What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Brand လက်ကိုင်အိတ်ဟုတ် မဟုတ်ခွဲခြားခြင်း

Brand လက်ကိုင်အိတ်ဟုတ် မဟုတ်ခွဲခြားခြင်း google

ဒီနေ့မှာတော့  ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းတွေ အများအပြား ထုတ်လုပ်လာတာကို မြင်တွေ့ရနိုင်ပါတယ်။ ဤသို့ထုတ်လုပ်မူများလာသလို ပစ္စည်းအတုစစ်တွေဟာလည်း ပေါများလာပါတယ်။

တစ်ချို့ဈေးကြီးပေးဝယ်ရတဲ့ brandတွေ ဆိုရင် ပို၍ အတုတွေ များတတ်ပါတယ်။ ဒီနေ့မှာတော့ Textile ကနေ လက်ကိုင်အိတ်brandတွေကို အတုအစစ်ဘယ်လိုခွဲမလဲဆိုတာ ပြောပြပေးပါမယ်။


(၁)အသေးစိတ်ကြည့်ပါ

ဒီဇိုင်နာကိုယ်တိုင် သေချာဒီဇိုင်းဖော်ထုတ်လုပ်တာတဲ့ brand တစ်ခုနဲ့ အဲ့ဒီ brand ပုံစံကို ယူပြီး ထုတ်ထားတဲ့ ပစ္စည်းဟာ စစမြင်ခြင်းမှာတော့ တစ်ပုံစံတည်းလို့ ထင်ရပေမဲ့ သေချာကြည်ရင် ဘယ်လိုမှ တစ်ထပ်တည်းမဖြစ်နိုင်ပါဘူးနော်။

အိတ်ရဲ့ ချုပ်ရိုးတွေကို သေချာကြည့်ပါ။ brand တစ်ခုရဲ့ချုပ်ရိုးတွေဟာ ဆိုရင် သေချာ သပ်ရပ်စွာ ချုပ်ထားပြီး ချည်သားကို လည်းအကောင်းစား သုံးထားတာပါ။

 

1

 

(၂)ချိတ်၊ ဇစ်၊ နှိပ်ကြယ်သီး

ယောင်းဟာ brand တစ်ခုဝယ်တော့မယ်ဆိုရင် ဆိုင်မှာ ယောင်းရဲ့အချိန်ကို ပိုသုံးလိုက်ပါ။ အကြာကြီးရွေးတာ အားနာလို့ ဆိုပြီး ယောင်းရဲ့ပိုက်ဆံတွေကို မဖြုန်းလိုက်ပါနဲ့။

ပြီးတော့ အိတ်ရဲ့ တံဆိပ်၊ ကွင်းချိတ်၊ဇစ်၊ နှိပ်ကြယ်သီးတွေကို သေချာကြည့်ပါ။ brand တစ်ခုဟာဆိုရင် သေးငယ်တဲ့ ပစ္စည်းတွေကအစ အချိန်ယူပြီးသေချာလုပ်ထားတာပါ။ ယောင်းဟာ သေချာအချိန်ယူပြီး စစ်လိုက်ရင် အတု၊အစစ် ခွဲနိုင်ပါလိမ့်မယ် ။

 

2

 

(၃)ပစ္စည်း

လက်ကိုင်အိတ်မှာ သုံးတဲ့ပစ္စည်းတွေဟာဆိုရင် အဘက်ဘက်မှတွေးပြီး အကောင်းစားတွေကို သုံးထားတာမို့ တန်ဖိုးကြီးbrand တစ်ခုဖြစ်လာတာပါ။

အိတ်ရဲ့အသား၊ အရောင်ကာလာတွေကအစ ကိုင်ကြည်လိုက်ရင် ယောင်းတို့ အတုအစစ်ခွဲခြားနိုင်မှာပါ။

ဥပမာ အိတ်အတုမှာဆိုရင် ရေနဲ့ ထိလိုက်ရင် အရောင်မွဲသွားတာတို့ အိတ်ရဲ့အသားပြဲ သွားတာတို့ ဖြစ်သွားတတ်ကြပါတယ်။

 

3

 

(၄)အမှတ်တံဆိပ်

အိတ်အတုတွေမှာ သုံးထားတဲ့ တံဆိပ်နာမည်တွေဟာဆိုရင် စာလုံးစတိုင်လ် ပုံစံအမျိုးမျိုးကို သုံးထားတတ်ပါတယ်။ တစ်ခါတစ်ရံ တံဆိပ်ရဲ့ စာလုံးပေါင်းမှားနေတာတို့ စာလုံးနေရာ မှားနေတာတို့ မြင်တွေ့ရတတ်ပါတယ်။

 

4

 

(၅)serial number

ယောင်းဟာ အိတ်ရဲ့ serial number ကို အနီးကပ်ကြည့်ခြင်းဖြင့် လက်ကိုင်အိတ်အတု၊ အစစ်ကို ခွဲခြားနိုင်ပါတယ်နော်။ လက်ကိုင်အိတ်အတုတွေမှာဆိုရင် serial number ကို ကိန်းဂဏန်းတွေ သုံးလေ့ရှိကြပါတယ်။

brand ရှိတဲ့ လက်ကိုင်အိတ်တွေမှာဆိုရင်တော့ အက္ခရာ ဂဏန်းတွေနှင့် ကိန်းဂဏန်းတွေကို ရော၍ ပေးထားတတ်ကြပါတယ်။

 

5

 

(၆)ထုတ်ပိုးမူ(packaging)

brand လက်ကိုင်အိတ်တွေဟာ ထုတ်ပိုးမူကအစ သေချာ ထုတ်ပိုးပေးပါတယ်။ ဘယ်တော့မှ အိတ်နဲ့ ထုတ်ပိုးလေ့မရှိပါဘူး။ ထုတ်ပိုးမူကို ကြည့်ခြင်းအားဖြင့်လည်း လက်ကိုင်အိတ် အစစ်၊အတုကို ခွဲခြားပေးနိုင်ပါတယ်။

 

6 1

 

Myanmar Textile and Garment Directory

 

လက်ကိုင်အိတ်ဆိုင်တွေကိုမှ သိချင်တယ်ဆိုရင်တော့ ဒါလေးနှိပ်ပေးပါနော်

Read 2709 times
Rate this item
(0 votes)
Tagged under