What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2021 Cannes Film Festival အမြင်ဆန်းတဲ့ ပွဲတက်ဖက်ရှင်များ (၄)

ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် 2021 Cannes Film Festival ကို ယခုနှစ် ဇူလိုင်လ ၆ မှ ၁၇ အထိ ကျင်းပခဲ့ပါတယ်။

ကော်ဇောနီပေါ်မှာ ဘယ်လို ဖက်ရှင်တွေ ဝတ်စားဆင်ယင်ပြီး စဲလီတွေ ပွဲတက်ခဲ့ကြသလဲဆိုတာအပိုင်း ၄ မှာ စုဆောင်းတင်ပြပေးလိုက်ပါတယ်။

Marina_Ruy_Barbosa.jpg


Marina Ruy Barbosa
Cannes Film Festival ကို လာရောက်ကြတဲ့ ဓာတ်ပုံဆရာဆရာမတွေ သတင်းသမားတွေက မတ်စ် အမည်းရောင်ကို ဝတ်ဆင်ထားကြချိန်မှာMarina Ruy Barbosa ကလည်း မည်းနက်တဲ့ ဝတ်စုံနဲ့ ကော်ဇောနီပေါ် ရောက်လာခဲ့ပါတယ်။ အပေါ်ရုံ ဖက်ရှင်ထည်က ထပ်တွန့်တွေ လှိုင်းထနေပြီး အသားက ပါးပါးလှပ်လှပ် ဖြစ်ပါတယ်။ အတွင်းခံကိုသာအက စီးထားတဲ့ ဒေါက်ဖိနပ်ကိုပါ အတိုင်းသား မြင်ရလိုနီးပါး ဖြစ်နေတယ်။ အဲဒီလို ထွင်းဖောက်မြင်သာနေတာကို အမြင်မရိုင်းအောင် အတွင်းမှာ ဇကာသားအနက်တစ်ထပ်ကို ဝတ်ထားတယ်။ အပေါ်ရုံဖက်ရှင်ထည်က လည်ပင်းပေါက် ဗီပုံက ဝမ်းဗိုက်အထိ ပွင့်နေပြီး လက်မပါတဲ့အတွက် ပေါ်ထွက်နေမယ့် အရေပြားနေရာတွေကို ဇကာနက် အထည် လက်ရှည် ဝတ်ပြီး ကာပေးထားတယ်။ အပေါ်ထိပ်မှာ လည်ပင်းတစ်ဝက်အထိ ဇကားသားအနက် ရောက်ရှိနေပြီး အောက်ဖက်မှာတော့ ပေါင်အလယ်နား တစ်ိုက်အထိ ရောက်ရှိပါတယ်။ ဒီတော့ အမြင်မရိုင်းတဲ့အတွက် ကြည့်ချင်တယ်ဆို ခပ်ရဲရဲ ကြည့်ဖို့ အဆင်ပြေသွားစေပါတယ်။

 

2_Maggie_Gyllenhaal.jpg


Maggie Gyllenhaal
သူမက အဖြူနဲ့အမည်း တွဲဖက်မှုဖက်ရှင်ဖြင့် ပွဲတက်တယ်။ အပေါ်ပိုင်းမှာ ဝ်ဆင်ထားတဲ့ အဖြူထည်၊ ရှေ့ရင်ကွဲ ကြယ်သီးတပ် ရှပ်အင်္ကျီက ထသွားထလာ အဝတ်အစားဆန်န် ဖြစ်ပေမဲ့ ခန့်ထည်နေတယ်။ အပေါ်ဆုံး ကြယ်သီးလေးတွေ တမင်မတပ်ဘဲ ထားလိုက်တာက ထသွားထလာ ကပိုကရိုပုံစံ ထွက်နေစေတယ်။ အောက်ပိုင်းမှာတော့ မည်းမည်းနက်နက် ပိုးဇာလွှာကို ခေါက်တွန့်တွေနဲ့ ချုပ်ထားတဲ့ စကပ်ကို ဆင်မြန်းထားတယ်။ အဖြူအမည်း ဝတ်စုံကို သပြေမှည့်ရောင် နှုတ်ခမ်းဆိုးဆေးနဲ့ တွဲလောင်းချထားတဲ့ နားကပ်တွေနဲ့ ဖြည့်တင်းပေးထားတယ်။

 

3_Hofit_Golan.jpg

Hofit Golan

ပြိုးပြိုးပြက်ပြက် အဝတ်အစားနဲ့ ပွဲတက်ခဲ့တယ်။ ဝတ်စုံကို ဖက်ရှင်ဒီဇိုင်းနာ Ziad Nakad က ဖန်တီးပေးထားတယ်။ ရင့်မှောင်မှောင်အရောင် ဇာသားလွှာက ပါးလှပ်လှပ် ဖြစ်နေတာကို မမြင်သာမြင်သာ ဖြစ်‌အောင် ခရစ္စတယ်ပြာလေးတွေကို ထိပ်ဖျားကနေ အောက်နားအထိ ပေါပေါများများ တပ်ပေးထားတယ်။ စကပ်အနားသားတွေက ကြမ်းပြင်မှာ ပုံကျတည်ဆိုရုံလောက်ပဲ ရှည်တယ်။ စကပ်အတွင်းမှာတော့ အသားရောင် ကိုယ်ကျပ် အတွင်းခံဘောင်းဘီကို ဝတ်ဆင်ထားတယ်။

4_Isabeli_Fontana.jpg

Isabeli Fontana

လည်ပင်းမှာ ရှင်းရှင်းကြီး ဖြစ်မနေအောင် လည်တိုင်အထိ လည်ဆွဲအစိမ်းရင့် ဝတ်ဆင်ထားပြီး ဝတ်စုံတစ်ခုလုံးကတော့ ငွေရောင်မှာ ပြိုးပြိုးပြက်ပြက် ဖြစ်အောင် လုပ်ထားတယ်။ စကပ်ဘေးခွဲက ပေါင်ရင်းအထိ ရောက်တယ်။ ကော့ဆက်အင်္ကျီတစ်ခုပဲ ပါးပါးလှပ်လှပ် ဖြစ်နေတယ်။

5_Jessica_Wang.jpg

Jessica Wang

ဝါထိန်ထိန် ဝတ်စုံက ရှေ့ပိုင်းမှာ တိုပြီး နောက်ပိုင်းမှာ ရေကသီ ရှည်လျားတယ်။ ခါးကနေ ဖြန့်ချထားတယ်။ ဖက်ရှင်ဒီဇိုင်းနာ Tony Ward ဖန်တီးပေးထားတယ်။ တွဲလောင်းမာမာတောင့်တောင့် ကျနေတဲ့ နားကပ်ရှည်တွေက ပခုံးသားကို ထိတဲ့အထိ ရှည်လျားတာ အစွယ်တစ်ချောင်း လှလှပပ ထွက်နေသလို မြင်ရတွေ့ရတယ်။ ဝတ်စုံဝါထိန်ထိန် အပေါ်ထိပ်မှာ ရတနာအလှစ်ခြယ်ပြီး အနားကွပ်ပေးထားတာ အမြင်ဆန်းနေစေတယ်။

 

Marina_Ruy_Barbosa.jpg


Melanie Thierry
ပြင်သစ်မင်းသမီးက ထွင်းဖောက်မြင်သာအောင် ပါးပါးလွှာလွှာ ဝတ်စုံကို ဆင်မြန်းထားပြီ ပခုံးကြိုးသေးသေးနဲ့ ထိန်းထားတဲ့ လက်တွေမပါတဲ့ ဝတ်ရုံနဲ့ ခပ်ရဲရဲ ပွဲတက်ခဲ့တယ်။ မြင်သာနေတဲ့ ဝတ်ရုံအောက်မှာ အတွင်းခံကို အောက်ပိုင်းမှာသာ ဆင်မြန်းထားတယ်။ ဝတ်ရုံအသားက ရောင်ပြန်ဟပ်တဲ့အသား ဖြစ်နေလို့ အမြင်မရိုင်းအောင် ထိန်းပေးထားတယ်။ Celine ဖက်ရှင်တိုက်ရဲ့ ဝတ်စုံ ဖြစ်ပါတယ်။

Read 754 times
Rate this item
(0 votes)