မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ ဒီလို ဝတ်စားနိုင်ဖို့ ငွေကြေး အများကြီး မလိုပါဘူး။ ဘယ်အရာတွေက စတိုင်ကျစေလဲ ဆိုတာကို သိနေဖို့ပဲ အရေးကြီးပါတယ်။
သင်က ဖက်ရှင်ကို စိတ်ဝင်စားသူလား..စတိုင်လ်ကျတဲ့ ကောင်မလေးတွေ မြင်ရင် အားကျမိလား..သင်ကိုယ်တိုင်လည်း စတိုင်လ်ကျတဲ့ကောင်မလေးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
မိန်းကလေးတွေအားလုံး အဝတ်အစားဝတ်ရာမှာ စတိုင်အမျိုးမျိုး ဝတ်ဆင်လေ့ရှိကြသလို တချို့ကျတော့ မိန်းကလေးဆန်တာ ကြိုက်တာ ရှိပြီး တချို့က ယောက်ျားဆန်ဆန် ဝတ်ရတာတွေ ကြိုက်တတ်ကြပါတယ်။ လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးစီ မလား..?