The Glory ဇာတ်လမ်းတွဲထဲက မင်းသမီး (၂) ယောက်ရဲ့ တန်ဖိုးကြီး ဖက်ရှင်အတွဲအစပ်များ
မကြာသေးမီကမှ Season - 1 ပြီးသွားတဲ့ The Glory ( Netflix ) ဇာတ်လမ်းတွဲဟာ Netflix ရဲ့ ကြည့်ရှုသူ အများဆုံး Top (10) စာရင်းဝင်နေတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်၊၊ ထုတ်လွှင့်ပြီး (၂၁) ရက် အကြာမှာတောင် Top (10) ထဲမှာ ဆက်ရှိနေဆဲပါပဲ၊၊
ဇာတ်လမ်းတွဲကလည်း နာမည်ကြီးသလို သရုပ်ဆောင် မင်းသမီးတွေရဲ့ Outfits တွေကလည်း လူအများရဲ့ ဒိတ်ဒိတ်ိကြဲ စိတ်ဝင်စားမှု အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်၊၊ အဲ့တာကြောင့် ဇာတ်လမ်းထဲမှာ အားပေးမှု အများဆုံး ရရှိထားတဲ့ Song Hye Kyoနဲ့ Lim Ji Yeon တို့ရဲ့ ဘယ်လို ဈေးကြီးတဲ့ ဖက်ရှင် အတွဲအစပ်တွေကို ဝတ်ဆင်ထားလဲဆိုတာ ပြောပြပေးသွားပါမယ်။၊၊
Moon Dong Eun ( Song Hye Kyo )
ပထမဦးဆုံးအနေနဲ့ Moon Dong Eun ( Song Hye Kyo ) Character ရဲ့ အပြင်အဆင် Outfit တွေကလည်း အရမ်း နာမည်ကြီးပါတယ်၊၊ မွန်းဒုံအွန်း ရဲ့တည်ငြိမ်ရင့်ကျက်ပြီး သန်မာတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဇာတ်ကောင်နဲ့ လိုက်အောင် ဘယ်လို Fashion တွေ အတွဲအစပ်တွေ ဝတ်ဆင်ခဲ့တယ်ဆိုတာ ကောက်နုတ် ပြောပြပေးသွား မှာပဲ ဖြစ်ပါတယ်၊၊
ငယ်ဘဝမှာ ကျောင်းတွင်း အနိုင်ကျင့် အကြမ်းဖက်ခံခဲ့ရလို့ လွန်ခဲ့တဲ့ နှစ် ( ၂၀ ) လုံးလုံး ဒဏ်ရာများစွာ ရရှိခဲ့တဲ့ မွန်းဒုံအွန်း ဇာတ်ရုပ်အတွက် Kyo ဟာ Episode 1 to 8 ထိ အမြဲလိုလို အဖြူနဲ့ အနက်ကိုသာ ဝတ်ဆင်ခဲ့ရပြီး လက်ရှည်၊ လည်ပိတ် တွေလိုမျိုး အလုံပိတ်အကျီ ပုံစံမျိုးတွေကိုသာ ရွေးချယ် ဝတ်ဆင်ခဲ့တယ်ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ၊၊ ဇာတ်ရုပ်နဲ့အညီ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိပြီး Outfit တစ်ခုချင်းစီရဲ့ တန်ဖိုးကလည်း မြင့်မားလှပါတယ်၊၊
Wool Blend Side Flap Coat
Won 1,190,000 / မြန်မာငွေ သိန်း ( ၂၀ ) စွန်းစွန်း
Peekaboo LIseeu Mini
USD 4,900 / မြန်မာငွေ ( ၁၀၂ ) သိန်းစွန်းစွန်း
Arthur Sun
USD 330 / မြန်မာငွေ ( ၇ ) သိန်းနီးပါး
Josephine Aigrette Earrings ( White Gold, Pearls, Diamonds )
USD 3300 / မြန်မာငွေ သိန်း ( ၇၀ ) နီးပါး
Ivory Stripe Long-Sleeve Blouse
Won 599,000 ( မြန်မာငွေ ၁၀ သိန်း )
Park Yeon Jin ( Lim Ji Yeon )
ဒုတိယအနေနဲ့ နောက်ထပ် ပရိတ်သတ် အားပေးမှုအများဆုံးနဲ့ အကြိုက်တွေ့စေခဲ့တဲ့ သူကတော့ ပတ်ယွန်းဂျင် ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lim Ji Yeon ပဲ ဖြစ်ပါတယ်၊၊ The Glory ဇာတ်လမ်းတွဲက သူမရဲ့ ပထမဆုံး ဗီလိန်ဇာတ်ရုပ် အနေနဲ့ သရုပ်ဆောင်ခြင်းဖြစ်ပြီး ဇာတ်လိုက်ကို အပြင်းအထန် နှောင့်ယှက် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်တဲ့ Character ကနေ ပါဝင်ထားပါတယ်၊၊
ချမ်းသာကြွယ်ဝတဲ့ မိုးလေဝသပညာရှင်၊ Influencer တစ်ယောက်ဇာတ်ရုပ်နဲ့ လိုက်အောင် ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ပြခဲ့ပြီး သူမရဲ့ ဝတ်ခဲ့သမျှ Outfit တွေအကုန် ဈေးကွက်မှာ ရောင်းထွက် ကုန်သွားတဲ့အထိ ပရိတ်သတ်တွေကို သူမရဲ့ Fashion တွေက ဆွဲဆောင်နိုင်ခဲ့ပါတယ်၊၊
အထူးသဖြင့် အဖြူနဲ့အမဲပဲ ဝတ်လေ့ရှိတဲ့ ဇာတ်လိုက်မင်းသမီး မွန်းဒုံအွန်းရဲ့ Fashion တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး ပိုပေါ်လွင်နေတာကြောင့် ဒီဇာတ်ရုပ်မှာ သူမကို ပိုအောင်မြင်အောင် ကူညီပေးခဲ့တယ်လို့ ပြောလို့ရပါတယ်၊၊ သူမဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေက အရမ်းတော့ ဈေးမကြီးပါဘူး၊၊ ဝမ် ၁သိန်းအောက် ကနေစပြီး ဝမ်သိန်းကျော်လေးတွေနဲ့ ဆွဲဆောင်မှုအရှိဆုံး ဖြစ်အောင် ဝတ်ဆင်ခဲ့ပြီး ပရိတ်သတ်အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်၊၊
Pocket Variation Round Setup
Short Skirt - Won 999,000 ( မြန်မာငွေ ၁၇ သိန်းနီးပါး )
Player Setup skirt - Won 599,000 ( မြန်မာငွေ ၁၀ သိန်း စွန်းစွန်း )
D9246 Long One- Piece
Won 136,800 ( မြန်မာငွေ ၂ သိန်း ၃ သောင်း )
J1206 Classic Trench Coat
Won 226,800 ( မြန်မာငွေ ၃သိန်း ၈သောင်းခွဲ )
Tassel Point Tweed Set
Jacket - Won 228,000 ( မြန်မာငွေ ၃ သိန်း ၈ သောင်းကျော် )
Skirt - 89,000 ( မြန်မာငွေ ၁ သိန်းခွဲ )
Large Lady Dior Bag
USD 6,500 ( မြန်မာငွေ ၁၃၆ သိန်း )
အခု ပြောပြပေးသွားတာကတော့ The Glory Season-1 မှာ လူကြိုက်များ အားပေးကြတဲ့ မင်းသမီး(၂) ယောက်ရဲ့ Fashion အတွဲအစပ်တွေပဲ ဖြစ်ပါတယ်၊၊ လာမယ့် The Glory Season- 2 မှာလည်း ဘယ်သူတွေက ဘယ်လို Fashion အတွဲအစပ်တွေ ဝတ်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ မတ်လ ( ၁၀ ) ရက်နေ့မှာ အားလုံးနဲ့အတူ ရင်ခုန်စွာ စောင့်ကြည့်လိုက်ကြရအောင်နော်၊၊
++++++++++++++++++++++++++++++++++++++++++++++++++++