Clothing Brand တစ်ခု ၊ ကိုယ်ပိုင်စီးပွားရေး တစ်ခုအနေနဲ့ ထူထောင်တော့မယ်ဆိုရင် မဖြစ်မနေ သိ ထားသင့်တဲ့ အချက်လေးများကို ဝေမျှ ပေးလိုက်ပါတယ်။
Clothing Brand တခုထူထောင်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ်လုပ်မဲ့အလုပ်အပေါ် တစိုက်မတ်မတ် Plan ချထားဖို့ လိုပါတယ်၊၊ ရေရှည် Plan ကိုပါ မဖြစ်မနေ ထည့်သွင်းစဥ◌်းစား ထားရပါမယ်၊၊ စီးပွားရေးအမြင်လည်း ကောင်းကောင်းရှိရပါမယ်၊ ကိုယ်လုပ်မဲ့အလုပ်က ဘယ်လောက်အတိုင်းအတာထိ သွားနိုင်မှာလဲ၊ ကိုယ်နဲ့ လုပ်ငန်းတူတွေကရော ဘယ်အခြေအနေထိ အောင်မြင်နေပြီလဲ ဆိုတာလည်း သိထားသင့်ပါတယ်၊၊
ကုန်ကြမ်းပစ္စည်းတွေကို ဘယ်မှာ ရှာလို့ရမလဲ၊ ဘယ်လိုနေရာတွေမှာ လက်လီလက်ကား ရနိုင်မလဲ ဆိုတာ အရင်လေ့လာထားပါ၊၊ ဥပမာအနေနဲ့ ဗိုလ်ချုပ်ဈေး၊ မဂ်လာဈေး၊ ယုဇနပလာဇာတို့မှာ အထည်အလိပ်တွေ ၊ Accessories တွေအကုန် လက်လီ လက်ကား ရနိုင်ပါတယ်၊၊ ကိုယ့်ရဲ့ Design တွေကို လက်ရာ ကောင်းကောင်း သေသေသပ်သပ် နဲ့ ချုပ်လုပ်ပေးနိုင်မဲ့ စက်ရုံတွေကိုလည်း ကြိုတင် လေ့လာထား သင့်ပါတယ်၊၊
မြန်မာချည်၊ အင်းလေးချည်၊ ချည်ပေါင်းသား၊ ရိုးရာချည်ထည်၊ လက်ရက်ကန်းထည်တွေကိုလည်း ကိုယ်ပိုင် Design ဆန်းဆန်း လေးတွေနဲ့လည်း ပေါင်းစပ်ပြီး Creation လုပ်လို့ ရပါတယ်၊၊ လက်ရှိမှာ ရေပန်းစားနေတဲ့ “ဗားမား Clothes” ဟာ ဆိုရင်လည်း ချည်ထည်တွေကို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် Design တွေ ထုတ်ထားတဲ့အတွက် လူကြိုက်များတဲ့ Clothing Brand တခုပါ၊၊
Photo crd to ဗားမား Clothes Facebook Page
" PLA Clothing Brand " ဆိုရင်လည်း သူ့ရဲ့ Design တွေ အကုန်လုံးက Daily Outfit ကနေ ပွဲတက်ထိ ၀တ်လို့ ရလောက်အောင်ကို Elegant ဆန်ဆန်၊ လူငယ်ကြိုက် Design လေးတွေပဲမလို့ လူငယ်တွေ ကြား ရေပန်းစားတဲ့ Brand တခုပါ၊၊
Photo crd to PLA Clothing Facebook Page
လက်ရှိ ဈေးကွက်ထဲမှာ ဘယ်လို Design တွေက ရေပန်းစားနေလဲဆိုတာ လေ့လာပါ၊ လေ့လာထားမှသာ Inspire ယူပြီး ကိုယ်ပိုင်စိတ်ကူး Idea တွေနဲ့အတူ ထပ် Create လုပ်ပြီး Styling လုပ်နိုင်မှာပါ၊၊
ကိုယ့်ရဲ့ Brand ကို Marketing ကောင်းကောင်း လုပ်နိုင်ဖို့ကလည်း အထောက်အကူဖြစ်မှာ မလွဲပါပဲ၊၊ Social Media Platform တွေမှာလည်း Advertising လုပ်ဖို့ လိုပါတယ်၊ ကိုယ့်အပေါင်းအသင်းတွေထဲမှာ Cele ဖြစ်တဲ့ သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့ကို ၀တ်ပြခိုင်းပြီး Promote လုပ်တဲ့အခါ လူများများ ပိုသိနိုင်ပါတယ်၊၊
ဈေးနှုန်းလည်း သက်သာပြီး Quality ကောင်းကောင်းပေးနိုင်မယ်ဆိုရင် လူကြိုက်များမှာ အသေအချာပါပဲ၊၊ နောက်ဆုံးအနေနဲ့ ကိုယ်ထုတ်လိုက်တဲ့ Brand က စစချင်းမှာ လူသိပ်မသိသေးဘူး၊ သိပ်အရောင်းမသွက်သေးဘူး ဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ အစပိုင်းမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ရှိစမြဲမလို့ ဆက်ကြိုးစားရင် ကိုယ့်ရဲ့ မျှော်မှန်းထားတဲ့ Target ကို ရောက်လာနိုင်ပါတယ်၊၊
======================================