What's new

×

Warning

JUser: :_load: Unable to load user with ID: 845

          ပျိုမေတို့ဟာ ဝတ်စရာမရှိဘူးလို့ ခဏခဏ ပြောမိကြမှာပါ။ တကယ်ကတော့ အသစ်တွေဝတ်ပြီးသွားပြီလို့ ဆိုလိုချင်တာပါ။

Published in Tips

        မင်းသမီးလေး ဖွေးဖွေးကိုတော့ အားလုံးပဲ ရင်းနှီးကြမယ် ထင်ပါတယ်။

Published in Celebrities

          လူတွေ နေ့စဉ်တိုင်း စဉ်းစားတတ်တဲ့ အတွေးတစ်ခုရှိပါတယ်။ အပြင်မသွားခင်မှာ ပိုပြီး စဉ်းစားလေ့ရှိတာပါ။ နေ့စဉ်တိုင်းမှာ အပြင်မထွက်ခင်၊ လူကြားထဲ မသွားခင် ဘာဝတ်သွားရင် ကောင်းမလဲ စဉ်းစားရတာဟာ လူသားတိုင်းရဲ့ အခြေခံအကျဆုံး ရွေးချယ်မှုတွေထဲက တစ်ခုပါ။ “တောင်းအမှာ အကွပ်၊ လူမှာအ၀တ်” ဆိုတဲ့ ရှေးစကားအတိုင်းပဲ အ၀တ်အစားဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အဆင့်အတန်းဖော်ပြဖို့ အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ခေါက်ရိုးကျိုးနေတဲ့ သတ်မှတ်ချက်တွေကို တွန်းလှန်ပြီးတော့ အခြေခံအကျဆုံး ရွေးချယ်မှုကို ဂရုမစိုက်ပဲ လူမြင်ကွင်းကို ထွက်တိုင်း အ၀တ်အစား ဖက်ရှင်ပုံစံ တစ်မျိုးတည်း ကိုဝတ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Mark Zukerberg ( မာ့ခ် ဇူကာဘက်)
          ၂၀၁၄ ခုနှစ်တုန်းက Facebook အသုံးပြုသူတွေနဲ့ အမေးအဖြေပြုလုပ်တဲ့ ပွဲတစ်ပွဲမှာ အခုလိုမျိုးပြောခဲ့ပါတယ်။ “ကျွန်တော့် ဘ၀ကို အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းနဲ့ နေချင်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေကို တတ်နိုင်သမျှ နည်းအောင်လုပ်ချင်လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

11

 

(2) Barack Obama (ဘာရက် အိုဘားမား)
          Vanity Fair မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ (၂၀၁၂)ခုနှစ်က အင်တာဗျူးမှာ အိုဘားမားက “ကျွန်တော် မီးခိုးရောင်နဲ့ အပြာရောင် suits တွေပဲ ၀တ်တာကို ခင်ဗျားတို့ တွေ့မှာပါ။ ကျွန်တော့်ဘ၀မှာ စားဖို့နဲ့ ၀တ်ဖို့အတွက် စဉ်းစားပြီး ဆုံးဖြတ်ချက်ချရ တာကို မလုပ်ချင်ပါဘူး။ ဒီထက်ပိုအရေးကြီးပြီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ တစ်ခြားကိစ္စတွေ အများကြီးပါ” လို့ ဖြေသွား ခဲ့ပါတယ်။

22

 

(3) Steve Jobs (စတိဗ် ဂျော့်ဘ်)
          ဖက်ရှင်တစ်မျိုးတည်းကို စွဲစွဲမြဲမြဲ ၀တ်ခဲ့တဲ့ စတိဗ်ဂျော့ဘ်က “ကျွန်တော့်မှာ တစ်ဘ၀လုံးစာ ၀တ်စရာ အလုံအလောက်ရှိပါတယ်။ အကျီင်္ထပ်ဝယ်စရာ မလိုတော့ပါဘူး” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

3

 

(4) Dean Kamen (ဒင်း ကေမန်း)
          လျှပ်စစ်စကူတာတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ Segway တည်ထောင်သူ ဒင်းကေမန်းရဲ့ ပြောစကားပါ။ “ကျွန်တော် အလုပ်လုပ်တဲ့ အချိန်တိုင်းမှာ အလုပ်မှာ ၀တ်ရတဲ့ ၀တ်စုံကို ၀တ်ဆင်ပါတယ်။ မအိပ်ပဲ နိုးနေတဲ့ အချိန်တိုင်း ဟာ ကျွန်တော့်အတွက် အလုပ်ချိန်ပါ” လို့ ပြောခဲ့ပါတယ်။

4

 

(5) Christopher Nolan (ခရစ်စတိုဖာ နိုလန်)
          ခရစ်တိုဖာ နိုလန်ဟာ  Batman: The Dark Knight Triology , Intersteller , Inception နဲ့ Dunkirk တို့လို ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးပါ။ (၂၀၁၄)ခုနှစ်က New York Times မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ” နေ့တိုင်း ဘာဝတ်မလဲ စဉ်းစားနေရတာ ဟာ မလိုလားအပ်တဲ့ အချိန်ဖြုန်းတီးမှု တစ်ခုပါ” လို့ ဖြေကြားခဲ့ပါတယ်။

5

 

(6) Albert Eistein (အိုင်စတိုင်း)
          ဟစ်တလာရဲ့ အယူအဆတွေကို မကြိုက်လို့ ဂျာမဏီကနေ အမေရိကန်ကို ရွှေ့ပြောင်းလာခဲ့တဲ့ (၁၉၃၃)ခုနှစ်ကစပြီး အိုင်စတိုင်းဟာ မီးခိုးရောင် ကုတ်အကျီင်္ကိုပဲ နေ့တိုင်း ၀တ်ဆင်ခဲ့ပါတယ်။

6

 

Ref : CNN

Published in Tips

          အ၀တ်အစားတွေ ခေါက်သိမ်းတဲ့နည်းတွေ အမျိုးမျိုးရှိတာမှာ နည်းတစ်ခုကတော့ အ၀တ်အစားတွေကို အိုရီဂါမီလို ခေါက်ပြီး သိမ်းတဲ့နည်း ဖြစ်ပါတယ်။

Published in How To

          တစ်နှစ်နဲ့ တစ်နှစ် မတူနိုင်တဲ့ ဖက်ရှင် ရေစီးကြောင်းအတိုင်း သူ့ထက်ငါ အပြိုင် လန်းနေချိန်မှာ အသဲတို့အနေနဲ့ ခေတ် နောက်ကျ ကျန်မနေခဲ့ဖို့ လိုပြီနော်။ ဒီတော့ ၂၀၁၉ မှာကော ဘယ်လို fashion တွေက ရေပန်းစား လာနိုင်ခြေရှိလဲ ဆိုတာ အတူကြည့်လိုက်ကြရအောင်နော်…

(၁) ဘလေဇာကုတ်

         ၂၀၁၈ နှစ်ကုန်ပိုင်းလောက်က စပြီး ခေတ်စားလာတဲ့ ဘလေဇာကုတ်တွေကို ၂၀၁၉ မှာလည်း ဆက်တွေ့နေရဦးမှာပါ။ ဘလေဇာကုတ်တွေကို စတိုင်လ်ပန့်စ်တွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်တာက ဒီနှစ် trend ရဲ့ ထိပ်ဆုံးမှာ ရောက်နေပါတယ်။ ဆယ်လီဘရစ်တီ တော်တော်များများ ဝတ်လာတာတွေ့ရပြီး စမတ်ကျကျ အမျိုးသမီးတစ်ယောက်အသွင် ဖြစ်စေလို့ ပျိုမေလေးတို့မှာလည်း ဘလေဇာကုတ် တစ်ထည်တော့ ရှိသင့်နေပါပြီနော်…

2

 

(၂) Animal Prints2

          အရင်နှစ်တွေတုန်းက တိမ်မြှုပ်နေခဲ့တဲ့ animal prints တွေကလည်း ဒီနှစ်မှာ တစ်ခေတ်ပြန်ထလာနိုင်ချေရှိနေပါတယ်။ ခပ်လန်းလန်း ကျားသစ်ကွက်အင်္ကျီတွေ၊ မြွေအရေခွံ စကတ်တွေ၊ မြင်းကျားစင်းတွေက ခေတ်အစားဆုံးဖြစ်လာနိုင်တာမို့ အခုထဲကပြေးဝယ်ထားလိုက်ပါတော့နော်။

33

 

(၃) Puff Sleeves (လက်ဖောင်းအင်္ကျီ)

          ပျိုမေလေးတို့ မေမေတွေ ငယ်ငယ်ကဝတ်ခဲ့တဲ့ ပုခုံးဖောင်းဖောင်း အင်္ကျီကြီးတွေကို သိတယ်ဟုတ် ? အဲဒီအင်္ကျီကြီးတွေလဲ ဒီနှစ်ထဲမှာ ပြန်ဝတ်လာကြတော့မှာပါတဲ့နော်။ မေမေပြောတဲ့ ဖက်ရှင်က တစ်ပတ်ပြန်လည်တတ်တယ်ဆိုတာ သိပ်မှန်တာပဲ

44

 

(၄) Faux Leather

          ဘယ်တော့မှမရိုးတဲ့ သားရေတုစကဒ်တွေကိုလည်း runway တော်တော်များများမှာ တွေ့နေရတာမို့ ဒီနှစ်ထဲမှာ ရေပန်းစားလာမယ့် ဖက်ရှင်တွေထဲမှာ ပါလာမယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဗီရိုထဲမှာ ခပ်မိုက်မိုက် လယ်သာစကဒ် ဒါမှမဟုတ် ဂျက်ကပ်တစ်ထည်လောက်ရှိနေတာတော့ မမှားဘူးလို့ မြင်ပါတယ်။ အသဲတို့ရော ဘယ်လို မြင်ကြလဲ??

5

 

(၅) Neon

          ၂၀၁၉ မှာတော့ အစိမ်းတောက်တောက် ပန်းရောင်တောက်တောက်လိုမျိုး Neon color တောက်တောက်တွေက ပိုခေတ်စားလာမှာပါ။ အင်္ကျီအရောင် တောက်တောက်တွေ မဝတ်ချင်ဘူးဆိုရင်တောင်မှ neon အရောင်တွေနဲ့ အိတ်သေးသေးတစ်လုံးတော့ ရှိသင့်ပါတယ်နော်..

66

 

(၆) Boiler Suit

          Street style ဘက်မှာဆိုရင်တော့ boiler suit တွေက ရေပန်းအစားဆုံးဖြစ်လာနိုင်ချေ ရာခိုင်နှုန်း များနေပါတယ်။ Boiler suit ကို accessories တွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်ကြတဲ့ ခပ်မိုက်မိုက် ဖက်ရှင်တွေကို ဒီနှစ်ထဲမှာ အများအပြားတွေ့ရဖို့ မျှော်လင့်ထားပါတယ်နော်။

77

 

          ကဲ…ဒီဖက်ရှင်တွေထဲက ဘယ်နှစ်ခုလောက် ပျိုမေလေးတွေဆီမှာ ရှိနေပြီလဲ? မရှိသေးလည်း ကိစ္စတော့ မရှိပါဘူးနော်.. ပြောနေကျအတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အလန်းဆုံး ဖက်ရှင်ပါပဲလို့..

Source: For Her Myanmar

Published in Rules & Regulations

          ဘရာဆိုတာ အထဲမှာ ၀တ်တာ၊ လူမြင် တာမှ မဟုတ်တာ ဆိုပြီး မပေါ့ဆ သင့်ပါဘူး နော်။ ဘရာ ကောင်းကောင်း တစ်ထည်ဟာ နှစ်လရှည်ကြာ မပျက်စီးပေမဲ့လည်း ယိုယွင်း သွားတတ်တာကို သတိမူမိဖို့ လိုပါတယ်။ ဘယ်လိုတွေ ယိုယွင်းနေရင် စွန့်ပစ်ရမှာလဲဆိုတာနဲ့ ပတ်သက်လို့ သေသေချာချာ မသိဘူးဆိုရင် အခု ပြောပြမယ့် အချက် ၄ ချက်နဲ့ စစ်ဆေးကြည့်သင့်ပါတယ်နော်။

          အ၀တ်အစားဆိုတာ လှပတင့်တယ်ဖို့အပြင် စိတ်ချမ်းသာဖို့ ကိုယ်ခန္ဓာကျန်းမာဖို့အတွက်လည်း အရေးကြီးပါတယ်။ အ၀တ်အစားတွေကို တစ်နှစ်လောက်ကြာမှ ၀တ်ဖို့ သင့်မသင့် တစ်ခါလောက် စစ်ဆေးကြည့်ဖြစ်တယ်ဆိုရင်မဆိုးပါဘူး။ အကောင်းဆုံးကတော့ ၃ လ တစ်ကြိမ်လောက် စစ်ဆေးကြည့်သင့်ပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါ အခုပြောပြမယ် လက္ခဏာ ၄ ချက်ကိုလည်း ပျိုမေလေးတွေရဲ့ ဘရာတွေမှာ စစ်ဆေးကြည့်သင့်ပါတယ်နော်။ဒီနည်းလမ်းတွေနဲ့ ကိုယ့်မှာ ရှိနေတဲ့ ဘရာတွေထဲက ဘယ်ဟာတွေကို စွန့်ပစ်ရမလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

၁ တင်းတင်းရင်းရင်း မဖြစ်တော့ဘူးဆိုရင်

          ဘရာတွေက ပျိုမေလေးတွေရဲ့ ရွှေရင်နှစ်မွှာကို ထိန်းပေးပင့်ပေးထားကြဖို့ သူတို့မှာ ရုန်းပြန်သတ္တိ elasticity ရှိကြပါတယ်။ ဘရာကြိုးတွေမှာ ရုန်းပြန်သတ္တိ ပါပါတယ်။ ကာလကြာလာတဲ့အခါ ရုန်းတဲ့သတ္တိ လျော့ကျတယ်။ ရေလျှော်ဖန်များရင် လျော့ရဲရဲ ဖြစ်လာမယ် နောက်ကျောမှာ ချိတ်ကို ချိတ်တဲ့အခါ တင်းမနေတော့ဘူးဆိုရင် ရှေ့ဘက်မှာ ရင်သားကို ပင့်တင်ပေးတဲ့အား လျော့ကျနေလိမ့်မယ်။ ဒီတော့ ရင်သားတွေကို ပုံမပျက်အောင် ထိန်းပေးထားနိုင်တော့မှာ မဟုတ်ပါဘူး။ တစ်ဆင့်ချိတ်၊ နှစ်ဆင့်ချိတ်၊ သုံးဆင့်ချိတ် ပါတယ်ဆိုရင် အကျပ်ဖြစ်စေမယ့် ချိတ်ကို ပြောင်းချိတ်တယ်။ ဒါပေမဲ့လည်း အရင်လို တင်းတင်းရင်းရင်း မရှိတော့ဘူးဆိုရင် အဲဒီဘရာဟာ ဟောင်းသွားပါပြီ။ စွန့််လွှတ်လိုက်ပါတော့။


၂။ ရင်သား အရွယ်အစား ပြောင်းတယ်ဆိုရင်
          အခုကိစ္စက ဘရာကြောင့် ဖြစ်ရတာ မဟုတ်ဘူး။ ရင်သားက အရွယ်အစား ပြောင်းလဲတာ၊ ပုံပန်းပြောင်းလဲတာကြောင့် ၀တ်နေကျ ဘရာနဲ့ အဆင်မပြေတော့တာ ဖြစ်ပါတယ်။ အရင်ကတော့ အံကိုက်ပဲ၊ အခုတော့ ကျပ်ထုပ်စည်းသလို ဖြစ်နေတယ်ဆိုရင် အသားစိုင်က အပြင်ကို ရုန်းထွက်လာမယ် ဇက်ကြောတက်လာမယ် ရင်စည်းကြိုးက ရေပြင်ညီအတိုင်း ဖြစ်မနေတော့ဘူး သုံးဆင့်ချိတ်မှာ အချောင်ဆုံးဖြစ်မယ့် ချိတ်ကို တပ်ထားတော့ ဘရာကြိုးက အသားထဲ နစ်ဝင်နေမယ် အဲဒီလိုဆိုရင်လည်း ဘရာက မဟောင်းသေးပေမဲ့ အဲဒီဘရာဟာ ကိုယ့်အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရင်သားကြီးထွားမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒီကြောင့် စွန့်ပစ်လိုက်တာ အကောင်းဆုံး ဖြစ်မှာပါ။

၃။ စိတ်ထဲ မသက်သာဘူးဆိုရင်
          ကိုယ်ဝတ်တဲ့ဘရာအပေါ် ကိုယ့်စိတ်ထဲ မသက်မသာ ဖြစ်နေမိရင်လည်း အဲဒီဘရာကို မ၀တ်သင့်တော့ပါဘူး။ အရောင်ကြောင့် မကြိုက်တာ ဖြစ်ချင်ဖြစ်မယ်။ စတိုင်လ်ကြောင့် မကြိုက်တာ ဖြစ်ချင်ဖြစ်မယ်။ ဇာဘရာကို လျှော်ဖန်များလို့ အမြင်မလှတော့တာကြောင့် မ၀တ်ချင်တာ ဖြစ်ချင်ဖြစ်မယ်။ နောက်တစ်မျိုးက အရေပြား ယားယံတာ၊ နီမြန်းတာမျိုးတွေ ကြုံရတာကြောင့် စိတ် မသက်မသာ ဖြစ်နေတယ်ဆိုရင် အဲဒီဘရာကို စွန့်လွှတ်လိုက်ပါတော့ပြီး အသစ်တစ်ထည်ထပ်ဝယ်သင့် နေပါပြီ။

၎။ ပုံပျက်ပန်းပျက် ဖြစ်နေပြီဆိုရင်

          ဘရာဆိုတာက ရင်သားအလှကို ထိန်းကျောင်းပေးတာမို့ ဘရာကို ရေလျှော်ဖန်များပြီး ရေညှစ်တာ၊ လှန်းတာ၊ ထားသိုတာတွေမှာ အထာမကျရင် ပုံပျက်သွားတတ်ပါတယ်။ အဲ့လို အချိန်မှာ ဆိုရင် ဘရာဟာ သင့်ရဲ့ ရင်သားနဲ့ အံဝင်ခွင်ကျ မဖြစ်တော့ဘူး။ ဟာနေတဲ့နေရာ၊ တင်းကျပ်နေတဲ့နေရာတွေ ရှိနေတယ်ဆိုရင် အဲ့ဒီဘရာက ရင်သားအလှကို ထိန်းပေးဖို့ မဖြစ်နိုင်တော့တဲ့အပြင် ရင်သားကိုပါ ပုံပျက်အောင် တစ်နေ့လုံး ပုံသွင်းနေပါလိမ့်မယ်။ ဘရာဆိုတာက ပုံပျက်သွားရင် နောက်တစ်ထည် လဲလိုက်လို့ရတယ်။ ရင်သားတွေက အဲလိုလုပ်လို့မှ မရတာ။ ဒီတော့ အဲဒီဘရာကို ဘာလို့ သံယောဇဉ်တွယ်နေမလဲ။ အဲဒီဘရာကို စွန့်လွှတ်လိုက်ပါတော့။


အကြံပေးချင်တာက ဘရာထိန်းသိမ်းနည်း ၄ ချက်ကို လိုက်နာဖို့ပါပဲ။

Published in Tips

       မိမိတို့တစ်ယောက်တည်းမှာပဲ ရှိမယ့် ခါးပတ်မျိုးလေး ဆိုရင်ကော မလိုချင်ဘူးလား။ ခါးပတ်ဟာ ဖက်ရှင်ကို ပိုမိုဆန်းသစ်စေလို့ မိမိကိုယ်ပိုင်ခါးပတ် တစ်ခု ရှိကို ရှိသင့်ပါတယ်။

 

Published in How To

          မြန်မာနိုင်ငံက မင်းသမီးတွေထဲမှာ အချောဆုံးမင်းသမီးလေးတွေရဲ့ ဖက်ရှင်ကို မျှဝေပေးချင်ပါတယ်။ သင်တို့ရော ဘယ်မင်းသမီးတွေ ဖြစ်မယ်လို့ ထင်ပါသလဲ။

Published in Celebrities

     နိုင်ငံခြားမော်ဒယ်လ်ရှိုးပွဲတွေမှာ ထူးထူးဆန်းဆန်းဝတ်စုံဒီဇိုင်းတွေ ဝတ်ဆင်ပြသတာကို မြင်ဖူးကြမှာပါ။ အဲဒီလို လျှောက်လမ်းပေါ်က ဖက်ရှင်တွေထဲကမှ အဆန်းတကာ့ အဆန်းဆုံးဆိုတဲ့ ဖက်ရှင်တွေကို ပျိုမေလေးတို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

Published in Events & Shows

       ခေတ်ဆန်ဆန် လှလှပပ မိန်းကလေးတွေကို တွေ့ရင် သဘောကျတတ်ကြပါသလား? ခေတ်ဆန်ဆန်လေးကလည်း လှချင်၊ ဘယ်လိုဝတ်စားနေထိုင်ရမယ်မှန်းလည်း မသိဆိုတဲ့ ပျိုမေလေးတို့အတွက် ခေတ်ဆန်လှပတဲ့ မိန်းကလေးတွေသာ သိထားတဲ့ လျှို့ဝှက်ချက် (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်…

Published in Tips
Page 48 of 60

Search Articles