What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာရှရဲ့ မိန်းကလေးတိုင်း စီးလေ့ရှိကြတဲ့ ဖိနပ်အမျိုးအစား (၈) မျိုး

လောကမှာ ဖိနပ်ဝယ်ရတာကို ငြီးငွေ့လာတဲ့ မိန်းကလေးရယ်လို့ ရှိမယ်မထင်ပါဘူး။ အင်္ကျီအဝတ်အစားအသစ် ဝယ်ပြီးတိုင်း အရင်ဆုံးစဉ်းစားမိတာက အဲ့ဒီအင်္ကျီနဲ့လိုက်ဖက်မယ့် ဖိနပ်ပါပဲ။ ဒါပေမယ့် တွေ့သမျှ ဖိနပ်တွေ လျှောက်ဝယ်မိရင်း အသုံးလည်းမဝင်၊ အကျိုးလည်းမရှိ၊ ငွေလည်း ကုန်ရတာမျိုး ဖြစ်ရင်တော့ မကောင်းဘူးပေါ့နော်။

ဒါ့ကြောင့် အသုံးမလိုတဲ့ ဖိနပ်တွေ အပုံလိုက်ရှိနေမယ့်အစား ကိုယ့်အတွက် အသုံးဝင်မယ့် ဖိနပ်အနည်းငယ်ကိုပဲ စည်းစနစ်တကျ ဝယ်ယူလို့ရအောင် အာရှက မိန်းကလေး တော်တော်များများ စီးလေ့ ရှိကြတဲ့ အခြေခံဖိနပ် (၈) မျိုးအကြောင်းကို ဒီကနေ့မှာ ပြောပြပေးသွားချင်ပါတယ်။

၁။ ပွိုင့်ဒေါက်ချွန် ( Stilettos )

Image result for ( Stilettos )

ဒီဖိနပ်လေးတွေက သင့်ကို စက္ကန့်ပိုင်းအတွင်း လှပကျော့ရှင်းသူအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။ ချွန်ထက်ပါးလှပ်တဲ့ ဒေါက်အချွန်ကို အကြာကြီး စီးနိုင်ဖို့ကတော့ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ခြားဘယ်ဖိနပ်ကမှ Stilettos ရဲ့ လှပမှုကို မယှဉ်နိုင်တာမို့ မိန်းကလေးတိုင်း ဆောင်ထားသင့်တဲ့ ဖိနပ်တစ်ရံပဲနော်။ ဒီဖိနပ်လေးကို Evening Gowns တွေ၊ Jean Pant အကြပ်တွေနဲ့ မိန်းမဆန်တဲ့ ဂါဝန်များနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များနဲ့ မီးဖွားတာ လပိုင်းပဲ ရှိသေးတဲ့ အမျိုးသမီးများကတော့ ဝတ်ဆင်ဖို့ မသင့်ပါဘူးနော်။

၂။ ဒေါက်ထူဖိနပ် ( Spool Heel )

Image result for Spool Heel

ဒီဖိနပ်လေးက ပုံစံအရ ပွိုင့်ဒေါက်ချွန်တွေနဲ့ ဆင်တူပေမယ့် သူရဲ့ ဒေါက်အသွားကတော့ ပွိုင့်ဒေါက်တွေထက် ပိုထူပါတယ်နော်။ လမ်းလျှောက်တဲ့အခါ ပိုပြီး သက်သောင့်သက်သာ ရှိချင်တယ်၊ ဒေါက်ဖိနပ်လည်း စီးချင်တယ်ဆိုရင်တော့ Spool Heel လေးတွေက အသင့်တော်ဆုံးပါပဲ။ ဒီဖိနပ်လေးကို ပုံမှန် Casual Wear များနဲ့ သက်သောင့်သက်သာ ရှိတဲ့ အဝတ်အစားများနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

၃။ ခုံမြင့်ဖိနပ် ( Wedges )

Image result for Wedges

ခုံမြင့်ဖိနပ်တွေကတော့ ဖိနပ်အမြင့်တွေထဲမှာ သက်သောင့်သက်သာ အရှိဆုံး ဖိနပ်တွေပါပဲ။ ခုံမြင့်ပါလို့ ကြွကြွရွရွလေး သွားလာနိုင်ပြီး မြင့်မားပြီး အလျားညီတဲ့ ဖိနပ်ခုံက လမ်းလျှောက်တဲ့အခါ ယိုင်နဲ့တာမျိုး မရှိရလေအောင် ထိန်းမတ်ပေးထားနိုင်မှာပါ။ ဒီဖိနပ်လေးတွေကိုတော့ နွေရာသီမှာ ဝတ်လေ့ရှိတဲ့ အဝတ်အစားတွေ၊ ဂါဝန်အပွအရှည်တွေနဲ့ ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီများနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

၄။ ဒေါက်ပုဖိနပ် ( Kitten Heels )

Image result for Kitten Heels

Kitten Heels လေးတွေက ဒေါက်ချွန်တွေလောက်လည်း မမြင့်၊ ဒေါက်ထူတွေလိုမျိုး ခပ်ပြားပြားဒီဇိုင်းလည်း မဟုတ်တာကြောင့် ဒေါက်ချွန်စီးချင်ပေမယ့် အရမ်းမြင့်တာ မစီးရဲတဲ့ မိန်းကလေးတွေကတော့ ဆောင်ထားသင့်တဲ့ ဖိနပ်အမျိုးအစား တစ်ခုပါပဲနော်။ ခြေထောက်မှာ ဖိအားများများ သုံးစရာမလိုတာကြောင့် အကြာကြီးစီးမိလို့ ခြေဆစ်နာတာမျိုးလည်း မဖြစ်နိုင်ပါဘူး။ ဒီဖိနပ်လေးတွေကိုတော့ မြန်မာဝတ်စုံလေးတွေနဲ့ စကပ်အရှည်လေးတွေ ဝတ်တဲ့အခါ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

၅။ ရှူးဖိနပ် (Mary Janes or Doll Shoes)

Image result for Mary Janes or Doll Shoes

 

ဒီဖိနပ်တွေက Loafers တွေနဲ့ ပုံစံတူပေမယ့် ဒေါက်အထူလည်းပါပြီး အပေါ်က ကြိုးသိုင်းဒီဇိုင်း ဖြစ်တာကြောင့် Loafers Design ကိုမှ ခုံမြင့်ကြိုးသိုင်း စီးချင်သူများအတွက် အဆင်ပြေပါတယ်။ ဒီဇိုင်းပုံစံအရ သာမန်တွေသာ များပေမယ့် စီးရတာ သက်သောင့်သက်သာရှိတာကြောင့် အာရှက ကျောင်းသူတော်တော်များများ ကျောင်းဝတ်စုံနဲ့အတူ ဝတ်ဆင်လေ့ရှိကြတဲ့ ဖိနပ်မျိုး ဖြစ်ပါတယ်။ ဒီဖိနပ်လေးကိုတော့ Tennis Skirt တွေ၊ ကွာတားဘောင်းဘီတိုတွေအပြင် ဖိနပ်ရဲ့ ဒီဇိုင်းအပေါ် မူတည်ပြီး တစ်ခြား အဝတ်စားများနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

၆။ ဘဲလေးဖိနပ် ( Ballerinas )

Image result for Ballerinas

 

ဒီဖိနပ်လေးတွေက ပေါ့ပါးပြီး စတိုင်ကျတဲ့အပြင် လှလှပပ ဝတ်ဆင်နိုင်တာကြောင့် မိန်းကလေး တော်တော်များများ စီးလေ့ရှိကြတဲ့ ဖိနပ်အမျိုးအစား ဖြစ်ပါတယ်။ ဘဲလေးဖိနပ်တွေကိုတော့ သင်ရွေးချယ်လိုက်တဲ့ ဖိနပ်ဒီဇိုင်းအပေါ် မူတည်ပြီး ဂါဝန်တွေ၊ Jumpsuit တွေ၊ Gowns တွေအပြင် ဂျင်းဘောင်းဘီတွေနဲ့ပါ တွဲဖက်ပြီး ဝတ်ဆင်လို့ ရပါတယ်နော်။

၇။ ကြိုးသိုင်းဖိနပ် ( Sandals )

Image result for sandals

ကြိုးသိုင်းဖိနပ်တွေကတော့ ဖိနပ်အမျိုးအစားတွေထဲ ဒီဇိုင်းအများဆုံးရှိတဲ့ ဖိနပ်များပဲ ဖြစ်ပါတယ်။ ဒီဖိနပ်တွေက ဒေါက်မြင့်၊ ဒေါက်ချွန်၊ ခုံမြင့်ဖိနပ်တွေအပြင် Slipper ဖိနပ်ဒီဇိုင်းတွေပါ ရွေးချယ်လို့ ရပါတယ်။ ကြိုးသိုင်း ဖိနပ်လေးတွေကိုတော့ ဝတ်ဆင်မယ့် အဝတ်အစားအပေါ် မူတည်ပြီး ဂျင်းဘောင်းဘီရှည်၊ Jumpsuit နဲ့ Evening Gown တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

၈။ အားကစားဖိနပ် ( Sneakers )

Image result for sneakers

Sneakers တွေကိုတော့ အားကစားလုပ်ရတဲ့အခါ၊ တောင်တက်ခရီးသွားရတဲ့ အခါတွေနဲ့ လုပ်ရှားမှုများများ ပြုလုပ်ရတဲ့အခါမျိုးတွေမှာ သက်သောင့်သက်သာရှိအောင် ဝတ်ဆင်လို့ ရပါတယ်။ Sneakers တွေကိုတော့ Track Pant တွေ၊ ဘောင်းဘီတိုတွေ၊ ဂျင်းဘောင်းဘီတွေနဲ့ တစ်ခြားသော Casual Wears တွေမှာ ဝတ်ဆင်နိုင်ပါတယ်နော်။

ဖိနပ်အမျိုးအစား အစုံအလင်ကို ရောင်းချပေးနေတဲ့ ဆိုင်ခန်းများရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link မှာ ကြည့်ရှုလို့ ရပါတယ်။
>https://bit.ly/3erYIZ3
By Win MM Htay

Read 1368 times
Rate this item
(0 votes)