What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အောက်ချင်းငှက်မောင်နှံ ဖက်ရှင်ဒီဇိုင်းနဲ့ ပွဲတက်မယ့် မင်းထက်နဲ့ စိုးနန္ဒာကျော်

အောက်ချင်းငှက်မောင်နှံ ဖက်ရှင်ဒီဇိုင်းနဲ့ ပွဲတက်မယ့် မင်းထက်နဲ့ စိုးနန္ဒာကျော် google

အနုပညာလောကသားများ ဖြစ်ကြတဲ့ မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ ဇနီးမောင်နှံကတော့ အကယ်ဒမီပေးပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။

အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းကွာနေသလို ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာပါ။ ဒီနေ့မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကြီးကို သူတို့ ဇနီးမောင်နှံဟာ ဆန်းပြားတဲ့ဖက်ရှင်တွေနဲ့ တက်ရောက်လာမယ် လို့လဲ သိရပါတယ်။

Read: ဇွဲထက် ရွှေဆိုင်ရဲ့ ရတနာဒီဇိုင်းတွေနဲ့ ပွဲတက်မယ့် နိုင်ငံကျော် ရုပ်ရှင် မင်းသမီးတွေရဲ့ ဖက်ရှင်

သရုပ်ဆောင် မင်းထက်နဲ့ စိုးနန္ဒကျော်တို့ စုံတွဲက ပွဲတက်ရောက်ကြမှာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ၀တ်စုံကိုတော့ aroma zulu wedding studio မှ ဖန်တီး ချုပ်လုပ်ပေးထားတာလို့ သိရပါတယ်။ အချစ်အတွက် အသက်ပေးမယ့် သစ္စာတရားကြီးမားတဲ့ အောင်ချင်းငှက် ကို ၀တ်စုံရဲ့ အလှအဖြစ် ခမ်းခမ်းနားနား ဖန်တီးချုပ်လုပ် ပေးထားတာဖြစ်ပါတယ်။ ဝတ်စုံလေးရဲ့ အရောင်ကတော့ မိုးပြာရောင်လေး  ဖြစ်ပါတယ်။ အဲ့ဒီအပေါ်ကနေမှ ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ အောက်ချင်းငှက်မောင်နှံပုံစံလေး ဖန်တီး ထားတာ ဖြစ်ပါတယ်။

snk

သူတို့နှစ်ဦးရဲ့ အချစ်တွေ သစ္စာတရားတွေကို ဖော်ကျူးထားတဲ့ ၀တ်စုံလေးလို့လဲ ထင်ရပါတယ်။  အနုပညာရှင်တွေကြားထဲမှာ ထူးခြားလှတဲ့ စုံတွဲ ဖြစ်နေလိမ့်မယ်လို့ ထင်မိတဲ့အတွက် ပရိသတ်ကြီး ရှု့စားနိုင်စေဖို့ သူတို့ နှစ်ယောက်ရဲ့ဝတ်စုံဖက်ရှင်ကို မျှဝေပေးလိုက်ပါတယ်နော်။

Reference: aroma zulu wedding studio
Myanmar Textile and Garment Directory

Read 1700 times
Rate this item
(1 Vote)