What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"KARROT" ဆိုတဲ့ brand ကို လုပ်ကိုင်နေတဲ့ ဘန်နီဖြိုး

"KARROT" ဆိုတဲ့ brand ကို လုပ်ကိုင်နေတဲ့ ဘန်နီဖြိုး bunny phyo facebook

သီချင်းလဲအဆိုကောင်းသလို စီးပွါးရေး အနေနဲ့ လဲ "KARROT" ဆိုတဲ့ brand ကို လုပ်ကိုင်နေတဲ့ ဘန်နီဖြိုးကို စီးပွးရေးလုပ်ငန်းများနှင့် ပတ်သတ်ပြီးမေးမြန်းဖြစ်ပါတယ်။ 

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
"KARROT" ဆိုတဲ့ brand နဲ့ လူငယ်ဖက်ရှင် အဓိက target ထားတဲ့ clothing line တစ်ခုလုပ်ဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ တီရှပ်၊ အနွေးထည်နဲ့ ဦးထုပ်ကို အဓိကထားပြီး ထုတ်ဖြစ်ပါတယ်ဗျာ။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
စိတ်ကူးကတော့ ဟိုးအရင်ကတည်းက ကျွန်တော်က အဲလို အင်္ကျီပေါ်မှာ ကိုယ့်ဘာကိုယ် ပုံတွေဆွဲပြီး ဝတ်ရတာကြိုက်တယ်။ အဲဒီတုန်းကတည်းက စိတ်ကူးယဉ်တာပေါ့ ငါသာဆိုရင် ဒီ အင်္ကျီကို ဘယ်လိုဒီဇိုင်းနဲ့ ထုတ်မှာတို့ဘာတို့... လိုဂိုကို ဘယ်လိုလေးလုပ်မှာတို့။ အဓိကကတော့ အဲဒီက စတဲ့ ရူးသွပ်မှုတစ်မျိုးပါပဲ။ အခု အချိန်မှာ ကိုယ်သီချင်းဆိုပြီးရတဲ့ ဝင်ငွေနဲ့ နောက်ထပ် ကိုယ့်ရဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖြစ်တာပါ။ 

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
စပြီး အစီအစဉ်ဆွဲဖြစ်ခဲ့တာတော့ ၂ဝ၁၄ လောက်မှာပါ။ အကောင်အထည်ဖော်ဖြစ်တာတော့ ၂ဝ၁၅ မှပေါ့။ ကိုယ်က လုပ်ချင်တဲ့ စိတ်တစ်ခုပဲရှိတာလေ ဘာမှမှမသိတာ အဲ့ဒီတော့ အရင်လုပ်နေတဲ့ သူတွေနောက် တစ်ကောက်ကောက်လိုက် လိုက်ကြည့် လိုက်မေး တိုင်ပင်ရင်းနဲ့ပဲ ဖြည်းဖြည်းချင်းစယူရတာပေါ့။

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
အခက်အခဲကတော့ အစုံပဲဗျ။ ဒီဇိုင်းပိုင်းဆိုရင်လည်း ကိုယ်တိုင်လုပ်တဲ့ ဒီဇိုင်းတွေအပြင် တချို့ဒီဇိုင်းတွေက သူငယ်ချင်း ပုံဆွဲတဲ့သူတွေနဲ့ ပေါင်းလုပ်တာရှိတယ်။ အဲ့လို ပေါင်းလုပ်ရင် တအား ညှိရတယ်။ အဲ့ဒီ ပုံဆွဲတဲ့ ဘဲက ငယ်ငယ်တည်းက၊ အထက်တန်းကျောင်းတုန်းကတည်းက သူငယ်ချင်းဆိုတော့ နှစ်ယောက်ဆုံရင် မျောနေလိုက် ဒီကောင့်ကိုဖမ်းလို့မမိလိုက်နဲ့ တကယ် product ထုတ်မယ့် အချိန်ကပ်လာတော့ အချိန်မမှီတာတွေ ကြုံရတာပေါ့။ နောက်ပြီး ပထမဆုံး ပစ္စည်းစမှာ
တုန်းကဆိုရင်လည်း ဘယ်အချိုးတွေမှာရမှန်းမသိ ဘယ်လိုဈေးဆစ်ရမှန်းမသိ တိုင်အကြီးကြီးပတ်တာဗျာ။ ကိုယ်က ဒီဇိုင်းလုပ်ချင်တဲ့ ပိုးကနေအစပြုပြီး ဒီအလုပ်လုပ်ဖြစ်တာလေ။ အထည်ရောင်းပြီး သူဋ္ဌေးလုပ်မယ်ဆိုတဲ့ စီးပွားရေး အတွေးမှမဟုတ်တာ။ အဲ့ဒါက အဓိကပြဿနာပဲဗျ။ ကောင်းကောင်းကလည်း လုပ်ချင်ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကလည်း limit နဲ့ ဆိုတော့ တအားညှိယူရတယ်။ ကိုဖြိုးလေးတို့လည်း အများကြီးကူပေးလို့ အဆင်ပြေတာ။ ကျွန်တော်ထင်တိုင်းကြဲနေရင် အခုလောက်ဆို အသစ်တောင် ထုတ်နိုင်တော့မှာမဟုတ်ဘူး။ နောက်ထပ်အခက်အခဲတစ်ခုက တစ်ဖက်မှာ သီချင်းဆိုဖို့တွေ၊ အခွေအတွက် သီချင်းလုပ်ဖို့တွေလည်းရှိနေတဲ့အတွက် သေချာအချိန်မပေးနိုင်တာပါ။ အဲဒါကြောင့် သူများတွေ နှစ်လတစ်ခါလောက် အသစ်ထွက်တဲ့အချိန်မှာ ကျွန်တော့်ဆီက ဒီဇိုင်းအသစ်တစ်ခါထုတ်ဖို့ ခြောက်လလောက် ကြာပါတယ်။ ဟိုသူငယ်ချင်းကလည်း စင်္ကာပူရောက်သွားတော့ ကျွန်တော်ပဲဆွဲ ကျွန်တော်ပဲ မကြိုက်နဲ့ မုန့်လုံးစက္ကူကပ်နေတာဗျ။ ကျွန်တော်အများကြီး အလုပ်လုပ်ရဦးမှာဗျ။ အခုက လုပ်ချင်တဲ့နောက်ကို လုပ်နိုင်တာက မလိုက်နိုင်သေးဘူး ဖြစ်နေတယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
တတိယအခွေထွက်ပြီးရင်တော့ ဒီဘက်ကို အချိန်ပေးမှရမှာဗျ။ အခွေနဲ့ ပတ်သက်တဲ့ mer-chandise တွေလည်း ထုတ်ရဦးမှာ။ နောက် အ ကြမ်းဆွဲထားတဲ့ ဒီဇိုင်းတွေ ပြန်အချောသတ်ပြီး ထုတ်သင့်တာထုတ် ဖြုတ်သင့်တာဖြုတ်ပေါ့။ ရာသီဥတုနဲ့ အခြေအနေအချိန်အခါကလည်း ကြည့်ရသေးတယ်။ တအားခေါင်းရှုပ်တယ် ဒါပေမဲ့ စီးပွားရေးဆိုတာထက် ဝါသနာအရင်းခံထားတဲ့ အရာတစ်ခုဖြစ်နေတဲ့အတွက်တော့ ခံသာပါသေးတယ်။ ဆက်ပြီးတော့ လုပ်ဖြစ်မှာပါပဲ။ အခု KARROT classic t-shirt ဆိုတာကို နောက်ထပ် color series တွေနဲ့ ထုတ်ဖို့ရော ဒီဇိုင်းအသစ်တွေနဲ့ရော အသစ်ထွက်ဖို့တွေတော့ရှိတယ်ဗျ။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
ဘာပဲလုပ်လုပ် ကိုယ်တိုင်စိတ်ပါ ဝါသနာပါမှ အဲ့ဒီအလုပ်ကို ဘာအခက်အခဲနဲ့ ကြုံကြုံ လွယ်လွယ် မစွန့်လွှတ်ဘဲနှမြောတတ်မှာဗျ။ အဲတော့ ရွေးချယ်ခွင့်များရှိမယ်ဆိုရင် ကိုယ် ဝါသနာပါတဲ့ အလုပ်ကိုပဲလုပ်စေချင်ပါတယ်။ Chris Brown ပြောတဲ့ စကားလိုပေါ့ "Follow your dreams, but make sure you have fun too". နောက်ပြီးတော့ ပိုက်ဆံနောက် အောင်မြင်မှုနောက်ကိုပဲ လိုက်ရင်းနဲ့ ပတ်ဝန်းကျင်နဲ့ မိသားစုနဲ့ မဝေးကွာသွားပါစေနဲ့လို့။ ကိုယ့်ကိုချစ်ပေးနေတဲ့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အတွက် အကောင်းဆုံးပါ။ ကိုယ် အလုပ်လုပ်တယ်ဆိုတာလည်း သူတို့ အတွက်ပါတာပဲ။ အဲတော့အားလုံး ကိုယ်လုပ်ချင်တာလုပ်ရပြီး စိတ်ချမ်းသာတဲ့ အောင်မြင်မှုတွေ ရကြပါစေဗျ။

15896256 1192436540870594 7246746786773171133 o

source: myanmar people magazine

Read 1247 times
Rate this item
(2 votes)