What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခြေထောက်အပြားကြီးတဲ့ ပျိုမေတွေ ဖိနပ် အသစ်မဝယ်ခင် သိသင့်တဲ့ အချက်များ

ခြေထောက်အပြားကြီးတဲ့ ပျိုမေတွေ ဖိနပ် အသစ်မဝယ်ခင် သိသင့်တဲ့ အချက်များ google

ခြေထောက်အပြား ကြီးတဲ့ ပျိုမေ မမတွေ ဖိနပ်ကို ကောက်စွပ် လိုက်ရင် အဆင်ပြေတာက နည်းပါတယ်။ ပထမဆုံး စီးကြည့်လို့

အဆင်ပြေသလိုလို ရှိတယ်၊ဒီဇိုင်း ကို ကြိုက်လွန်းနေတာကြောင့် ဝယ်သွားပြီး စစီးလို့ နာရီပိုင်းကြာလာတဲ့အခါ အတင်း ထိုးစီးထားရတဲ့ ခြေချောင်းတွေက နာ လာပါလေရော။ ဒါကခြေအပြားကြီးသူတွေ မကြာခဏ ကြုံရတဲ့ ပြသနာပေါ့။ ဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာလေး ပြောပြပေး ချင်ပါတယ်။

(၁) ခြေအပြားကြီးတဲ့သူတွေအတွက် သီးသန့် ထုတ်ထားတဲ့ ဖိနပ်ဒီဇိုင်းကိုရှာပါ။
ပထမဆုံးအချက်ကတော့ ဖိနပ်ဆိုင်တွေမှာ ခြေအပြားကြီးသူတွေအတွက် အထူးထုတ် လုပ်ထားတဲ့ ဒီဇိုင်းတွေ တင်ထားတတ်ပါ တယ်။ ကိုယ်က ခြေအပြားကြီးလို့ဆိုပြီး ဖိနပ် ဆိုဒ်ကြီးတွေ ဝယ်ရင် အဆင်ပြေမှာ မဟုတ်ပါ ဘူး။ ဖိနပ်မှာမှ ခြေအပြားနေရာ ပိုကျယ်ကျယ် လေး ဒီဇီိုင်းထုတ်တာတာမျိုးတွေကသာ ပို အဆင်ပြေစေပါလိမ့်မယ်။ Brand တွေထဲမှာ ဆိုရင် Asos တို့ New Look စတဲ့ brand တွေ ထဲမှာ ခြေထောက်အပြားကြီးသူတွေအတွက် သီးသန့်ထုတ်ထားတာလေးတွေ ရှိပါတယ်။

Read: ရင်ခွင်မီ အရပ်ပုပု ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင်များ

(၂) ကိုယ့်ဖိနပ်ဆိုဒ်ကို ကိုယ်သေချာသိပါစေ။
ကိုယ့်ရဲ့ဖိနပ်ဆိုဒ်ဟာ တစ်သက်လုံး ဆိုဒ် တစ်ခုတည်းသွားနေမှာ မဟုတ်ပါဘူး။ ဒါကို မေသော်မကြာသေးခင်က ဖိနပ်မှာတော့မှ ပိုသေချာသိခဲ့ရတာပါ။ စီးနေကျဆိုဒ်ထက် ပိုသေးတဲ့ဆိုဒ်နဲ့မှ အဆင်ပြေတာမျိုး ကြုံခဲ့ရပါ တယ်။ ဒီတော့ ခု ကိုယ့်ခြေထောက်ဆိုဒ်ကို ကိုယ်သေချာတိုင်းကြည့်ဖို့ လိုပါပြီ။ စာရွက်ပေါ် ခြေထောက်ကို တင်ပြီး ခြေမနဲ့ ခြေဖနောင့်အဆုံးကို အမှတ်မှတ်ပြီး သေချာ တိုင်းပါ။ ခြေထောက်အကျယ်ကိုလည်း ခြေမဘေးကနေ ခြေသန်းဘေးထိ တိုင်းရမှာပါ။

(၃) ထိပ်ချွန်ဖိနပ်တွေ ရှောင်ပါ။
ခြေအပြားကြီးတဲ့သူတွေအတွက် ထိပ်ချွန် ဖိနပ်တွေကတော့ ဘယ်လောက်လှနေပါစေ ရန်သူလိုပါပဲ။ မစီးတာ အကောင်းဆုံးပါ။

(၄) အော်ဒါအပ်ပြီး customize ဖိနပ်မျိုး မှာစီးပါ။
တကယ်လို့ အဆင်ပြေမယ်ဆိုရင်တော့ ကိုယ့်ခြေထောက်အတိုင်းနဲ့ customize မှာစီးလို့ရရင် အကောင်းဆုံးပါပဲ။ ကိုယ်တွေ ဆီမှာလည်း Dreamwalk တို့ဘာတို့လို customize မှာစီးလို့ရတာမျိုးတွေ ရှိနေပြီပဲ။

(၅)ဖိနပ်မဝယ်ခင် စီးကြည့်တဲ့အခါ နူးညံ့ပြီး မမာတဲ့ဖိနပ်သားကိုသာ ရွေးပါ။
ဖိနပ် material က သိပ်မာနေမယ်ဆို မရွေးတာ မကောင်းဆုံးပါနော်။ ဖိနပ်က စီးလိုက်တာနဲ့ ease ဖြစ်ပြီး နူးညံ့တာကသာ မကောင်းဆုံးပါ။

Source: I am fashion

Myanmar Textile and Garment Directory

Read 1916 times
Rate this item
(0 votes)
Tagged under