များသောအားဖြင့် crop top ဖက်ရှင်ကို ထသွားထလာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ကြတာများပါတယ်။ crop top ဖက်ရှင်က စမတ်လည်း ကျသလို၊ စကပ်၊ ဘောင်းဘီ နဲ့ လိုက်ဖက်စွာ တွဲဖက်ဝတ်ဆင် တတ်မှ ဖက်ရှင်ကျမှာပါ။ crop top ဖက်ရှင်၊ ရင်ပြတ်အင်္ကျီဖက်ရှင်တွေက လွန်ခဲ့တဲ့ နှစ်တွေကတည်း က ဖက်ရှင်ရေစီးကြောင်းမှာ အချိန်အတော်ကြာ နေရာယူခဲ့ပါတယ်။။
အခုဆိုရင်လည်း မရိုးနိုင်တဲ့ ဖက်ရှင်ထဲမှာ crop top ကလည်း ပါဝင်နေပါတယ်။ ဆယ်ကျော်သက် မိန်းကလေးအများစု အကြိုက် တွေ့တဲ့ ဖက်ရှင်ဖြစ်တာကြောင့် လူငယ်တွေကြား Trending ဖြစ်ခဲ့ပါသေးတယ်။ ထသွားထလာပဲ ဝတ်ဝတ်၊ Festival တွေပဲသွားသွား၊ ပါတီပွဲပဲတက်တက်၊ သူငယ်ချင်းတွေနဲ့ night out ထွက်ရင် လည်း လူကြားထဲ ဆွဲဆောင်မှု အရှိဆုံး မိန်းကလေးအဖြစ် ထင်းခနဲဖြစ်နေစေမှာပါ။ ကမ္ဘာကျော် ဆယ်လီတချို့ကတော့ crop top ဖက်ရှင်နဲ့ အနီရောင် ကော်ဇောထက် ဘယ်လိုမျိုး အလှဆုံး လျှောက်လှမ်းလာလဲဆိုတာကို ဖော်ပြပေးလိုက် ပါတယ်။ သူတို့ရဲ့crop top ဖက်ရှင်က ရိုးရှင်းပြီး အလှဆုံးဖြစ်နေတာကို မြင်တွေ့ရမှာပါ။
Kerry Washington

Olivia Munn

Rita Ora

Joan Smalls

Alessandra Ambrosio

Suits များကို ရွေးချယ်ပြီး ပွဲတက်ခဲ့ကြတဲ့ ဆယ်လီတို့ရဲ့ အမိုက်စားဖက်ရှင်
Yara Shahidi

Meghan Trainor

Selena Gomez

Kelly Rowland

Sara Sampaio

Source:myanma platform





