What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပန်ကြားချက်

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်။

 

Covid-19 ကူးစက်ပြန့်ပွားမှုနှုန်းသည် စက်ရုံ/အလုပ်ရုံ/အလုပ်ဌာနများ/အရောင်းဆိုင်များသို့ ပြန့်နှံလျှက်ရှိ ပါသည်။ အလုပ်ရှင်နှင့် အလုပ်သမားကြား နောက်ဆက်တွဲ ဖြစ်ပေါ်လာသော လူမှုစီးပွားရေး အခက်အခဲ များကို အလျှင်မြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

 

အလုပ်သမားများရင်ဆိုင်နေရသော လူမှုစီးပွားအခက်အခဲများ..

၁။ စက်ရုံတစ်ခုတွင် Covid-19 လူနာတစ်ဦးတွေ့ရှိပါက ၄င်းစက်ရုံမှ အလုပ်သမားများကို ရပ်ရွာလူထု မှ အလုပ်ဆင်းခွင့်မပေးတော့ခြင်း၊ အဝင်မခံခြင်း၊ အဆောင်နေသူများမှ ခွဲခြားဆက်ဆံခြင်း၊ အဆောင် ပိုင်ရှင်မှ လက်မခံတော့ခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ Lock Down ချ၍ အလုပ်သမားကို အလုပ်ဆင်းခွင့်မပေးတော့ခြင်းများကြုံတွေ့ရပါသည်။

တစ်ဘက်တွင် အလုပ်သမားအနေဖြင့် Lock Down ချခံထားရသည်ဟု အလုပ်ရှင်ကို အကြောင်း ပြချက်ပေး၍ အလုပ် မဆင်းဘဲနေ၍ မရပါ။ အလုပ်ရှင်သည် အလုပ်မဆင်းပါက အလုပ်မှ ထုတ်ပယ်ခြင်း၊ ထိုနေ့ အလုပ်မဆင်းမှုအတွက် လုပ်အားခမပေးခြင်း၊ ရက်မှန်ကြေးများ ဖျက်တောက်ခြင်းတို့ကို အလုပ် သမားများသည် ကြုံတွေ့ရပါသည်။ Lock Down ချခံထားရသည့် အလုပ်သများအနေဖြင့် ခွင့်တိုင်ရန်ပင် အခက်အခဲရှိနေသည့် အနေအထားဖြစ်နေပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်မပါဘဲ ဒေသခံအုပ်ချုပ်ရေးပိုင်းမှ ပြုလုပ်နေသော Lock Down ကိစ္စကို ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေပါသည်။

 

 

၂။ မြန်မာ့တပ်မတော်သည် Covid-19 ကာလတွင် စစ်တပ်ဝန်းအတွင်းနေထိုင်သူများကို Lock Down ချထားပါသည်။ အပြင်သို့ ပေးထွက်ခွင့်မပြုပါ။ ထိုအထဲတွင် အလုပ်သမားများလည်း ပါဝင်နေပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် အလုပ်သမားများသည် အလုပ်မဆင်းနိုင်ခြင်း၊ လုပ်အားခ ဖြတ်တောက်ခံ ရခြင်းများ ရှိလာပါသည်။ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေပါသည်။

 

၃။ စက်ရုံ၊ အလုပ်ရုံ တစ်ခုတွင် Covid-19 ကူးစက်ခံရသူတစ်ဦး တွေ့ရှိပါက ထိုကူးစက်ခံရသူနှင့် အဓိက တိုက်ရိုက်ထိတွေ့ခဲ့သည့် (primary contacts) များကို အလုပ်ရှင်မှ မှန်ကန်စွာ သတင်းပေးပို့မှုအားနည်းနေသည်ကို တွေ့ရှိရပါသည်။ ထိုနည်းတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့်လည်း အလုပ်ရှင်-အလုပ်သမားနှင့် ပူးပေါင်းဆောင်ရွက်ပြီး primary contacts ကို ရှာဖွေရာတွင် အားနည်းနေသည်ဟု တွေ့ရှိရပါသည်။
ထိုအခါတွင် ကျန်အလုပ်သမားများအနေဖြင့် စိုးရိမ်မှုကြီးစွာဖြင့် လုပ်ငန်းခွင်တွင် အလုပ်လုပ်နေရ ပါသည်။ အလုပ်ရှင်များအနေဖြင့် primary contacts များကို မှန်ကန်စွာ သတင်းပေးပို့ရန် လိုအပ်နေ ပါသည်။

 

၄။ တာဝန်သိသည့်၊ တာဝန်ယူမှုရှိသည့် အလုပ်ရှင်များကိုလည်း တွေ့ရှိ ရပါသည်။ ထိုအလုပ်ရှင်များ အနေဖြင့် Covid-19 ကူးစက်မှုအခြေအနေကို အလုပ်သမားများသိစေရန် ပွင့်လင်းမြင်သာ စွာချပြ ပေးပါ သည်။ အလုပ်သမားအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။
ထိတွေ့ခဲ့သည့်သူများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသို့ သတင်းပေးပို့ပါသည်။ ထို့အပြင် secondary contacts (သွယ်ဝိုက်ထိ တွေ့သူများကို) လည်း Home Stay နေထိုင်ခွင့်ပြု၍ အလုပ်သမား၏ လုပ်အားခကိုပါ တာဝန်ယူ ဆောင်ရွက်ပေးသည့် အလုပ်ရှင်များကိုလည်း တွေ့ရှိပါသည်။ အသိအမှတ် ပြုပါသည်။ ကျေးဇူးလည်း တင်ပါသည်။

 

 

 

Published in Local Industry

Search Articles