What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သိန်း ၅၀၀၀ တန် စိန်လက်စွပ်ဝတ်ပြီး အကယ်ဒမီပွဲတက်မယ်ဆိုတဲ့ ကျော်ကျော်နန္ဒရဲ့ ဖက်ရှင်

သိန်း ၅၀၀၀ တန် စိန်လက်စွပ်ဝတ်ပြီး အကယ်ဒမီပွဲတက်မယ်ဆိုတဲ့ ကျော်ကျော်နန္ဒရဲ့ ဖက်ရှင် google

ဆက်ပက်သင်္ကြန် သီချင်း နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ သူကတော့ ကျော်ကျော်နန္ဒ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဆန်းပြားထူးခြားနေတဲ့ ဖက်ရှင်တွေနဲ့

သီချင်းတွေ ကြောင့်ပရိသတ်တွေကြားထဲမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ် ။ မကြာသေးမီကလည်း သိန်း ၁၂၀၀ တန် နဂါး လက်ကောက်တစ်ကွင်း လက်ဆောင်ရခဲ့ကြောင်းကို လူမှုကွန်ရက် စာမျက်နှာထက်ကနေ ပရိသတ်ကို အသိပေးခဲ့သလို ၃၄ သိန်းတန် LV အိတ်လက်ဆောင် ရခဲ့ ကြောင်း ဗီဒီယိုလေးကိုလည်း ပရိသတ်ကိုချပြခဲ့ပါတယ် ။

kknd4

ဒီနှစ် ၂၀၁၉ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကိုလည်း သိန်း ၅၀၀၀ တန် စိန်လက်စွပ်ဝတ်ပြီး တက်ရောက်ဖြစ်မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါပြီ ။ အကယ်ဒမီ ပွဲတက်ဝတ်စုံကိုတော့ အရမ်းတန်ဖိုးကြီးတာမျိုးမဟုတ်ဘဲ တိုင်းရင်းသား ဝတ်စုံနဲ့ပဲ တက်ရောက်ဖြစ်မယ်လို့ ပြောပြလာခဲ့ပါတယ် ။ သိန်း ၁၂၀၀ တန် နဂါးလက်ကောက်ကိုလည်း အကယ်ဒမီ ပေးပွဲမှာဝတ်ဆင်သွားမယ်လို့သိရပါတယ် ။

kknd2

အဆိုးပဲမြင်မြင် အကောင်းပဲမြင်မြင် ကျော်ကျော်နန္ဒဆိုတာ ပရိသတ်ရင်ထဲကို ရောက်လာပြီဖြစ်လို့ အကောင်းဆုံးဆက်ကြိုးစားသွားပါမယ်လို့ ပရိသတ်တွေကိုအသိပေးခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် အကယ်ဒမီပေးပွဲကို သိန်း ၅၀၀၀ တန် စိန်လက်စွပ်ဝတ်ပြီး ပွဲတက်မယ်လို့လဲ သိရပါတယ်။ ဒါပေမယ့် ကျော်ကျော်နန္ဒဟာ အကယ်ဒမီပေးပွဲ တက်ရောက်ခွင့်ကို ပယ်ချခံခဲ့တယ်ဆိုတဲ့ သတင်းတွေတော့ ထွက်ခဲ့ပါတယ်။

kknd1

Source: Lwin Pyin

Myanmar Textile and Garment Directory

Read 1630 times
Rate this item
(1 Vote)