အ၀တ်အစားလုပ်ငန်းကြီး Supreme နဲ့ ဂျပန်မှ streetwear တံဆိပ် Undercoverတို့က အမေရိကန်မှ hip-hop တေးဂီတအဖွဲ့ Public Enemy တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး
အ၀တ်အစားတွေ ထုတ်လုပ်လိုက်တယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ ၁၅ မတ် ၂၀၁၈ မှာ အရောင်းစတင်လိုက်တယ်။
Public Enemy ရဲ့ ၁၉၉၀ ခုနှစ် ထုတ်ဝေခဲ့တဲ့ တေးစု Fear of A Black Planet မှ သရုပ်ဖော်ပုံတွေကို သုံးစွဲထားတယ်။
Supreme ရဲ့ ဈေးကောင်းရ အ၀တ်အထည်ရောင်းချနည်းကို
တီရှပ်တစ်ထည် $1,750 ဘယ်လို ရောင်းသလဲ ဆောင်းပါးမှာ ဖော်ပြထားတာကို
ဖတ်ရှုဖို့လင့်ခ်
ပြင်ပပေါက်ဈေး တီရှပ်တစ်ထည် S$ ၁၇၅၀ ဈေးပေါက်တဲ့ Supreme က အမေရိကန်နိုင်ငံရဲ့ အမျိုးသားဘတ်စ်ကစ်ဘောအသင်း NBA (National Basketball Association)
နဲ့အတူ လက်တွဲပြီး Nike နဲ့ စီးပွားဘက်ပြုကာ အားကစားရှူးဖိနပ်တွေ ထုတ်လုပ်လိုက်ပါတယ်။
NBA မှာ ပါဝင်တဲ့ အသင်းစုစုပေါင်း ၃၀ အကုန်လုံးကို လိုဂိုတွေနဲ့ တင်ပြထားတဲ့ အားကစားရှူးဖိနပ်အလန်းစားတွေ ဖြစ်ပါတယ်။
Nike ရဲ့ Air Force 1 Mid ရှူးဖိနပ်ပေါ်မှာ လိုဂိုတွေ တင်ပေးထားတာဖြစ်ပြီး ဂျက်ကက်၊ ဘတ်စ်ကစ်ဘောသမား ၀တ်တဲ့ ဂျိုင်းပြတ်စွပ်ကျယ်၊ ဘောင်းဘီအပွတိုတို့ကိုလည်း ထုတ်လုပ်ထားပါတယ်။
အနီခံအပေါ်မှာ အဖြူနဲ့ စာထိုးထားတဲ့ Supreme ရဲ့ လိုဂိုလည်း ပါပါတယ်။
Nike ရဲ့ အမှန်ခြစ် Swoosh logo ကိုလည်း ချန်မထားပါဘူး။
https://business.facebook.com/myanmartextileandgarmentdirectory/videos/1822557337787721/