What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Paper Bag ဘောင်းဘီလေးတွေ အကြောင်း

 Paper Bag ဘောင်းဘီလေးတွေ အကြောင်း ရေးပေးချင်သွားတယ်။ ဘာလို့လဲဆိုတော့ Pinterest မှာ ပျိုမေတော်တော်များများက Paper Bag ဘောင်းဘီကို အတိုအရှည်၊ အောက်အကား၊ အကျဉ်း ဒီဇိုင်းစုံဝတ်လာကြာတာကိုး။ ချစ်စရာကလည်းကောင်း၊ ရုံးသွားရုံးပြန်တင်မက၊ ထသွားထလာအတွက်လည်း အဆင်ပြေ၊ ၀တ်တတ်မယ်ဆို ပါတီ၊ night out အတွက်ပါ ၀တ်ဆင်နိုင်တဲ့ ဒီ paper bag ဘောင်းဘီလေးတွေကို ဘယ်လိုတွဲစပ် ရမလဲစဉ်းစားကြည့်လိုက်တော့လည်း သူက သိပ်အခက်အခဲကြီးလည်း မဟုတ်ပြန်ဘူး။ ဒီတော့ ဒီတစ်ပတ်ရဲ့ NEW TREND အဖြစ် Paper Bag ဘောင်းဘီလေးအကြောင်း ဖတ်ကြည့်လိုက်ပါဦး။

၁။ Paper Bag ဘောင်းဘီလေးတွေရဲ့ကာလာတွေ က ကာကီ၊ စစ်စိမ်း၊ အညိုနု၊ အနက်၊ ပန်းနုရောင်စတဲ့ ကာလာလေးတွေ များပါတယ်။ ဒီတော့ အားသာချက်က အပေါ်က တွဲစပ်ဝတ်ဖို့အရောင်ကို သိပ်ခေါင်းစားခံပြီးရွေးစရာမလိုတော့တာပါပဲ။

၂။ Crop top လေးတွေနဲ့ ၀တ်နိုင်သလို ဘောင်းဘီထဲ အပေါ်က အကျီကို ထည့်ဝတ်တော့လည်း လှနေပြန်ပါတယ်။

၃။ အပေါ်က တွဲဝတ်ရမယ့် ဒီဇိုင်းတွေအနေနဲ့ tee လေးတွေ၊ top အမိုက်စားလေးတွေ၊ graphic tee လေးတွေအပြင်၊ မိန်းကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ ဒီဇိုင်းမျိုးစုံနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒုတိယအချက်မှာပြောခဲ့သလို Crop top တွေ၊ စွပ်ကျယ်အကျပ်လေးတွေ၊ ဆွယ်တာသားအပါးအကျပ်လေးတွေနဲ့လည်း တွဲဝတ်နိုင်သေးတယ်နော်။

၎။ဖိနပ်အနေနဲ့ကတော့ heel လေးတွေ၊ wedge တွေအပြင် shoe တွေနဲ့ပါ တွဲဝတ်နိုင်ပါတယ်။ အောက်အနားကိုခေါက်ပြီး boot လေးတွေနဲ့လည်း တွဲစီးနိုင်ပါတယ်နော်။ ပုံလေးတွေကြည့်ရင် သိပါလိမ့်မယ်။

၅။အိတ်အနေနဲ့ကတော့ ဘေးလွယ်အိတ်ထက် လက်ကိုင်အိတ်၊ လက်ပွေ့အိတ်၊ ပိုက်ဆံအိတ်ခပ်ကြီးကြီး စတာလေးတွေက ပိုလိုက်ဖက်ပါတယ်ရှင်။

Read 1072 times
Rate this item
(0 votes)