အနောက်နိုင်ငံတွေက Fashion လောကရဲ့ ထိပ်တန်းမော်ဒယ်လ်တွေဆိုတာ အရပ်၊ အသားအရေ၊ ရုပ်ရည်ချောမောမှု အစစအရာရာ အောင်မြင်ပြည့်စုံနေမှသာ လျှောက်လမ်းပေါ်ကနေ ပရိသတ်တစ်ရပ်လုံးရဲ့ အာရုံကို ဆွဲယူဖမ်းစားခွင့်ရတာပါ။
ဒါပေမယ့် Modelling လောက ဆိုတာကလည်း ပြစ်မျိုးမှဲ့မထင်အရည်အချင်းပြည့်ဝ ထူးချွန်တဲ့ အချောအလှထိပ်တန်းတွေချည်း စုဝေးနေတာဆိုရင်တော့ အထင်နဲ့အမြင်လွဲမှားစရာပါ။ တကယ့် Fashion Modelling လောကမှာ နာမည်ကြီးနေတဲ့ ဒီမော်ဒယ်လ်တွေကတော့ သာမန် မော်ဒယ်လ်တစ်ယောက်ရဲ့ရှိသင့်တဲ့အရပ်ထက် ပုနေပေမယ့် အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။ အာရှနိုင်ငံတွေအတွက်ဆိုရင်တော့ အရပ် ၅ပေ ၇လက်မဝန်းကျင်ဆိုတာ အရပ်ရှည်တဲ့အရွယ်ပေမယ့် အနောက်နိုင်ငံလို အရပ်အနည်းဆုံး ၅ပေ၁၀လက်မအရွယ် မော်ဒယ်လ်မင်းသမီးတွေ အတွက်တော့ ပုတယ်လို့ဆိုရမှာပါ။ ဒီလို ဘုရားပေးတဲ့ အရပ်နဲ့ပေမယ့် ဒီလောက်ကံကောင်းတဲ့ မော်ဒယ်လ်ဘဝကိုပိုင်ဆိုင်သူတွေကတော့-
( ၁) Devon Aoki
မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ ဒီမော်ဒယ်လ်လေးကတော့ Fast and Furious နဲ့ ied or Alive (DOA) တို့လို နာမည်ကြီး ရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး အရပ်၅ပေ ၇လက်မဝန်းကျင်နဲ့တောင် လျှောက်လမ်းပေါ်မှာ အောင်မြင်နေသူတစ်ယောက်ပါ။ အသက် ၁၃ နှစ်တည်းက မော်ဒယ်လ်ဘဝနဲ့စတင်ခဲ့သူဖြစ်ပြီး အသက် ၁၆ နှစ်မှာ Versace ရဲ့ မျက်နှာသစ်မော်ဒယ်လ်အဖြစ် Naomi Campbell နေရာဝင်ရောက်လာသူပါ။ ရုပ်ရှင်ကား ၁၃ ကားမှာပါဝင်ခဲ့ပြီး သူ့ကိုတော့ ရုပ်ရှင်ချစ်သူတွေသိကြပြီးဖြစ်မှာပါ။
(၂) Eva Pigford
Eva Marcille လို့သိကြတဲ့သူမကတော့ အမေရိကန် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး TV Host အဖြစ်ရော၊ စူပါမော်ဒယ်လ်တစ်ယောက်အဖြစ်ပါအောင်မြင်နေတဲ့ သူတစ်ယောက်ပါ။ အရပ်ပုပေမယ့် အထာကျတဲ့ သူဖြစ်ပြီး မော်ဒယ်လ်အလုပ်ကိုတော့ America’s Next Top Model ရဲ့ Third Cycle မှာ အနိုင်ရပြီးတည်းက စတင်ခဲ့သူပါ။
Fashion နဲ့ Art တို့ရဲ့ ပေါင်းစည်းမှု အလှတရားကို ပြောပြလိုက်တဲ့ Clavin Klein
(၃) Georgia May Jagger
သူမကတော့ Rock and Roll အဆိုရှင်ကြီး Rolling Stones အဖွဲ့ဝင် Mick Jagger ရဲ့ သမီးဖြစ်ပြီး အရပ် ၅ပေ၇လက်မသာသာနဲ့ ပုပုသေးသွယ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်မော်ဒယ်လ်ပါ။ အရပ်ပုပေမယ့် Fendi၊ Louis Vuitton နဲ့ Channel တို့လို ထိပ်တန်း Fashion Show တွေမှာ အောင်မြင်ခဲ့သူပါ။
(၄) Cara Delevingne
ထိပ်တန်း မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ အရည်အသွေးအပြည့်ဝဆုံးနဲ့ အောင်မြင်မှုအမြင့်ဆုံး Cara ရဲ့ အရပ်ဟာလည်း ၅ပေ၈လက်မပဲရှိပေမယ့် Model လောကမှာတော့ တော်ရုံမယှဉ်နိုင်အောင်ကို အောင်မြင်တဲ့သူပါ။ လူတွေအများကြီးဝေဖန်ကြတာက လျှောက်လမ်းပေါ်မှာ ကျွန်မရဲ့ အရပ်က ပုပြီးသေးသွယ်နေပါတယ်တဲ့။ ပုပုမပုပု ကျွန်မကတော့ ဂရုစိုက်မှာမဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောခဲ့တာပါ။
(၅) Laetita Casta
သူမကတော့ Dolce and Gabbana ရဲ့ မျက်နှာသစ် မော်ဒယ်လ်ဘဝကနေ တဟုန်ထိုး အောင်မြင်လာသူဖြစ်ပြီး L’Oreal နဲ့ စာချုပ်ချုပ်ဆိုခဲ့ရုံသာမက Victoria’s Secret Angel အဖြစ်နဲ့ Vogue ၊ Elle တို့လိုမဂ္ဂဇင်းတွေထက် အစွမ်းကုန်နေရာရလာသူပါ။ အရပ်ကတော့ အံ့သြလောက်စရာပါပဲ။ ၅ပေ ၆လက်မသာသာပါတဲ့။
(၆) Kate Moss
နာမည်ကြီး Fashion Queen တစ်ယောက်ဖြစ်တဲ့ Kate Moss ကတော့ 1999 ခုနှစ်တည်းက အောင်မြင်ခဲ့သူဖြစ်ပြီး Calvin Klein ၊Chanel နဲ့ LV တို့လို Runway Shows တွေပေါ်မှာ အတောက်ပဆုံး ထွန်းလင်းခဲ့သူတစ်ဦးပါ။ Fashion မိခင်တစ်ယောက်လို့ဆိုရလောက်အောင် နောက်တက် မော်ဒယ်လ်လေးတိုင်းရဲ့ အားကျမှုကို ခံယူရတဲ့ သူမရဲ့ အရပ်ကလည်း ၅ပေ၅လက်မသာသာပဲရှိပါတယ်တဲ့။
(၇) Marilyn Monroe
အမေရိကန်နိုင်ငံရဲ့ နာမည်အကြီးဆုံး အဆိုတော်နဲ့ရုပ်သံမင်းသမီး Marilyn Monroe ကတော့ အရပ်ပုပေမယ့်အအောင်မြင်ဆုံး မော်ဒယ်လ်မင်းသမီးတွေထဲမှာတော့ ထိပ်ဆုံးပါ။ အရပ် ၅ပေ၅လက်မသာရှိပေမယ့် ပုရိသတိုင်းအတွက်တော့ ညို့ဓါတ်ပြင်းတဲ့ နတ်ဘုရားမတစ်ပါးပါပဲ။ သူမရဲ့ အရပ်ပုခြင်းက အောင်မြင်မှုအရှိန်အဟုန်အတွက် နည်းနည်းလေးမှ အဟန့်အတားတောင်မဖြစ်စေခဲ့ပါဘူး။
လူတစ်ယောက်ရဲ့ အရည်အသွေး အစစ်အမှန်ဟာ ရုပ်ရည်ချောမောခြင်း၊ အရပ်ပုခြင်း ရှည်ခြင်းတို့နဲ့ တိုက်ရိုက်မသက်ဆိုင်ဘဲ ကံ၊ ဉာဏ်၊ ဝိရိယနဲ့ ကြိုးစားမှုတို့အပေါ်သာမူတည်ကြောင်းကို ဒီထိပ်တန်းမော်ဒယ်လ်တွေက မီးမောင်းထိုးပြနေသလိုပါပဲ။
Source:akhyar