အဝတ်အစားဆိုတာ ဈေးကြီးတာ၊ ဈေးပေါတာထက် ဝတ်တတ်၊ ပြင်ဆင်တတ်ဖို့က အရေးကြီးဆုံးပဲ။ အင်္ကျီတစ်ထည်တည်းကိုပဲ ဝတ်တဲ့လူပေါ် မူတည်ပြီး အမြင်က ကွာသွားတာ။
လူတစ်ဦးနဲ့တစ်ဦး ခန္ဓာကိုယ်တည်ဆောက်ပုံချင်း မတူနိုင်တာကြောင့် အဝတ်အစားရွေးချယ်တဲ့အခါလည်း သူများနဲ့လှတိုင်း၊ အဆင်ပြေတိုင်း အဲ့ဒီ ဒီဇိုင်းဟာ ကိုယ်နဲ့အဆင်မပြေနိုင်ပါဘူး။
စမတ်ကျကျ ဝတ်ဖို့အတွက် ဆိုတာက brand တွေဝတ်မှ မဟုတ်သလို ခေတ်ပေါ်ဖက်ရှင်တွေ ဝတ်မှလည်း မဟုတ်ပါဘူး။ကိုယ်နဲ့လိုက်ဖက်နေရင် စမတ်ကျနေပြီးသားပါပဲ။