What's new

×

Warning

JUser: :_load: Unable to load user with ID: 845


accessory တွေနဲ့ ဂေါ်ကြည့်ရအောင်

accessory တွေနဲ့ ဂေါ်ကြည့်ရအောင် facebook

အဝတ်အစားနဲ့တင် အရမ်းလန်းနေပြီဆိုပေမယ့်လည်း accessories လေးတွေဖြည့်လိုက်မှ လိုက်ဖက်တဲ့ အနေအထားမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

 accessory ဆိုတာလည်း သူ့နေရာနဲ့သူတော့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ အရမ်းဂေါ်လွန်းတဲ့ဟာမျိုးကို ဘယ်လို အပြင်အဆင်မျိုးနဲ့ ဝတ်ရမှန်း မသိသူတွေအတွက် အနည်းငယ် အကြံပြုပါရစေ။

(၁)     Cat Eye နေကာမျက်မှန်

ခေတ်ရှေ့ပြေးတဲ့နေကာမျက်မှန်တစ်လက် တပ်ချင်တယ်ဆိုရင်တော့ Cat Eye ကိုရွေးချယ်လိုက်ပါ။

ဒီလိုမျက်မှန်မျိုးကိုတော့ နေရောင်တောက်တဲ့ ကမ်းခြေတစ်ခုကို အပန်းဖြေသွားကြမယ်ဆိုရင် ပုံမှာပြထားတဲ့ အဆင်အပြင်မျိုးနဲ့ဆို အလွန်လိုက်ဖက်ပါတယ်။

(၂)     ဖန်စီရောင် လက်ဝတ်ရတနာ

ဖန်စီဆန်တဲ့ ဘဲခေါင်းစိမ်းရောင်လိုမျိုး ခပ်ဆန်းဆန်းကာလာနဲ့ လက်ဝတ်ရတနာတွေ (နားကပ်သာမက ၊ ဆွဲကြိုး ၊ လက်ကောက်) ကို ဆင်ယင်တော့မယ်ဆိုရင်တော့ အကျႍကို တစ်ကိုယ်လုံး အနက်ရောင်ဗြောင် (သို့) အဖြူရောင်ဗြောင်နဲ့သာ တွဲဖက်ဝတ်ဆင်ပါ။

 အကြောင်အကျားအဆင်မျိုးနဲ့ အကျႍဆိုရင်တော့ ဒီလို လက်ဝတ်ရတနာအရောင်မျိုးနဲ့ဆို အတော်လေး ဂွမ်းသွားပါလိမ့်မယ်။

အပြင်အဆင် ခပ်ရှင်းရှင်းနဲ့ ဝတ်ဆင်မယ်ဆိုရင်တော့ Emma Roberts လိုမျိုး အတော်လေးပွဲတိုးနိုင်ပါတယ်။

(၃)     လက်ချောင်းပြည့် လက်စွပ်များ

လက်ချောင်းအပြည့် လက်စွပ်ဝတ်တာကလည်း အတော်လေးဂေါ်တဲ့ စိတ်ကူးတစ်မျိုးပါပဲ။

ဂရမ်မီ ဆုပေးပွဲမှာ Rita Ora ကိုကြည့်လိုက်ရင် တစ်ကိုယ်လုံး ယဉ်ယဉ်လေးဆင်ထားပြီး လက်တစ်ဖက်တည်းနဲ့ အထာကျအောင် လုပ်သွားနိုင်ပါတယ်။

သတ္တုတွေကို ရောနှောဝတ်ဆင်တာနဲ့ပတ်သက်ပြီး ဘာမှ စိုးရိမ်မနေပါနဲ့။

အပြင်ထွက်တဲ့အခါ ခပ်ရိုးရိုးသာဝတ်ဆင်သွားပြီး သင့်ရဲ့ တလက်လက်တောက်နေတဲ့ လက်ချောင်းတွေကိုသာ စကားပြောတဲ့အခါ တတ်နိုင်သလောက် ခပ်များများသုံးကြည့်ပါ။

(၄)    Mirror Sunglasses

Mirror Sunglasses လို့ခေါ်တဲ့ အရောင်ပြေးနဲ့ နေကာမျက်မှန်တွေကတော့ Swagger အထာအတွက် အလွန်အသုံးဝင်ပါတယ်။

သူတို့ထဲမှာ ဒီမျက်မှန်နဲ့အလိုက်ဆုံးကတော့ Miley Cyrus ပဲပေါ့။ မျက်နှာနဲ့လိုက်ဖက်တဲ့ မျက်မှန်ပုံကို ရွေးမိဖို့လည်း လိုတယ်နော်။


(၅)     ကြိုးသိုင်းဖိနပ်ရှည်

ကြိုးသိုင်းဖိနပ်ရှည်တွေကတော့ ဘောင်းဘီတိုနဲ့ လမ်းပေါ်ကအထာအတွက် အလိုအပ်ဆုံး ဖက်ရှင်ပါပဲ။

 ခြေသလုံးအပြည့်နီးပါး ရှည်တဲ့ ဒီလိုဖိနပ်တစ်ရံ ဝတ်ဆင်လိုက်ရုံနဲ့ တစ်ကိုယ်လုံး ဘာaccessoryမှ ထပ်ဖြည့်စရာ မလိုတော့

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 




 

(၁)     Cat Eye နေကာမျက်မှန်



 

 

funci1

 

 

 


ဖန်စီဆန်တဲ့ ဘဲခေါင်းစိမ်းရောင်လိုမျိုး ခပ်ဆန်းဆန်းကာလာနဲ့ လက်ဝတ်ရတနာတွေ (နားကပ်သာမက ၊ ဆွဲကြိုး ၊ လက်ကောက်) ကို ဆင်ယင်တော့မယ်ဆိုရင်တော့ အင်္ကျံကို တစ်ကိုယ်လုံး အနက်ရောင်ဗြောင် (သို့) အဖြူရောင်ဗြောင်နဲ့သာ တွဲဖက်ဝတ်ဆင်ပါ။

 အကြောင်အကျားအဆင်မျိုးနဲ့ အင်္ကျံဆိုရင်တော့ ဒီလို လက်ဝတ်ရတနာအရောင်မျိုးနဲ့ဆို အတော်လေး ဂွမ်းသွားပါလိမ့်မယ်။


 

funci2

 

 

funci2 1

 






 

finci3

 

 

funci3 1

 

(၄)    Mirror Sunglasses



 

fun4

 

 

 

 

 

 



 ခြေသလုံးအပြည့်နီးပါး ရှည်တဲ့ ဒီလိုဖိနပ်တစ်ရံ ၀တ်ဆင်လိုက်ရုံနဲ့ တစ်ကိုယ်လုံး ဘာaccessoryမှ ထပ်ဖြည့်စရာ မလိုတော့ပါဘူး။

နွေရာသီအတွက်လည်း အလွန်အသုံးဝင်တဲ့ ဖိနပ်ဖြစ်ကြောင်း Selena Gomezက ပုံမှာ ဥပမာပြထားလေရဲ့။

 

fun5

 

 

fun5 1

 

 

 

Credit : Trend Myanmar

 

 

Read 2313 times
Rate this item
(0 votes)
Tagged under