုင်းနဲ့လည်း သင့်တော်ပါတယ်။
၆. ခေတ်ဆန်တဲ့ပုံစံလေးချုပ်ချင်တဲ့သူတွေအတွက်တော့ အူဝဲရဲ့ဒီဖက်ရှင်လေးက အဆင်ပြေစေပါတယ်။
၇. ခေတ်လည်းဆန်ချင်တယ် ယဉ်ယဉ်လေးနဲ့လည်းလှချင်တယ်ဆိုရင်တော့ ဒီဝတ်စုံဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။
၈. နောက်ထပ်ပွဲတက်မြန်မာဝတ်စုံလေးထဲမှာတော့ ဒီဝတ်စုံဒီဇိုင်လေးလည်း အရမ်းလှတယ်နော်။
၉. ဒီလိုလက်ရှည်ရိုးရိုးလေးတွေချုပ်တာကလည်း ပွဲတိုးတယ်နော်။ ဘယ်တော့မှလည်း ရိုးမသွားတဲ့ဒီဇိုင်းလေးပါ။
Source:we media