What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချိုးဖောက်ပစ်ရမဲ့ ဖက်ရှင် စတိုင်လ်များ(၁)

ချိုးဖောက်ပစ်ရမဲ့ ဖက်ရှင် စတိုင်လ်များ(၁) google

ဘယ်ဥပဒေကမှ သတ်မှတ်ခြင်းမရှိဘဲနဲ့ တစ်ချို့ဖက်ရှင်စတိုင်လ်တွေကို လူတွေရှောင်ကြဉ်ကြပါတယ်။ တကယ်တော့ ဖက်ရှင်ဆိုတာ ကိုယ်ထွင်ချင်ရင် ထွင်သလို ဝတ်နိုင်တဲ့ အရာမျိုးပါ။

ဘယ်ဖက်ရှင် မျိုးကိုမှ မဝတ်ရဘူးဆိုတဲ့ စည်းမျဉ်းမရှိပါဘူး။ ဒီတော့

 

၁။ အနီရောင်နဲ့ပန်းရောင်တွဲဝတ်တာမျိုး။

အရင်တုန်းက ဒီအရောင်နှစ်ရောင်ကို တွဲဝတ်လိုက်ရင် လူတွေဝိုင်းကြည့်ခံရမှာပါ။ ခုချိန်မှာတော့ ကိုယ့်စိတ်ထဲမှာရှိတဲ့ အရောင်တိုင်းကို အပေါ်၊ အောက်ဆင်မြန်းပစ်လို့ရနေပါပြီ။

 

၂။ အဖြူဝမ်းဆက် ဝတ်ဆင်တာမျိုး။

အထက်၊ အောက် အဖြူဝမ်းဆက် ဝတ်မယ်ဆို ဖိုးသူတော်လို့ အခေါ်ခံရမှာ ကြောက်နေသေးလား။ ဒါတွေမလိုတော့ပါဘူး။

 

၃။လက်ပတ်ကြိုး၊ accesoory တွေ အိမ်ကမထွက်ခင် ချွတ်ခဲ့တာမျိုး။

ကိုယ်သွားရမယ့်နေရာက ပွဲတက်မို့လို့ လက်က ပုတီးစေ့တွေ ချွတ်ထားခဲ့ဖို့ မလိုတော့ပါဘူး။ ဒါဖက်ရှင်ပါပဲ။

 

၎။ အပြာနဲ့အနက်ရောင်နဲ့ မလိုက်ဖက်ဘူးဆိုတာမျိုး။

ရှေးရိုးစွဲဖက်ရှင်အမြင်တွေ မေ့ပစ်လိုက်ပါ။ ဒီအရောင်တွေကို တွဲဆင်မြန်းချင်တယ်ဆိုတဲ့ စိတ်ခံစားချက်ရှိရင် ဝတ်ပစ်လိုက်ရုံပေါ့။

 

၅။ ဒီဇိုင်းပါတဲ့အဆင်တွေဆို အထက်အောင် ရှုပ်ယှက်ခတ်အောင် မဆင်မြန်းပါနဲ့။

အမှန်တကယ်ဆို အပေါ်အောက် မတူတဲ့ ဒီဇိုင်းပါတဲ့ အဆင်တွေ ဆင်မြန်းတာဟာ လူငယ်အသွင်တောင် ပိုဆောင်ပါသေးတယ်။ fresh လည်းဖြစ်ပါတယ်။

 

၆။ ရွှေ ဒါမှမဟုတ် ငွေနဲ့ပတ်သက်ပြီး accessory တွေကို ရောမဝတ်ပါနဲ့။

ရွှေဆိုရင်ရွှေ၊ ငွေဆိုရင်ငွေ သပ်သပ်စီခွဲဝတ်တဲ့ခေတ်ကျန်ခဲ့ပါပြီ။ အားလုံးရောဝတ်ပြီး accessory ခပ်များများဆင်မြန်းပစ်တာကလည်း ဖက်ရှင်ပဲနော်။

 

၇။ မင်္ဂလာဆောင်ကို အနီဝတ်မသွားရဘူးဆိုတာမျိုး။

အနီနဲ့အနက်ဆိုရင် မင်္ဂလာဆောင် ဝတ်မသွားသင့်ဘူးလို့ ဆိုကြပေမယ့် ဒီအယူတွေလည်း ခုချိန်မှာ ပျောက်ကွယ်ကုန်ပါပြီ။

 

၈။ Sneaker ဖိနပ်တွေဟာ gym ဆော့တဲ့အချိန်မှာသာ ဝတ်ဆင်ရတယ်ဆိုတာမျိုး။

ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအတွက်သာမက ပွဲတက်တွေမှာပါ စီးလာကြတဲ့ Sneaker ဖိနပ်တွေဟာ gym ဆော့တဲ့အချိန်မှသာ ဝတ်ဆင်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကတော့ မရှိတော့တာတောင် ကြာနေပါပြီနော်။

 

၉။ အပေါ်အောက် ဂျင်းဝမ်းဆက်ဝတ်တာဟာ ကြည့်ရဆိုးတယ်ဆိုတာမျိုး။

အပေါ်အင်္ကျီကလည်း ဂျင်း၊ အောက်ကဘောင်းဘီကလည်း ဂျင်းမို့လို့ ကြောင်တောင်တောင်နိုင်တယ်ဆိုတာမျိုးလည် ခုချိန်မှာ မရှိတော့ပါဘူး။ အထာကျတယ်လို့တောင် ထင်နေကြသေး။

 

၁၀။ ခါးပတ်ရယ်၊ ဖိနပ်ရယ်၊ အိတ်ရယ် အရောင်ကာလာတူနေရမယ်ဆိုတာမျိုး။

အရင်တုန်းကတော့ ဘယ်အရာတွေ ကွဲပြားနေပါစေ။ ဖိနပ် နဲ့ အိတ်၊ ဒါမှမဟုတ် ဖိနပ်နဲ့ ခါးပတ် ကာလာတူနေမယ်ဆိုရင် ကြည့်ရတာ မိုက်တယ်။ ဖက်ရှင်ကျတယ်ဆိုတာမျိုးလည်း မဟုတ်တော့ပါဘူး။ တစ်ရောင်စီခွဲဝတ်လည်း အထာကျတာပါပဲ။

 

Source : Shwe Chit Thu

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 1192 times
Rate this item
(0 votes)
Tagged under