What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ရှိုးပဲ့စေသည့်ဖက်ရှင်အလွဲများ"

ဒီဘက်ခေတ်မှာဖက်ရှင်ဒီဇိုင်းအသစ်တွေမျိုးစုံပေါ်နေပြီဖြစ်ပြီးလိုက်လို့တောင်မမီနိုင်ဖြစ်နေရပါပြီ။

ဒီလို မတူညီတဲ့ဖက်ရှင်ဒီဇိုင်းတွေကိုတွဲဖက်ဝတ်ဆင်တဲ့အခါမှားယွင်းပြီးတွဲဖက်ဝတ်မိရင်ဒီဇိုင်း၂မျိုးစလုံး ပျက်စီးသွားနိုင်ပါတယ်။ဘယ်စတိုင်နဲ့ဘယ်စတိုင်ကလိုက်တယ်ဆိုတာသိထားသင့်ပြီးဘယ်လိုဒီဇိုင်း တွေကိုတွဲဖက်မဝတ်ဆင်သင့်ဘူးဆိုတာသိထားရင်အဝတ်အစားတွေကိုအလန်းဝတ်နိုင်မှာပေါ့။ ဒါကြောင့်တွဲဖက်မဝတ်သင့်တဲ့ဖက်ရှင်အမှားတွေကိုဖေါ်ပြပေးလိုက်ပါတယ်။

၁. Business Suit နဲ့ ဖိနပ်အပါး

ဖိနပ်အပါးတွေကခြေသလုံးကိုကြီးတယ်လို့ထင်ရစေပါတယ်။ business suit တွေနဲ့လုံးဝမလိုက်ဖက် ပါဘူး။ business suit တွေရဲ့စကပ်ကဒူးဖုံးတဲ့အတွက်ခြေထောက်ကိုတိုတယ်လို့ထင်ရစေလို့ဒေါက်ဖိ နပ်ဝတ်ပေးမှခြေထောက်ကိုသွယ်တယ်လို့ထင်ရစေတာပါ။အဲ့လိုအချိန်မှာဖိနပ်အပါးဝတ်လိုက်ရင် အရပ်ပုပြီးခြေထောက်တုတ်တယ်လို့ထင်ရစေပါတယ်။ဒါ့ကြောင့် Business suit နဲ့ ဖိနပ်အပါးကို တွဲဖက်မဝတ်ဆင်သင့်ပါဘူး။

၂. ဂျင်းဘောင်းဘီကိုအကျီင်္ဖုံးဝတ်ခြင်း

ဂျင်းဘောင်းဘီအပေါ်မှာအကျီင်္ခါးရှည်ကိုဖုံးပြီးဝတ်တဲ့အခါကိုယ်လုံးအပေါ်ပိုင်းကအရမ်းရှည်နေတယ် လို့ထင်ရစေပါတယ်။ဂျင်းဘောင်းဘီအတိုနဲ့ဆိုပိုပြီးကြည့်ရဆိုးပါတယ်။ဂျင်းဘောင်းဘီအထဲကိုအကျီင်္ ထည့်ပြီးဝတ်တာကပိုပြီးသင့်တော်ပြီးကြည့်ကောင်းစေပါတယ်။

၃. လက်ကိုင်အိတ်အကြီးကြီးနှင့်ပွဲတက်ဝတ်စုံ

အိတ်အကြီးကြီးတွေကိုအပြင်သွားတဲ့အခါအလုပ်သွားတဲ့အခါတွေမှာကိုင်တာကကြည့်ကောင်းပါတယ်။ဒါပေမယ့်ပွဲတက်မယ်ပါတီတက်မယ်ဆိုရင်လက်ကိုင်အိတ်အကြီးကြီးတွေမကိုင်သင့်ပါဘူး။ လှုပ်ရှားသွားလာရတာသက်တောင့်သက်သာမဖြစ်စေသလိုပွဲတက်ဝတ်စုံအလှကိုလဲဖုံးသွားစေလို့ လက်ကိုင်အိတ်အသေးလေးတွေကိုင်တာကပိုသင့်တော်ပါတယ်။

၎. ခြေသလုံးဖုံးဘွတ်ဖိနပ်နဲ့စကပ်အတို

ခြေသလုံးဖုံးတဲ့ဘွတ်ဖိနပ်တွေနဲ့စကပ်အတိုတွေကလုံးဝမလိုက်ဖက်ပါဘူး။ခြေထောက်ကိုတိုတယ်လို့ ထင်ရစေလို့ပါ။ဖိနပ်အပါးဒါမှမဟုတ်ဒေါက်ဖိနပ်တွေကမှစကပ်အတိုတွေနဲ့လိုက်ဖက်တာပါ။

၅. အပွတွေတွဲဝတ်ခြင်း

အပေါ်ကောအောက်ကောအပွတွေမဝတ်သင့်ပါဘူး။ကိုယ်လုံးကောက်ကြောင်းတွေလုံးဝပျောက်သွားစေလို့ပါ။ဒါ့ကြောင့်အပေါ်ကအပွဝတ်ရင်အောက်ကအကျပ်ဝတ်ပေးတာ၊အပေါ်ကအကျပ်ဝတ်ရင် အောက်ကအပွဝတ်ပေးတာမျိုးကမှလိုက်ဖက်ပါတယ်။

source:jasmine

Read 1088 times
Rate this item
(0 votes)