What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံမှာနေတာမို့မြန်မာရီုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ဖက်ရှင်လေးတွေကို ၀တ်စေချင်သူ ဂျူးစံသာ

အလှမယ်တယောက်လဲဖြစ် သီချင်းတွေလဲ အဆိုကောင်းတဲ့ ဂျူးစံသာကို ဖက်ရှင်နဲ့ ပတ်သတ်ပြီးမေးမြန်းထားတာကတော့ ………..

-လက်ရှိကြိုက်နေတဲ့ ဖက်ရှင်လေးကိုပြောပြပေးပါဦး။

ဂျူးကအရင်ကတည်းကပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေ ၀တ်ဆင်ရတာကြိုက်တယ်။လူငယ်ဆန် တဲ့ဝတ်စုံလေးတွေကိုဝတ်ဆင်ဖြစ်ပါတယ်။နောက်ဘောင်းဘီရှည်ဆိုလည်းအောင်ပိုင်းပွပွလေးတွေပြန်ဝတ်ဆင်ဖြစ်နေတယ်။ဂါဝန်အတိုလေးတွေဝတ်ဆင်ရတာကြိုက်ပါတယ်။ အရောင်ဆိုရင်တော့ များသောအားဖြင့် အရောင်တောက်တောက် ၀တ်ဆင်ဖြစ်သလိုအရောင်ဖျော့ဖျော့လေးတွေလည်းကြိုက်ပါတယ်။ အရောင်နဲ့ ၀တ်စုံဒီဇိုင်းတွေကိုဒီဇိုင်နာတွေနဲ့ တိုင်ပင်ပြီးတော့ ၀တ်ဆင်ဖြစ်ပါတယ်။ လက်ရှိအဖြူရောင်အရမ်းကြိုက်နေပါတယ်။ ဂျူးကတော့ဒီဇိုင်နာတွေတော်တော်များများနဲ့ဝတ်စုံဒီဇိုင်းသစ်လေးတွေဖန်တီးဝတ်ဆင်ဖြစ်ပေမယ့် အများဆုံးချုပ်ဖြစ်တာကီးဇိုင်နာမဂျူနဲ့ပါ။

-အလှမယ်တယောက်အနေနဲ့ဖက်ရှင်ပေါ်အမြင်လေးပြောပြပေးပါဦး။

ဂျူးတို့အတွက်တင်မဟုတ်ဘဲလူတိုင်းအတွက် ဖက်ရှင်ကအရေးပါပါတယ်။ ဂျူးတို့ရဲ့ အနုပညာလောကအတွက်ဆိုရင်တော့ပိုပြီးတော့အရေးကြီးတာပေါ့။အနုပညာရှင်တယောက်ဖြစ်လို့ ပရိသတ်တွေကြားသွားရတယ်။ ပွဲတွေတက်ရတယ်။ ကိုယ်သွားရမယ့်ပွဲပေါ် မူတည်ပြီးတော့ဖက်ရှင် ကျအောင်ဝတ်ဆင်ရပါတယ်။ ဒါကြောင့်ကိုယ်ကထင်သာ မြင်သာဖြစ်အောင်တော့ စမတ်ကျကျဖက်ရှင်လေးတွေ ၀တ်ဆင်ရပါတယ်။

22308615 931179393689811 4370841406548950220 n

-ဂျူး ကိုယ်တိုင်ရောမြန်မာဝတ်စုံဆိုရင်ဘယ်လိုဖက်ရှင်လေးတွေဝတ်ဆင်ဖြစ်မလဲ။

ဂျူးရဲ့မြန်မာဝတ်စုံဆိုရင် ရင်စေ့ဝတ်ရတာသိပ်မကြိုက်ဘူး။ ရင်ဖုံးလေးတွေဝတ်ဆင်ရတာကြိုက်တယ်။ နောက်ဇစ်လေးတွေနဲ့ဖက်ရှင်ကျတဲ့ မြန်မာဝတ်စုံလေးတွေကြိုက်တယ်။ ရင်ဖုံးကိုခါးတိုလေးတွေကြိုက်ပါတယ်။ အရင်ခေတ်ကလုံချည်အရှည်တွေအတိုတွေလည်းခေတ်စားခဲ့တယ်။ဂျူးကလက်ရှိမှာတော့လုံချည်အတိုလေးဝတ်ဆင်ရတာကြိုက်ပါတယ်။ မြန်မာဝတ်စုံလေးဝတ်ဆင်ရတော့စိတ်ခံစားချက်ဆိုရင်အရမ်းလည်းကျက်သရေရှိပြီးတင့်တယ်တယ်လို့ခံစားရပါတယ်။

-ဖက်ရှင်တွေကိုရောဘယ်လိုလေ့လာဖြစ်လဲ။

ဂျူးကပြည်တွင်းရယ်ပြည်ပရယ်မဟုတ်ပါဘူး။facebook သုံးရင်းနဲ့ပဲလေ့လလာကြည့်ရူဖြစ်ပါတယ်။ ဓာတ်ပုံတွေကြည့်ပြီးလက်ရှိဘယ်လိုဖက်ရှင်ဒီဇိုင်း တွေခေတ်စားနေလဲ။အခုခေတ်uptade ဒီဇိုင်းတွေသေချာကြည့်ဖြစ်တယ်။တစ်နေရာတည်းလေ့လာတာတော့မဟုတ်ပါဘူး။

-ဖက်ရှင်နဲ့ ပတ်သတ်ပြီးအမှတ်တရစကားပြောပေးပါဦး။

ဖက်ရှင်ကတော့လူတိုင်းတွက် အရေးကြီးပါတယ်။ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ခေတ်ရေစီးကြောင်းအလိုက် လက်ရှိဖက်ရှင်ဒီဇိုင်းတွေ အရင်က ဖက်ရှင်ဒီဇိုင်းတွေအကုန်လေ့လာသင့်ပါတယ်။ ဒါပေမယ့် ဂျူးတို့က မြန်မာနိုင်ံမှာနေတာမို့မြန်မာရီုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ဖက်ရှင်လေးတွေကို ၀တ်စေချင်ပါတယ်။ ဂျူးကိုယ်တိုင်လဲလူငယ်ဖြစ်လို့ အတိုအပြတ်တွေလည်း ၀တ်ပါတယ်။ အရမ်းကြီးဟော့တာတော့ မကောင်းပါဘူး။မြန်မာလူမျိုးတွေအရင်ကတည်းကယဉ်ယဉ်ကျေးကျေးဝတ်ဆင်ကြတယ်။ခေတ်ပေါ်ဖက်ရှင်ဒီဇိုင်းကိုမှ မြန်မာရိုးရာလည်းမပျောက်ပျက်အောင်ဝတ်ဆင်ကြပါလို့ပြောချင်ပါတယ်။ 

Read 1105 times
Rate this item
(0 votes)