What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပခုံးကျယ်ကျယ်တွေ ကြည့်ကောင်းဖို့ဆိုရင်...

ပခုံးကျယ်ကျယ်တွေ ကြည့်ကောင်းဖို့ဆိုရင်... people facebook

  ပခုံးကျယ်တဲ့ လေဒီတွေရဲ့ ခန္ဓာကိုယ်ကို တြိဂံဇောက်ထိုး ဘော်ဒီပုံပန်းလို့လည်း ဆိုကြပါတယ်။

 

တချို့က ကိုယ့်ခန္ဓာကိုယ်ပုံပန်းကို ကိုယ် တိုင်သိကြပေမဲ့ တချို့ကျတော့ မသိကြပြန်ဘူး။ ဘယ်လို အချိုးအစားကိုမှ ပခုံးကျယ်တဲ့ တြိဂံဇောက်ထိုးလို့ဆိုတာလဲလို့ မေးလာခဲ့ရင်တော့ သင့်တင် ပါး အရွယ်အစားထက် ပိုကျယ်ပြန့်တဲ့ ပခုံးရှိမယ်ဆို ဒါကို တြိဂံဇောက်ထိုး ခန္ဓာကိုယ်ပုံပန်းရှိတယ်လို့ပဲ အလွယ်ဆိုပါရစေ။

    ဒီလိုလေဒီတွေအတွက် အလွယ်ကူဆုံး ဖက် ရှင်မျက်လှည့်ကတော့ သင့်ရဲ့ အားနည်းချက်ကို လူမမြင်စေချင်တဲ့အခါ သင့်အားသာချက်ကို ကြွား လုံးထုတ်လိုက်ပါ။ ဥပမာအားဖြင့် သင်ဟာ ပခုံး ကျယ်ပေမဲ့ သွယ်လျတဲ့ ခြေတံရှိတယ်ဆိုရင်တော့ သင့်ခြေတံကို လူမြင်အောင် ကြွားလုံးများများ ထုတ် ပါ။ ပခုံးကျယ်ပေမဲ့ ခါးသေးတယ်ဆို ခါးနားလေး မှာ သိမ်တဲ့ဝတ်စုံတွေ အဝတ်ဘီဒိုထဲ ဖြည့်သာထား
လိုက်ပါ။
    ဆက်လက်ပြီး အကျယ်တဝင့် ရှင်းပြရမယ်ဆိုရင်တော့...

navy dress DQ 9659 b

ခပ်တိုတို ခပ်မိုက်မိုက် စတိုင်လ်လေး ဖမ်းကြည့်ပါ...

  ဒါကတော့ ပထမဆုံးရွေးချယ်ရမယ့် နည်း လမ်းပါ။ တင်ပါးကလည်း သာမန်ပဲရှိတဲ့အပြင် ခြေတံလှပြီး အရပ်က သိပ်မရှည်ဘူးဆိုရင်တော့ ဒီလို ခပ်တိုတိုခပ်မိုက်မိုက် ဖက်ရှင်တွေက သင့် ပခုံးကျယ်တွေကို ဖုံးဖိပေးမယ့် အကြောင်းတရား
တစ်ခုပါ။ သိပ်တိုစရာမလိုဘဲ ဒူးနားခပ်ဝဲဝဲ ဖက်ရှင် လေးတွေနဲ့ ခါးနားကို နည်းနည်းသိမ်ထားပြီး အောက်ပိုင်းမှာ မဆိုစလောက်လေးကားတဲ့ ဖက် ရှင်လေး တွေက အတော်အလုပ်ဖြစ်ပါတယ်။
    ထသွားထလာပဲဖြစ်ဖြစ် ပွဲနေပွဲထိုင်ဖြစ်ဖြစ် အထက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေနဲ့ လိုက် ဖက်တဲ့ဖက်ရှင်ကို ရွေးကြည့်ပါ။ လက်တို၊ လက် ရှည်ဖြစ်ခြင်း၊ ဝတ်စုံရဲ့ လည်ပင်းပေါက် ကျဉ်းခြင်း၊ ကျယ်ခြင်းတွေက ဒီနေရာမှာသိပ်မသိသာ ပါဘူး။ ဖားပါးစပ်လို့ အများခေါ်ကြတဲ့ ပခုံးပြဲပြဲဒီဇိုင်းနဲ့ ပခုံးမှာဖော့ခံပြီးချုပ်တဲ့ ဒီဇိုင်းတွေကို လက်ရှောင် ထားပါ။

burgundy dress CH 2348 a

ခပ်ကြပ်ကြပ်လေးတွေလည်း ဝတ်ကြည့်ပါ...

 ပခုံးကျယ်တဲ့ အမျိုးသမီးတွေ ခပ်ကြပ်ကြပ် ဖက်ရှင်လည်း ဝတ်ကြည့်သင့်ပါတယ်။ ဒီဖက်ရှင် တွေက သင့်ကိုကူကယ်မယ့် ပစ္စည်းတွေပါ။ အပေါ် အင်္ကျီ ခပ်ကြပ်ကြပ်ပဲဖြစ်ဖြစ်၊ တစ်ဆက်တည်း ဂါဝန် ခပ်ကြပ်ကြပ်ပဲဖြစ်ဖြစ် သင့်ရဲ့ ကျယ်ပြန့်တဲ့ ပခုံးတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါ တယ်။ ခါးနားမှာလည်း ကြပ်ထားတဲ့အတွက် လူတွေက သင့်ခါးနေရာလေးကို အာရုံစိုက်မိစေ ပါတယ်။ ဒါဟာ ကျယ်ပြန့်တဲ့ပခုံကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။
    ဘယ်လောက်ပခုံးကျယ်တဲ့ သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ဝတဲ့သူဖြစ်ဖြစ် သူ့ခါးနေရာက တော့ ခန္ဓာကိုယ်ပုံပန်းမှာ အသေးဆုံး ထောင့်ချိုး တစ်ခုပါ။ ဒါကြောင့် ခပ်ကြပ်ကြပ်ဖက်ရှင်တွေကို ပခုံးကျယ်တဲ့သူတွေအပြင် တခြားသော ခန္ဓာကိုယ် ပုံပန်း ရှိနေမယ်ဆိုလည်း ရွေးချယ်နိုင်ပါ တယ်။ ခပ်ကြပ်ကြပ် ဖက်ရှင်ထဲမှာမှ V ပုံစံလည်ပင်းပေါက် ပါတယ်ဆိုရင်တော့ ခုချက်ချင်း သာ  ပိုက်ဆံရှင်းပြီး ဝယ်လိုက်ပါတော့။

burgundy dress DQ 8997 a

လည်ဟိုက်ဖက်ရှင်ကိုလည်း စဉ်းစားပါ...

ရင်သားလှပြီး ပခုံးကျယ်တဲ့ လေဒီတွေအ တွက် နည်းလမ်းကောင်းတစ်ခုပါ။ လည်ဟိုက် ဝတ် တိုင်း ကြည့်မကောင်းဘူးဆိုတဲ့ အမြင်ရှိတယ်ဆို အခုပဲ စွန့်လွှတ်လိုက်ပါ။ ဒါဟာ သင့်ပခုံးတွေကို အာရုံစိုက် သက်သာစေမယ့် နည်းလမ်း တစ်သွယ် လို့ မှတ်ယူပါ။
    သင့်မှာ သွယ်လျတဲ့ ခြေတံတွေရှိမနေဘူး ဆိုရင် ဒီနည်းလမ်းကိုပဲ ပိုရွေးသင့်တယ်လို့ အကြံ ပြုလိုပါတယ်။ နွေရာသီဖက်ရှင်လို ရင်ဟိုက်ဟိုက် ဂါဝန်ရှည်တွေကိုလည်း ရွေးနိုင်ပါသေးတယ်။

wpid screenshot 2015 04 02 10 49 03 1

 အပေါ်ကြပ်ကြပ် အောက်ကားကား ဖက်ရှင်ကို လည်း ငဲ့ကြည့်ပါ.

    သင့်ခန္ဓာကိုယ်ပုံပန်းကိုက ပခုံးက တင်ပါး ထက် ပိုကျယ်ပြန့်နေတယ်မလား။ ဒီတော့ ပခုံး နဲ့တင်ပါးရဲ့ အချိုးညီမှုကို ထည့်စဉ်းစားဖို့ လိုလာ ပါပြီ။ ဒါကြောင့် အပေါ်ပိုင်း ခပ်ကြပ်ကြပ်နဲ့ အောက် ပိုင်းမှာ ခပ်ကားကားဖြစ်တဲ့ ဖက်ရှင်တွေက အလိုက် ဖက်ဆုံး ဖြစ်လာပါတော့တယ်။
    ဆောင်းတွင်းဆိုရင်ရော ဒီလိုလေးဝတ်ဖို့ အ ဆင်မပြေဘူးလို့ အထွန့်တက်လာရင်တော့ ကုတ် အင်္ကျီအရှည်ကိုသုံးဖို့ ထပ်ဆောင်းအကြံပြုပါတယ်။

1442542997693284187

 ကျောဟိုက် ဖက်ရှင် ဝတ်ကြည့်ပါ..

 ကျောဟိုက်၊ ကျောဗလာ ဖက်ရှင်တွေက မိန်းမသိပ်ဆန်တဲ့ ဖက်ရှင်တွေပါ။ ဝတ်ဖို့ နေရာ လည်း အင်မတန်ရွေးပါတယ်။ ဒါပေမဲ့ ပခုံးကျယ် တဲ့ အမျိုးသမီးတွေ ဆောင်ထားသင့်တဲ့ ဖက်ရှင် လည်း ဖြစ်နေပြန်ပါတယ်။ သာမန်ဂါဝန်ရှည်ရှည်
တွေဝတ်ပြီး ပွဲတက်မယ့်အစား ကျောဟိုက်၊ ကျော ဗလာ ဖက်ရှင်လေးတွေလည်း ဝတ်ကြည့်ပြီး သူ တကာ လည်ပြန်ငေးအောင် လုပ်နိုင်ပါသေးတယ်။

c055922adee4d55cb2b7eca3bb0d91fa dressy pants black dress pants

ခြေတံအလှကို ဦးစားပေးကြည့်ပါ...

  ခန္ဓာကိုယ်အပေါ်ပိုင်းထက် အောက်ပိုင်းကို အာရုံစိုက်စေမယ့် နည်းလမ်းတစ်ခုပါ။ စတိုင်လ် ကျတဲ့ဘောင်းဘီရှည်ရှည်နဲ့ ဒေါက်မြင့်ဖိနပ်က သင့်ခြေတံတွေကို သာမန်ထက်ပိုပြီးဆွဲဆောင်မှုရှိစေမှာပါ။ ပခုံးကျယ်ပြီး ခြေတံလှတဲ့လေဒီတွေ ရွေး ချယ်ရမယ့် နည်းလမ်းပဲဆိုပါစို့။ ချည်သား ခပ်ပွပွ ဘောင်းဘီရှည်ပဲဖြစ်ဖြစ်၊ ပေါင်ရင်းနား တင်ပါးနားမှာ ဇာပန်းလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ စကပ်ပဲဖြစ်ဖြစ် ရွေးချယ်ပြီး ခြေတံအလှကို ဦးစားပေးကြည့်ပါ။

white dress LUX LD2193 a

လည်ပေါက်ကျယ်ကျယ် ဝတ်ကြည့်ပါ...

  ပခုံးကျယ်လို့ လည်ပေါက်ကျယ်တဲ့ အင်္ကျီကို မရှောင်သင့်ပါဘူး။ ရင်ပြတ်အင်္ကျီတွေကသာ သင့် ပခုံးတွေကို အရုပ်ဆိုးစေတာပါ။ လည်ပေါက်ကျယ် ကျယ်နဲ့ အပေါ်ပိုင်းခပ်ကြပ်ကြပ်၊ အောက်ပိုင်း ခပ်ကားကား ဖက်ရှင်တွေက သင့်ကို တစ်မူထူး ခြားစေမှာပါ။

2016 03 Page 110

source: people magazine

Read 1286 times
Rate this item
(1 Vote)