What's new



အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဥ် (၂၃၃) ဖွင့်လှစ်မည်

အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဥ် (၂၃၃) ဖွင့်လှစ်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး အခြေခံ မော်တာစက်ချုပ် သင်တန်း အမှတ်စဥ် (၂၃၃) ကို ၂၀၂၄ ခုနှစ်၊  ဖေဖော်ဝါရီလ ၁၃ ရက်မှ မတ်  ၁ ရက်ထိ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး စင်တာ (MGHRDC) တွင် ဖွင့်လှစ်သွားမည်။

 

သင်တန်းတွင် အထည်ချုပ်လုပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်သည့် ဗဟုသုတများ၊ ချုပ်နည်းအဆင့်ဆင့်များကို လက်တွေ့သင်ကြားမှုများဖြင့် သင်ကြားပေးသွားမှာဖြစ်ပြီး အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးမည်။

 

အဆိုပါသင်တန်းကို အထည်ချုပ်စက်ရုံများ နှင့် နယ်ဝေးမှအလုပ်အကိုင်ရှာဖွေသူများ ၊ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ရန် စိတ်ဝင်စားသူတို့အကြား ချိတ်ဆက်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက အထည်ချုပ်စက်ရုံများဖြင့် ချိတ်ဆက်ကာ အလုပ်ရရှိရန် ကူညီပေးမည်။

 

တက်ရောက်လိုသူအနေဖြင့်

 ၀၉ ၉၄၀၈၅၈၃၅၀

၀၉ ၄၅၀၇၂၃၂၆၂

၀၉ ၉၄၀၃၉၁၂၅၇၀

၀၉ ၇၈၄၀၈၅၇၉၄

၀၉ ၉၆၉၈၆၅၀၂၄ 

ကို ဆက်သွယ်စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

#GarmentIndustryGuide


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read 314 times
Rate this item
(0 votes)