What's new

×

Warning

JUser: :_load: Unable to load user with ID: 846


ကမ္ဘာ့ Runway မော်ဒယ် Gigi Hadaid ၏ ဖက်ရှင်အကြံပြုချက်များ

ကမ္ဘာပေါ်မှာ ဖက်ရှင်နဲ့ပတ်သက်လျှင် လူအများစု၏ စိတ်အာရုံကို ဖမ်းစားလွှမ်းမိုးနိုင်တဲ့ ဖက်ရှင် ဘုရင်၊ ဘုရင်မတွေဟာ ရှားပါးပါတယ်။

ဒါပေမယ့် ၂၁ နှစ်အရွယ်သာရှိသေးသည့် Runway မော်ဒယ် Gigi Hadaid ကတော့ သူမတူအောင် ဖက်ရှင်အရာမှာ အထူးခြားဆုံးလူဖြစ်ပါတယ်။ သူဝတ်လိုက်သော ဖက်ရှင် တိုင်းဟာ ယနေ့ခေတ်လူငယ်များအကြား အမြဲလိုလို အကြီးအကျယ် ရေပန်းစားလျက်ရှိပါတယ်။

အောက်မှာတော့ ဖက်ရှင်ဘုရင်မ Gigi ၏ အကြံပြုချက်များကို တင်ဆက်ပြသပေးလိုက်ပါတယ်။

၁။ သတ္တုပိတ်နှင့် ပြောင်လက်လက်အ၀တ်အစားများ ၀တ်ဆင်ရန် မရှက်ပါနှင့်

လူတော်တော်များများဟာ ပြောင်လက်လက်အ၀တ်အစားများကို ၀တ်ဆင်ဖို့ အမြဲရှက်တတ်ကြပါတယ်။ ပြောင်လက်လက်အ၀တ်အစားတွေက လူကြားထဲမှာ အလွန်အမင်း ထင်ပေါ်နေတယ်ဟု ခံစားရပြီး သဘောမတွေ့ဖြစ်တတ်ပါတယ်။ ဒါပေမယ့ို သင့်ကိုယ်သင် ဖက်ရှင်အမြင်အရ အပြောင်းအလဲ ဖြစ်ပြီး ထင်ပေါ်စေချင်ရင်တော့ သတ္တုရောင်ပိတ်စတွေနဲ့ချုပ်ထားတဲ့ Gigi ၀တ်စုံလိုမျိုးကို ၀တ်ဆင်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။

gg 1

၂။ အနည်းငယ်ပြင်ဆင်ခြင်းက ပို၍ လှပစေပါတယ်

တစ်ခါတစ်ရံမှာ ရိုးရိုးလေးပြင်ဆင်ခြင်းက သင့်ကို ပို၍ ကြည့်ကောင်းစေပါတယ်။ Accessories တွေအများကြီး မပြင်ဆင်ဘဲ နေခြင်းက သင့်ကို နြေ္ဒဆန်စွာ လှပစေမှာပါ။

အောက်မှာဖော်ပြထားတဲ့ပုံမှာဆို Gigi က သူ့ကိုယ်သူ အရိုးရှင်းဆုံး ၀တ်စားထားပေမယ့် လှပနေတာကို တွေ့ရမှာဖြစ်ပါတယ်။

gg2

၃။ အဆင်းပါတဲ့ T-shirt နှင့် Jean ဘောင်းဘီဝတ်ဆင်ခြင်း

အရိုးရှင်းဆုံးအလွယ်ကူဆုံး အ၀တ်အစားတွေဖြစ်ပေမယ့် သင့်ကို smart အကျဆုံးဖြစ်စေမှာပါ။ ကျောင်းသွား သည်ပဲဖြစ်စေ သူငယ်ချင်းတွေနဲ့ shopping သွား အပြင်ထွက်သည်ပဲဖြစ်စေ သင့်ကို ထွေထွေထူးထူး မစဉ်းစား စေရဘဲ အလန်းဆုံးဖြစ်နေစေမှာပါ။

gg3

၎။ သင့်ရဲ့ ဖိနပ်ကို ပိုမိုထင်ရှားအောင်ဝတ်ဆင်ပါ

တစ်ခါတစ်ရံမှာ လူတိုင်းဟာ အ၀တ်အစားပေါ့ပေါ့ပါးပါးဝတ်ဆင်တတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ပေမယ့် သင့်ကို အကောင်းဆုံး ထင်ပေါ်အောင် ကူညီပေးမှာကတော့ သင်၏ဖိနပ်ပဲဖြစ် ပါတယ်။ ဖိနပ်ကို အရောင်ဆန်းဆန်း၊ လည်ရှည်ဖိနပ်၊ အနီရောင် pencil heel များ ၀တ်ဆင်ပေးခြင်းဖြင့် ထင်ပေါ်နေစေမှာပါဟု Gigi က အကြံပြုထားပါတယ်။

gg 4

၅။ အဖြူနှင့် အမဲ ၀တ်ဆင်ခြင်း

အဖြူနှင့်အမဲကို တွဲဖက်၍ ၀တ်ဆင်ခြင်းဟာ ဘယ်တော့မှ ရိုးသွားမယ့်ဒီဇိုင်း မဟုတ်ပါဘူး။ အဖြူနှင့် အမဲဟာ သင့်ကို ရုံးသွား အလုပ်သွားသည့်အချိန်မှာလည်း စမတ်ကျနေစေသလို ပွဲတက်ချိန်မှာလည်း အများနှင့်မတူ လှပတင့်တယ်စေမှာကိုတော့ Gigi က သက်သေပြထားပါတယ်။

gg 5

မိန်းကလေးငယ်များ လှပနိုင်ကြပါစေ….

Source: ODYSSEY

Read 5039 times
Rate this item
(1 Vote)