What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ချစ်သူများနေ့မှာအလှဆုံးဖြစ်နေအောင်"

ချစ်သူများနေ့ရောက်ခါနီးပြီဖြစ်လို့ချစ်သူ

နဲ့လျှောက်လည်တဲ့အခါအလှဆုံးဖြစ်စေမယ့်အဝတ်အစားကိုမှ ရွေးဝတ်ချင်ပါတယ်ဆိုတဲ့အတွက် valentine’s day ဖက်ရှင် tips လေးတွေပေးချင်ပါတယ်။ သူများအတွဲတွေကြားမှာကိုယ့်အတွဲကအလှဆုံးအလန်းဆုံးဖြစ်နေစေမယ့်ဖက်ရှင် tips လေးတွေပါ။ ချစ်သူများနေ့နဲ့လည်းလိုက်ဖက်ဖို့လိုပါတယ်။

- အနီရဲရဲဂါဝတ်/စကပ်

ချစ်သူများနေ့နဲ့အသင့်တော်ဆုံးအရောင်ကိုရွေးပါဆိုရင်အနီရောင်ကိုရွေးရမှာပါပဲ။အနီရဲရဲဂါဝန်ကား ကားလေးတွေဝတ်လို့ရသလိုကိုယ်ကျပ်ဂါဝန်လေးတွေကိုလည်းရွေးဝတ်လို့ရပါတယ်။ကိုယ့်ကပိန်သွယ် ပြီးကောက်ကြောင်းမရှိဘူးဆိုရင်တော့ဂါဝန်အကားရွေးဝတ်ပါ။အောက်ကဒေါက်ဖိနပ်ကိုအဖြူ သို့မဟုတ်အနက်ရွေးစီးပါ။နှုတ်ခမ်းနီအရဲလေးဆိုးလိုက်ပြီဆိုရင်လုံးဝစွဲဆောင်မှုရှိသွားပြီပေါ့။စကပ် အနီဝတ်မယ်ဆိုရင်တော့အပေါ်ကအနက်ရောင်တီရှပ်ဒါမှမဟုတ်အဖြူရောင်ဝတ်ပြီးအပေါ်က သားရေဂျာကင်လေးထပ်ဝတ်လိုက်ပါ။

- ပန်းနုရောင်ဖက်ရှင်

အနီရဲရဲဝတ်ရမှာမဝတ်ရဲဘူးဆိုရင်ပန်းနုရောင်ဖက်ရှင်လေးနဲ့အလှဆုံးပြင်ဆင်ကြည့်ပါ။ပန်းနုရောင် တီရှပ်ဒါမှမဟုတ်ပန်းနုရောင်ကြယ်သီးတပ်ရှပ်အကျီင်္လေးကိုဝတ်ပြီးအောက်ကဂျင်းမီနီစကပ်လေး ဝတ်လိုက်ပါ။အောက်ကဒေါက်ဖိနပ်အရောင်နုဒါမှမဟုတ် sneaker လေးစီးပေးပါ။မိတ်ကပ်ကိုအထူ ကြီးမလိမ်းပါနဲ့။နှုတ်ခမ်းနီကိုလည်းပန်းနုရောင်လေးဆိုးပေးလိုက်ရင်လက်ရှိအသက်ထက်ပိုငယ် သွားစေမှာဖြစ်ပြီးချစ်သူမျက်စိမခွာနိုင်အောင်ဖြစ်သွားစေမှာပါ။

- အသဲပုံစတစ်ကာ

အကျီင်္ပေါ်မှာအသဲပုံစတစ်ကာပါတဲ့အကျီင်္လေးတွေရွေးဝတ်ပေးပါ။အနီရောင်အသဲပုံပါတဲ့တီရှပ် လက်ရှည်လေးကိုSkinny jean နဲ့တွဲဝတ်လိုက်ရင်သက်တောင့်သက်သာလည်းရှိပြီးလူငယ်ဆန်ဆန် ဒီဇိုင်းလေးနဲ့လန်းနိုင်မှာပါ။အသဲပုံမဝတ်ချင်ဘူးဆိုရင်နှုတ်ခမ်းပုံပါတဲ့အကျီင်္ရွေးဝတ်ပါ။

- မိန်းကလေးဆန်ဆန်

ပျော့ပြောင်းနုညံ့ပြီးမိန်းကလေးအရမ်းဆန်တဲ့ဒီဇိုင်းလေးတွေကိုရွေးဝတ်ပေးပါ။ဒီလိုနေ့မျိုးမှာ ချစ်သူက ကိုယ့်ကိုအနုညံ့ဆုံးနဲ့အညင်သားဆုံးပုံစံလေးနဲ့မြင်ချင်တာပါ။ပိတ်သားပါးပါးနုနုနဲ့ချုပ်ထားတဲ့ဂါဝန်ကား ကားလေးတွေကိုရွေးဝတ်ပါ။ဦးထုတ်အဝိုင်းလေးဆောင်းလိုက်ရင် perfect ပေါ့။

Read 1087 times
Rate this item
(0 votes)