What's new

×

Warning

JUser: :_load: Unable to load user with ID: 845


BTSရဲ့ “ Fashion King” Jimin

BTS ၏ “ဖက်ရှင်ဘုရင်” Jimin သည် သူ့ရဲ့ ဖက်ရှင်စတိုင်လ်များကို GQ မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုတွင် ဖော်ပြခဲ့ပါတယ်။


GQ မဂ္ဂဇင်းသည် စက်တင်ဘာ ၁၀ ရက်တွင် BTS အသင်းဝင်များရဲ့ သက်ဆိုင်ရာ ဖက်ရှင်စတိုင်လ်များကို သူတို့ရဲ့တရားဝင် You tube ရုပ်သံလိုင်းတွင် ကြေညာခဲ့ပါတယ်။

 

BTS Jimin က သူ၏စတိုင်ကို ARMY တွေကလွဲပြီး ဘယ်သူမှ သတ်မှတ်လို့မရဘူးဆိုပြီး ကြေညာခဲ့ပါတယ်။ ARMY ဆိုတာကတော့ BTS ရဲ့ Fan Club ပဲဖြစ်ပါတယ်။

 

" ARMY တွေက ကျွန်တော့်ဘဝရဲ့လှုပ်ရှားမှုတိုင်းအတွက် အားအင်တစ်ခုဖြစ် စေတယ်။ ဒါကြောင့် ကျွန်တော့်ဘဝရဲ့အလင်းကို ထင်ဟပ်စေနိုင်တဲ့ မှန်တစ်ချပ်နဲ့တူပါတယ်။ ကျွန်တော်ရဲ့ ARMY တွေနဲ့ နွေးထွေးတဲ့ ခင်မင်ရင်းနှီးမှု ရအောင် ကြိုးစားခဲ့တယ်။ နောက်ပြီး သူတို့ရဲ့ စတိုင်လ်အကျဆုံး ဖက်ရှင်မော်ဒယ်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခဲ့ပါတယ်" လို့ Jimin က ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

 

 

Jimin ရဲ့စတိုင်က အလွန်ဆွဲဆောင်မှုရှိပြီး အလွန်ကြော့ရှင်းတဲ့ စတိုင်လ်မျိုး ဖြစ်ပါတယ်။ များသောအားဖြင့် သူ၏အဝတ်အစားများကို ခေါင်းပေါ် ဝတ်ဆင်ခြင်း၊ မျက်မှန်များ၊ လက်ဝတ်ရတနာများနှင့် နားကပ်များ၊ လက်စွပ်များနှင့်လက်ကောက်များဖြင့် ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်တယ်။

 

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် GQ မဂ္ဂဇင်းရဲ့ အကောင်းဆုံးဝတ်စားဆင်ယင်သူ ၁၀ ယောက်ထဲမှာမှ Jimin အား ရွေးချယ်ခဲ့ပါသည်။ ကိုရီးယား ၊ ဆိုးလ်ရှိ Gimpo လေဆိပ်တွင် ဝတ်ဆင်ခဲ့သော သူရဲ့ ဝတ်စုံမှာ ၁၉၉၃ နှင့် ၂၀၁၉ အတွင်း လေဆိပ်တွင် ဝတ်စုံများ မည်သို့ဝတ်ဆင်ရမည်ကို ဖော်ညွှန်းပြခဲ့ပါတယ်။

 

 

Jimin ဟာဆိုရင် BTS ၏ပထမဦးဆုံးအဖွဲ့ဝင်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသားများရဲ့ အသိအမှတ်ပြုခံရပြီးနောက်ပိုင်းတွင် ဖက်ရှင်စီးပွားရေးလုပ်ငန်းများ၏ ထိပ်တန်းစာရင်းတွင်ပါဝင်ခဲ့သည်။ BOF အဖွဲ့ဝင်များက Jimin ကို ဖက်ရှင်လောကရဲ့ အကောင်းဆုံး ဖက်ရှင် Influencer တစ်ယောက် အဖြစ်ရွေးချယ်ခဲ့ပါတယ်။ ဒါတွေကပဲ Jimin ဟာ ဖက်ရှင် King ဖြစ်ကြောင်းကို သက်သေပြနေတာပဲဖြစ်ပါတယ်။

 

By HtikeHtike (Myanmar Textile & Garment Guide)

Ref: allkpop.com

Read 895 times
Rate this item
(0 votes)