What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရိုးရှင်းဆုံးဖက်ရှင်ဒီဇိုင်းတွေ ၀တ်ဆင်တာများပါတဲ့ ချစ်စနိုးဦး

အရိုးရှင်းဆုံးဖက်ရှင်ဒီဇိုင်းတွေ ၀တ်ဆင်တာများပါတဲ့ ချစ်စနိုးဦး facebook

၂၀၁၁ခုနှစ်တွင် ရင်ကွဲနာဇာတ်ကားဖြင့် အကယ်ဒမီရရှိထားတဲ့ချစ်စနိုးဦးကို ဖက်ရှင် နဲ့ ပတ်သတ်ပြီးမေးမြန်းထားတာကတော့……………

 

-သဲအခုလက်တလော ကြိုက်နှစ်သက်တဲ့ဖက်ရှင် ကို ပြောပြပေးပါဦး။

 သဲသဲအပြင်မှာဝတ်တာ ကတော့ ပေါ့ပေါပါးပါးဘဲဝတ်ဆင်ဖြစ်ပါတယ်။ အနုပညာရှင်တယောက်ဖြစ်နေတော့ ခေတ်နဲ့အညီကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်တာလေးတွေဝတ်ဆင်ဖြစ်ပါတယ်။အရမ်းထွင်တာတွေကွန့်တာတွေတော့မရှီပါဘူး။တခါတလေတော့ဒီဇိုင်နာတွေဖြစ်တဲ့မမေမြတ်ဝါဆိုတို့အဉ္ဇာလီဇော်ထက်တို့ဖက်ရှင်ဒီဇိုင်းနဲ့သဲသဲရဲ့ အိုင်ဒီယာနဲ့ရောယှက် ပြီးချုပ်ဖြစ်ပါတယ်။ဒါပေမယ့်သဲသဲကရိုးရိုးပုံစံကိုဝတ်ရတာပိုကြိုက်ပါတယ်။ အပြင်သွားရင်ဂျင်းနဲ့တီရှပ်ဝတ်ဆင်ရတာပိုကြိုက်ပါတယ်။

20604264 10209851107218371 1872874291341063624 n

 

-ပွဲတက်ဝတ်စုံဒီဇိုင်းတွေကိုရော ဘယ်လိုရွေးချယ်ဝတ်ဆင်ဖြစ်လဲပြောပါဦး။

 သဲသဲတို့တက်ရောက်တဲ့ပွဲတွေပေါ်မူတည်ပြီး သူတို့သတ်မှတ်ထားတဲ့ အရောင်ကိုမှအကောင်းဆုံးရိုးရိုးရှင်းရှင်းပြင်ဆင်ပြီးဝတ်ဆင်ဖြစ်တယ်။မြန်မာဝတ်စုံဝတ်ဆင်တဲ့ ပွဲဆိုလည်းမြန်မာဝတ်စုံလေးဝတ်ဆင်ဖြစ်ပါတယ်။ သဲသဲကဖြစ်နိုင်ရင်တော့ အရိုးရှင်းဆုံးဖက်ရှင်ဒီဇိုင်းတွေ ၀တ်ဆင်တာများပါတယ်။

19875130 10209604055242226 520401903576469509 n

 

-လက်ရှိခေတ်စားနေတဲ့မြန်မာဝတ်စုံလေးတွေနဲ့အွန်လိုင်းပေါ်တင်တဲ့ နန်းဆန်တယ်လို့စကားတွေသုံး တဲ့အပေါ်မှာရော။

သဲသဲတို့ကမြန်မာလူမျိုးပါ။ မြန်မာဝတ်စုံလေးတွေကို တန်ဖိုးထားရမှာပေါ့။ကိုယ်တွေခေတ် တုန်းကဆိုရင် နည်းနည်းပျင်းဖို့ကောင်းတဲ့ဒီဇိုင်းတွေပေါ့။ရင်ဖုံးရယ်၊ရင်စေံရယ်ကိုလက်ရှည်နဲ့ လက်တိုပဲရှိကြတယ်။ အခုချိန်မှာဒီဇိုင်တွေအများကြီးပေါ်လာတဲ့အတွက် မြန်မာဝတ်စုံလေးတွေကို ၀တ်ချင်စရာလေးတွေဖြစ်အောင်ချုပ်လုပ်ဖန်တီးထားကြတယ်။ အရမ်းရိုးရီုးကြီးဖက်ရှင်းဒီဇိုင်းမဟုတ်ဘဲကြယ်သီးဆန်းဆန်းလေးတွေ ပန်းလှလှလေးတွေ ဖဲပြားလေးတွေနဲ့ ဆန်းသစ်အောင်ဖန်တီးလာတာတော့ကောင်းပါတယ်။ သဲသဲတို့လည်းဒီလိုဖက်ရှင်ဒီဇိုင်းသစ်လေးတွေနဲ့ရိုက်ပြီးအွန်လိုင်းပေါ်တင်တော့ နန်းဆန်တယ်ဖြစ်လာတာပေါ့။

source:the standard time

Read 1772 times
Rate this item
(0 votes)