News headline

Training Thursday, 12 June 2025
စက်ချုပ်ဝါသနာပါတဲ့ အသက် (၁၆) နှစ်ကနေ (၃၅) နှစ်အတွင်းက အမျိုးသား၊ အမျိုးသမီးဘယ်သူမဆို FXB Myanmar က ဖွင့်လှစ်မယ့် စက်ချုပ်သင်တန်းကို အခမဲ့ တက်ရောက်နိုင်ပါပြီ။ FXB Myanmar က လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေဖို့၊ ကိုယ်ပိုင်စီးပွားရေးကို စတင်နိုင်ဖို့အတွက် အခြေခံစက်ချုပ်သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁) ရက်နေ့မှာ စတင်ပြီး (၄) လကြာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ကျွမ်းကျင်ဆရာ၊ ဆရာမတွေက ခေတ်နဲ့လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ စာတွေ့ (၂၀%)၊ လက်တွေ့ (၈၀%) သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။  သင်တန်းအတွက် သင်တန်းကြေး ပေးသွင်းစရာမလိုဘဲ လိုအပ်တဲ့ သင်တန်းကုန်ကျစရိတ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေ့လည်စာ၊ လမ်းစရိတ်နဲ့ လစဉ်ထောက်ပံ့ကြေးတို့ကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ သင်တန်းကို တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် (၈) နာရီခွဲကနေ ညနေ (၃) နာရီခွဲအတွင်း တစ်ပတ် (၅) ရက် တက်ရောက်သင်ကြားရပါမယ်။ သင်တန်းကို အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူ အသက် (၁၆) နှစ်ကနေ (၃၅) နှစ်အတွင်းက အမျိုးသား၊ အမျိုးသမီးဘယ်သူမဆို လျှောက်ထားလို့ ရပါတယ်။ သင်တန်းကို ပြီးဆုံးတဲ့အထိ တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းအောင်လက်မှတ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်နိုင်ဖို့ ထူးချွန်ထက်မြက်တဲ့ သင်တန်းသားတွေကို တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင်တန်းတည်နေရာ (သို့) အောက်ပါဖုန်းနံပါတ်တွေကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ဖုန်း - ၀၉-၅၀၅၃၂၀၁၊ ၀၉-၂၅၀၆၈၆၀၂၂၊ ၀၉-၄၂၃၇၁၈၇၅၃ သင်တန်းလိပ်စာ - အမှတ် (၄၆)၊ နံ့သာကုန်းလမ်း၊ အင်းစိန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။  FXB Myanmar - https://www.facebook.com/profile.php?id=100063674695029

Training Friday, 23 February 2024
အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဥ် (၂၃၄) ဖွင့်လှစ်မည်

Tips Friday, 09 February 2024
အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဥ် (၂၃၃) ဖွင့်လှစ်မည်

Rules & Regulations Tuesday, 06 February 2024
တရုတ်နိုင်ငံမှ ဆင်ဘောင်းဘီများ တင်သွင်းခွင့် ထိုင်းပိတ်ပင်

  • Package 4

    Myanmar Textile & Garment Directory

    MMRD Publication Co.,Ltd.

    Address
    7th floor, Bldg (C), New Mingalar Market
    Township
    Mingalar Taung Nyunt
    Phone
    +9519000712, +9519000713
    Email
    This email address is being protected from spambots. You need JavaScript enabled to view it.
    Website
    www.mmrdrs.com

    Opening Hours

    Company Profile

    MMRD was founded in 1992 and quickly established itself as a leading market research company and publisher of the first trade directory in Myanmar – the Yangon Directory. MMRD Publications provides marketing services to small and medium sized enterprises across Myanmar, primarily through 15 regional and sector specific directories. The division’s nationwide database, relationships with trade associations and 20,000 clients, and knowledge about Myanmar’s business environment is unparalleled.

    Business Categories

    • Dyes
    • Curtains
    • Chemical

    Brands / Services

    • Hight qaulity
    • Grate colour
    • 24 hours service

    Social Media Link

    Gallery

    Job Board Editable Account

    Myanmar Textile & Garment Directory

    Map

    Featured Advertisers