What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂ်ပန္မွ Genderless boys မ်ား (Zawgyi-Unicode) ================= ဂ်ပန္မွ Genderless boys မ်ား

တုိက်ဳိၿမိဳ႕ ဟာရာဂ်ဳကုဘူတာ႐ုံတစ္၀ုိက္မွာ ရွင္သန္ေနတဲ့ဟာရာဂ်ဳကု ဆယ္ေက်ာ္သက္ယဥ္ေက်းမႈမွာ Kawaii Boys ေတြကေန ပုိႀကီးမားတဲ့ Genderless Kei Boy ေရြ႕လ်ားမႈႀကီး ေပၚေပါက္လာခဲ့တယ္လုိ႔ ဆုိပါတယ္။

ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕ရဲ႕ ဟာရာဂ်ဳကုဘူတာ႐ုံတစ္၀ုိက္ဟာ ကုန္တုိက္ေတြ ရွိတာမုိ႔ ေစ်း၀ယ္လာသူေတြ၊ ေလွ်ာက္ၾကည့္သူေတြ အၿမဲစည္းကားတဲ့အျပင္ အဆန္းထြင္ ၀တ္စားဆင္ယင္တဲ့ ဆယ္ေက်ာ္သက္ေတြ လာဆုံၾကတဲ့ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၆ ခုႏွစ္ကစလုိ႔ ဟာရာဂ်ဳကုရဲ႕ လမ္းေတြေပၚမွာ ရွင္သန္ေနတဲ့ ဟာရာဂ်ဳကု ဆယ္ေက်ာ္သက္ယဥ္ေက်းမႈမွာေယာက္်ားဆန္ျခင္း မိန္းမဆန္ျခင္း မစဥ္းစားဘဲ ၀တ္စားဆင္ျပင္ အလွျပင့္တဲ့ genderless hot style ေတြ ေရပန္းစားလာခဲ့ၿပီး အဲဒီလုိ ၀တ္ဆင္ၾကတဲ့ ခ်ာတိတ္ေတြကုိ Genderless Kei Boy လုိ႔ ေခၚေ၀ၚၾကတယ္။ Kei က ဂ်ပန္လုိ စတုိင္လ္လုိ႔ ဆုိလုိပါတယ္။Genderless Kei Boy ေတြ ေပၚမလာခင္မွာ Kawaii Boys ေတြ ရွိေနခဲ့တယ္။ Kawaii ဆိုတာက ခ်စ္စရာေလး(cute) လုိ႔ ေျပာတာ ျဖစ္ပါတယ္။ ဟာရာဂ်ဳကု ဆယ္ေက်ာ္သက္ယဥ္ေက်းမႈမွာ Kawaii Boys ေတြကေန ပုိႀကီးမားတဲ့ Genderless Kei Boy ေရြ႕လ်ားမႈႀကီး ေပၚေပါက္လာခဲ့တယ္လုိ႔ ဆုိပါတယ္။ဟာရာဂ်ဳကုရဲ႕ လမ္းေတြေပၚမွာ ႀကီးမားတဲ့ အလည့္အေျပာင္းျဖစ္တဲ့ Genderless Kei စတုိင္လ္ ေရပန္းစားလာတာမွာ အေကာင္းျမင္ၾကသူေတြ ရွိသလုိ အေကာင္းမျမင္ၾကသူေတြလည္း ရွိစၿမဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ဂ်ပန္ရဲ႕ လမ္းေပၚကဖက္ရွင္နဲ႔ ပတ္သက္လုိ႔ အဓိက က်တဲ့ ပထမအခ်က္က Genderless Kei Boy စတုိင္လ္ျဖစ္လာဖုိ စိတ္ကူးေတြကုိ Kawaii Boys ေတြထံမွ ရတယ္။ 

bubble

စတုိင္လ္သစ္ေတြ ေပးေနတဲ့ Bubbles Harajuku ဆုိင္

၀တ္စားဆင္ယင္မႈအတြက္ စိတ္ကူးစိတ္သန္းေတြကုိ ဟာရာဂ်ဳကုမွာ ရွိတဲ့ Bubbles ဆုိတဲ့ ဆုိင္ကေလးကေန ေမြးဖြားေပးေနတယ္။ ၂၀၁၁ ခုႏွစ္မွာ Bubbles Harajuku အမည္ျဖင့္ ေရွးဆန္ဆန္ အ၀တ္အစားအေရာင္းဆုိင္ကေလး ဟာရာဂ်ဴကုမွာ ေပၚေပါက္လာခဲ့ၿပီး ၂၁၀၃ ခုႏွစ္မွာေတာ့ Kawaii စတုိင္အတြက္ အ၀တ္အစားေတြ၊ ဆက္စပ္ပစၥည္းေတြကုိ brand ထူေထာင္ၿပီး ေအာင္ေအာင္ျမင္ျမင္ ေရာင္းခ်ေနတဲ့အျဖစ္ကုိ ေရာက္ရွိသြားခဲ့ၿပီး တုိက်ဳိၿမိဳ႕ရဲ႕ ဆယ္ေက်ာ္သက္ ဖက္ရွင္ေတြအေပၚၾသဇာအရွိဆုံး brand နဲ႔ ၾသဇာႀကီးမားဆုံး ဆုိင္အျဖစ္သုိ႔ ေရာက္ရွိသြားခဲ့ပါတယ္။ Bubbles တံဆိပ္တပ္ၿပီး original ပစၥည္းအျဖစ္ သတ္သတ္မွတ္မွတ္ျပဳကာ ေရာင္းခ်ပါတယ္။ ပစၥည္းအသစ္ထြက္မယ္ဆုိရင္ ပစၥည္းကုိ မျမင္ရခင္ကတည္းက လုိခ်င္ရင္ ႀကိဳတင္မွာယူၾကရပါတယ္။ ပစၥည္း စတင္ေရာင္းခ်တဲ့အခါမွာလည္း ၀ယ္ယူဖုိ႔ ဆုိင္မွာ လာတန္းစီေနၾကတဲ့ လူတန္းရွည္က ေထာင္ဂဏန္း မရွိပါဘူးဆုိရင္ေတာင္ ရာဂဏန္းေတာ့ အၿမဲ ရွိပါတယ္။ Bubbles က အျခား brand ေတြလုိ ဂ်ပန္ႏုိင္ငံ ေနရာအေတာ္မ်ားမ်ားမွာ ဆုိင္ခြဲေတြ ဖြင့္လွစ္ထားၿပီး ေရာင္းခ်တာမ်ဳိးကုိ မလုပ္ဘူး။ ဂ်ပန္တစ္ႏုိင္ငံလုံးမွာ ဆုိင္ သုံးဆုိင္ပဲ ဖြင့္ထားတယ္။ မူလဆုိင္ျဖစ္တဲ့ ဟာရာဂ်ဳကုမွ ဆုိင္အျပင္ ရွိဘုယမွာ တစ္ဆုိင္၊ အုိစာကမွာ တစ္ဆုိင္ စုစုေပါင္း သုံးဆုိင္ပဲ ထားရွိပါတယ္။

Bubbles ရဲ႕ ဒီဇုိင္းစိတ္ကူးေတြက ဂ်ပန္မွာ ၂၀၁၃ ခုႏွစ္တုန္းက ေခတ္စားခဲ့ဖူးတဲ့ Peco ဆုိတဲ့ အသက္ ၁၈ ႏွစ္အရြယ္ မိန္းကေလးရဲ႕ ခ်စ္စရာ အသည္းယားစရာ ၀တ္စားဆင္ယင္ပုံကုိ အေျခခံထားတယ္လုိ႔ သုံးသပ္ၾကပါတယ္။ အဲဒီအေျခခံေပၚမွာ ပန္႔စတုိင္ေတြကုိ ေရာထည့္ေပးထားတာ ျဖစ္ပါတယ္။

peco

Harajuku style icon Peco မိန္းကေလး

Bubbles ဟာ အမ်ဳိးသမီးဖက္ရွင္ကုိ ဗဟုိျပဳထားတယ္။ အဲဒီဟာက အမ်ဳိးသားဖက္ရွင္ လုပ္ငန္းႀကီးေတြအဖုိ႔ နားမလည္ႏုိင္တဲ့အခ်က္ ျဖစ္ေနတယ္။ ဟာရာဂ်ဳကု ဆယ္ေက်ာ္သက္ယဥ္ေက်းမႈမွာ ေခတ္ဆန္းကေန ပင္မေရစီးေၾကာင္းအျဖစ္သုိ႔ ေရာက္ရွိသြားတာကုိလည္း နားလည္ဖုိ႔ ခဲယဥ္းေနေစတယ္။ Bubbles ဆုိင္နဲ႔ အမွတ္တံဆိပ္ကုိ စတင္လုပ္ကုိင္ခဲ့ၾကသူေတြကလည္း ဂ်ပန္အမ်ဳိးသမီးေတြခ်ည္း ျဖစ္ၿပီး အမ်ားစုဟာ အသက္ငယ္ရြယ္သူေတြ ျဖစ္ပါတယ္။ ဒီဇုိင္းထုတ္သူေတြကလည္း လူငယ္လူရြယ္ အမ်ဳိးသမီးေတြ ျဖစ္ပါတယ္။

အခု ၂၀၁၇ ခုနွစ္မွာေတာ့ Bubbles ဟာ စံတစ္ခုအျဖစ္ ဖက္ရွင္ေရွ႕ေဆာင္ ေနရာကုိ ေရာက္ရွိေနပါၿပီ။ Bubbles ထက္သာေအာင္ လုပ္ဖုိ႔ ႀကိဳးစားေနၾကရတယ္။ သာေအာင္ လုပ္ႏုိင္ရင္လုပ္၊ မလုပ္ႏုိင္ရင္ Bubbles ကုိ အတုခုိးၾကရပါတယ္။

ဆက္စပ္ဖတ္႐ႈရန္ေဆာင္းပါး ေအာက္ပါလင့္ခ္ကုိ ႏွိပ္ပါ

`Harajuku (သို႕) လူငယ္ဖက္ရွင္ျမိဳ႕ေတာ္ေလးဆီသို႕ ခဏတာ ျပန္လည္လြမ္းဆြတ္တမ္းတမိျခင္း

http://www.textiledirectory.com.mm/articles/item/273-%60harajuku.html

၅၆
ဆက္စပ္ဖတ္႐ႈရန္ေဆာင္းပါး ေအာက္ပါလင့္ခ္ကုိ ႏွိပ္ပါ

ဟာရာဂ်ဳကု၊ Cream Soda ၊ Milk
http://www.textiledirectory.com.mm/articles/item/261-cream-soda-%E1%81%8A-milk.html

 

 

၅၈
ဆက္စပ္ဖတ္႐ႈရန္ေဆာင္းပါး ေအာက္ပါလင့္ခ္ကုိ ႏွိပ္ပါ

ဂ်ပန္ လမ္းေပၚမွ ဖက္ရွင္
http://www.textiledirectory.com.mm/articles/item/242-japan-genderless-hot-style.html

 

Unicode

ဂျပန်မှ Genderless boys များ

=================

တိုကျိုမြို့ ဟာရာဂျုကုဘူတာရုံတစ်ဝိုက်မှာ ရှင်သန်နေတဲ့

ဟာရာဂျုကု ဆယ်ကျော်သက်ယဉ်ကျေးမှုမှာ Kawaii Boys တွေကနေ ပိုကြီးမားတဲ့ Genderless Kei Boy ရွေ့လျားမှုကြီး ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ ဟာရာဂျုကုဘူတာရုံတစ်ဝိုက်ဟာ ကုန်တိုက်တွေ ရှိတာမို့ ဈေးဝယ်လာသူတွေ၊ လျှောက်ကြည့်သူတွေ အမြဲစည်းကားတဲ့အပြင် အဆန်းထွင် ဝတ်စားဆင်ယင်တဲ့ ဆယ်ကျော်သက်တွေ လာဆုံကြတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၆ ခုနှစ်ကစလို့ ဟာရာဂျုကုရဲ့ လမ်းတွေပေါ်မှာ ရှင်သန်နေတဲ့ ဟာရာဂျုကု ဆယ်ကျော်သက်ယဉ်ကျေးမှုမှာ

ယောက်ျားဆန်ခြင်း မိန်းမဆန်ခြင်း မစဉ်းစားဘဲ ဝတ်စားဆင်ပြင် အလှပြင့်တဲ့ genderless hot style တွေ ရေပန်းစားလာခဲ့ပြီး အဲဒီလို ဝတ်ဆင်ကြတဲ့ ချာတိတ်တွေကို Genderless Kei Boy လို့ ခေါ်ဝါ်ကြတယ်။ Kei က ဂျပန်လို စတိုင်လ်လို့ ဆိုလိုပါတယ်။Genderless Kei Boy တွေ ပေါ်မလာခင်မှာ Kawaii Boys တွေ ရှိနေခဲ့တယ်။ Kawaii ဆိုတာက ချစ်စရာလေး(cute) လို့ ပြောတာ ဖြစ်ပါတယ်။ ဟာရာဂျုကု ဆယ်ကျော်သက်ယဉ်ကျေးမှုမှာ Kawaii Boys တွေကနေ ပိုကြီးမားတဲ့ Genderless Kei Boy ရွေ့လျားမှုကြီး ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဟာရာဂျုကုရဲ့ လမ်းတွေပေါ်မှာ ကြီးမားတဲ့ အလည့်အပြောင်းဖြစ်တဲ့ Genderless Kei စတိုင်လ် ရေပန်းစားလာတာမှာ အကောင်းမြင်ကြသူတွေ ရှိသလို အကောင်းမမြင်ကြသူတွေလည်း ရှိစမြဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဂျပန်ရဲ့ လမ်းပေါ်ကဖက်ရှင်နဲ့ ပတ်သက်လို့ အဓိက ကျတဲ့ ပထမအချက်က Genderless Kei Boy စတိုင်လ်ဖြစ်လာဖို စိတ်ကူးတွေကို Kawaii Boys တွေထံမှ ရတယ်။

ဝတ်စားဆင်ယင်မှုအတွက် စိတ်ကူးစိတ်သန်းတွေကို ဟာရာဂျုကုမှာ ရှိတဲ့ Bubbles ဆိုတဲ့ ဆိုင်ကလေးကနေ မွေးဖွားပေးနေတယ်။ ၂၀၁၁ ခုနှစ်မှာ Bubbles Harajuku အမည်ဖြင့် ရှေးဆန်ဆန် အဝတ်အစားအရောင်းဆိုင်ကလေး ဟာရာဂျူကုမှာ ပေါ်ပေါက်လာခဲ့ပြီး ၂၁၀၃ ခုနှစ်မှာတော့ Kawaii စတိုင်အတွက် အဝတ်အစားတွေ၊ ဆက်စပ်ပစ္စည်းတွေကို brand ထူထောင်ပြီး အောင်အောင်မြင်မြင် ရောင်းချနေတဲ့အဖြစ်ကို ရောက်ရှိသွားခဲ့ပြီး တိုကျိုမြို့ရဲ့ ဆယ်ကျော်သက် ဖက်ရှင်တွေအပေါ်

သြဇာအရှိဆုံး brand နဲ့ သြဇာကြီးမားဆုံး ဆိုင်အဖြစ်သို့ ရောက်ရှိသွားခဲ့ပါတယ်။ Bubbles တံဆိပ်တပ်ပြီး original ပစ္စည်းအဖြစ် သတ်သတ်မှတ်မှတ်ပြုကာ ရောင်းချပါတယ်။ ပစ္စည်းအသစ်ထွက်မယ်ဆိုရင် ပစ္စည်းကို မမြင်ရခင်ကတည်းက လိုချင်ရင် ကြိုတင်မှာယူကြရပါတယ်။ ပစ္စည်း စတင်ရောင်းချတဲ့အခါမှာလည်း ဝယ်ယူဖို့ ဆိုင်မှာ လာတန်းစီနကြေတဲ့ လူတန်းရှည်က ထောင်ဂဏန်း မရှိပါဘူးဆိုရင်တောင် ရာဂဏန်းတော့ အမြဲ ရှိပါတယ်။ Bubbles က အခြား brand တွေလို ဂျပန်နိုင်ငံ နေရာအတော်များများမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပြီး ရောင်းချတာမျိုးကို မလုပ်ဘူး။ ဂျပန်တစ်နိုင်ငံလုံးမှာ ဆိုင် သုံးဆိုင်ပဲ ဖွင့်ထားတယ်။ မူလဆိုင်ဖြစ်တဲ့ ဟာရာဂျုကုမှ ဆိုင်အပြင် ရှိဘုယမှာ တစ်ဆိုင်၊ အိုစာကမှာ တစ်ဆိုင် စုစုပေါင်း သုံးဆိုင်ပဲ ထားရှိပါတယ်။

Bubbles ရဲ့ ဒီဇိုင်းစိတ်ကူးတွေက ဂျပန်မှာ ၂၀၁၃ ခုနှစ်တုန်းက ခေတ်စားခဲ့ဖူးတဲ့ Peco ဆိုတဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးရဲ့ ချစ်စရာ အသည်းယားစရာ ဝတ်စားဆင်ယင်ပုံကို အခြေခံထားတယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီအခြေခံပေါ်မှာ ပန့်စတိုင်တွေကို ရောထည့်ပေးထားတာ ဖြစ်ပါတယ်။

Harajuku style icon Peco မိန်းကလေး

Bubbles ဟာ အမျိုးသမီးဖက်ရှင်ကို ဗဟိုပြုထားတယ်။ အဲဒီဟာက အမျိုးသားဖက်ရှင် လုပ်ငန်းကြီးတွေအဖို့ နားမလည်နိုင်တဲ့အချက် ဖြစ်နေတယ်။ ဟာရာဂျုကု ဆယ်ကျော်သက်ယဉ်ကျေးမှုမှာ ခေတ်ဆန်းကနေ ပင်မရေစီးကြောင်းအဖြစ်သို့ ရောက်ရှိသွားတာကိုလည်း နားလည်ဖို့ ခဲယဉ်းနေစေတယ်။ Bubbles ဆိုင်နဲ့ အမှတ်တံဆိပ်ကို စတင်လုပ်ကိုင်ခဲ့ကြသူတွေကလည်း ဂျပန်အမျိုးသမီးတွေချည်း ဖြစ်ပြီး အများစုဟာ အသက်ငယ်ရွယ်သူတွေ ဖြစ်ပါတယ်။ ဒီဇိုင်းထုတ်သူတွေကလည်း လူငယ်လူရွယ် အမျိုးသမီးတွေ ဖြစ်ပါတယ်။

အခု ၂၀၁၇ ခုနှစ်မှာတော့ Bubbles ဟာ စံတစ်ခုအဖြစ် ဖက်ရှင်ရှေ့ဆောင် နေရာကို ရောက်ရှိနေပါပြီ။ Bubbles ထက်သာအောင် လုပ်ဖို့ ကြိုးစားနကြေရတယ်။ သာအောင် လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် Bubbles ကို အတုခိုးကြရပါတယ်။

Read 1149 times
Rate this item
(0 votes)