What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိုးရာသီမှာ အဝတ်အစားတွေ မြန်မြန်ခြောက်စေမယ့် နည်းလမ်းကောင်းများ

အခုတလော မိုးရွာတာလည်း စိပ်လာပြီဆိုတော့ မိုးရာသီမှာ ကြုံတွေ့ရတတ်တဲ့ ပြသနာကတော့ အဝတ်တွေ အလွယ်တကူ မခြောက်သွေ့တာပါ။ အရေးတကြီးသွားစရာရှိနေတဲ့အခါမျိုးမှာ ကိုယ်ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အဝတ်က မခြောက်သေးဘူးဆိုရင် စိတ်ကသိကအောက် ဖြစ်ရပါတယ်။

စိုထိုင်းထိုင်းဖြစ်နေတာကြီးကို ဝတ်သွားမယ်ဆိုရင်လည်း အရေပြားယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ အဝတ်တွေ အမြန်ခြောက်စေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေသေချာညှစ်ပါ။

Squeeze

ရေကျန်တဲ့အဝတ်တွေက ခြောက်ဖို့ ခက်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ အဝတ်တွေ အလျင်အမြန်ခြောက်ဖို့ဆိုရင် အဝတ်လျှော်ပြီးတဲ့အခါတိုင်း ရေကိုသေချာစွာ ညှစ်သင့်ပြီး အဝတ်လျှော်စက် သုံးတဲ့သူတွေအနေနဲ့တော့ Spin Wash ကို အသုံးပြုသင့်ပါတယ်။

ရေညှစ်ပြီးတဲ့အခါမှာလည်း ဒီအတိုင်း လှန်းလိုက်တာမျိုးထက် အဝတ်ကို သေချာခါပြီးမှ လှန်းခြင်းက အဝတ်တွေကို အလွယ်တကူ ခြောက်သွေ့စေနိုင်မှာပါ။

(၂) ရေစုပ်နိုင်တဲ့ မျက်နှာသုတ်ပုဝါတွေကို အသုံးပြုပါ။

Wrap your clothes with towels or blankets

မျက်နှာသုတ်ပုဝါထဲမှာ လျှော်ပြီးသားအဝတ်ကို ဖြန့်ပြီးထည့်ကာ မိနစ်အနည်းငယ်လောက် သေချာဖိပြီး လိပ်ထားလိုက်ပါ။ ပြီးရင် ထိုလိပ်ထားတာကို အားရှိသလောက် ညှစ်ချလိုက်တဲ့အခါ အဝတ်ထဲမှာရှိတဲ့ရေတွေ အနည်းငယ်တောင် မကျန်စေဘဲ ရေစင်သွားမှာပါ။ အဲ့ဒီနောက် ထိုအဝတ်ကို လှမ်းပြီး သိပ်မကြာခင်မှာပဲ ခြောက်သွားပါလိမ့်မယ်။

ဒါမှမဟုတ် ရေညှစ်ထားတဲ့အဝတ်ကို ကြားကနေ မျက်နှာသုတ်ပုဝါခံပြီး မီးပူတိုက်ရင်လည်း အခြောက်မြန်ပါတယ်။

(၃) လေများများတိုက်တဲ့ ပြတင်းပေါက်နားမှာ သေချာလှမ်းပါ။

Win

လေဝင်လေထွက်ရရင် အဝတ်အစားတွေက ပိုပြီးတော့ အခြောက်မြန်ပါတယ်။ စင် ဒါမှမဟုတ် တန်းထိုးပြီး ပြတင်းပေါက်နားမှာ လှမ်းခြင်းက အဝတ်တွေကို ခြောက်သွေ့တာ မြန်စေပါတယ်။

တစ်ခုသတိထားရမှာက ပြတင်းပေါက်နဲ့ အရမ်းကပ်ပြီးတော့ ဘယ်တော့မှ မလှမ်းမိပါစေနဲ့။ မခြောက်တဲ့အပြင် မိုးပက်ပြီး စိုရွဲနေမှ အခက်တွေ့နေပါလိမ့်မယ်။

(၄) အခန်းရဲ့ စိုထိုင်းစကို လျှော့ချပါ။

Sa

မိုးရာသီမှာ အခန်းတွေရဲ့ စိုထိုင်းစဟာ ပိုမိုမြင့်တက်နေတာကြောင့်လည်း အဝတ်တွေ အလျင်အမြန်ခြောက်သွေ့ဖို့ ခက်နေတာပါ။

အခန်းရဲ့စိုထိုင်းစကို လျှော့ချဖို့ အိမ်မှာ အလွယ်တကူရှိတဲ့ အိမ်သုံးဆား ဒါမှမဟုတ် မီးသွေးခဲတို့ကို ပန်းကန်အလွတ်တခုထဲ ထည့်ပြီး အခန်းထောင့်တွေမှာ ထားပေးခြင်းက အခန်းရဲ့ စိုထိုင်းစတွေကို လျှော့ချပေးနိုင်ပါတယ်။

(၅) Hair Dryer ကို အသုံးပြုပါ။

dryer

ဒီနည်းလမ်းကတော့ အခြောက်လွယ်တဲ့ တီရှပ်တို့၊ စပို့ရှပ်တို့လို အဝတ်အစားတွေမှာ သုံးတာများပါတယ်။ ခပ်မြန်မြန်ခြောက်ဖို့ လိုအပ်တဲ့ ရုံးယူနီဖောင်းတွေနဲ့ အတွင်းခံ အဝတ်အစားတွေဆိုရင်တော့ Hair Dryer နဲ့ မှုတ်ကာ အခြောက်ခံပြီးမှ လှန်းလိုက်ခြင်းက အဝတ်တွေကို အချိန်တိုအတွင်း ခြောက်သွေ့စေပါတယ်။

မီးပူတောင်တိုက်စရာမလိုဘဲ အဝတ်အစားပြန့်ပြန့်လေးတွေကိုလည်း Dryer ကျေးဇူးနဲ့ ရနိုင်ပါသေးတယ်။

Source - iMyanmar House

Read 664 times
Rate this item
(0 votes)