What's new

×

Warning

JUser: :_load: Unable to load user with ID: 845

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

MENU MYANMAR GARMENT MANUFACTURERS ASSOCIATION

NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR. # : 95-1-2300253,09-49287184 Fax: 95-1-2314829 E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

 

စာအမှတ်။ ။ ၀၀၅/အထခ/၂၀၂၀ ( ၀၉ ၇ )

ရက်စွဲ ။ ။ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၀ ရက်

 

သို့

အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအားလုံး

 

အကြောင်းအရာ။ ။ Co Form နှင့် SP Form များ လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီလျှောက်ထားကြပါရန် အသိပေးအကြောင်းကြားခြင်း

ရည်ညွှန်းချက် ။ ။ (၁) စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၏၆.၁၀.၂၀၂၀ ရက်စွဲပါ စာအမှတ် ၁၈-ရာ/ ၂၀၂၀ (၁၃၇၄)၊ (၂) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၁၆.၁၀.၂၀၂၀ ရက်စွဲပါ စာအမှတ်- ကကရ(ဦး) ဒေသတွင်း/၁-၂၀/၂၀၂၀(၀၀၉၅)

 

၁။        အထက် အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီများမှ Online CO Application System ဖြင့် CO Form နှင့် GSP Form များ လျှောက်ထားခြင်းကို ကုန်သွယ်ရေးဦးစီးဌာနမှ လက်ခံဆောင်ရွက်ပေးရာတွင် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးကို ဦးတည်၍ စာရွက်စာတမ်းများ ၊ လုပ်ထုံးလုပ်နည်းများကို ဖြေလျော့ဆောင်ရွက်ပေးလျက် ရှိပြီး ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် Automated System များဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါကြောင်း၊ အချို့သော ကုမ္ပဏီများ (သို့မဟုတ်) ကုမ္ပဏီမှ လွှဲအပ်ထားသော ဝန်ဆောင်မှု ပေးသည့် Agent များသည် ဌာနဆိုင်ရာ စာရွက်စာတမ်းများကို ခွင့်ပြုချက် မရှိပဲ အလွယ်တကူပြင်ဆင် လျှောက်ထားမှုများ ပြုလုပ်လာကြကြောင်း အကောက်ခွန်ဦးစီးဌာန နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့မှ စစ်ဆေး တွေ့ရှိရသဖြင့် ကုမ္ပဏီများအလိုက် အရေးယူဆောင်ရွက်ရခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ အလားတူဖြစ်ရပ် များ မဖြစ်ပွားစေရေးအတွက် လိုအပ်သလို ကြီးကြပ်ဆောင်ရွက်နိုင်ပါရန် ရည်ညွှန်းပါစာများဖြင့် အသိပေး အကြောင်းကြားလာပါသည်။

 

၂။        သို့ပါ၍ CMP အသင်းဝင် စက်ရုံ / ကုမ္ပဏီများသည် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများမှ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ဆောင်ရွက်ပေးခြင်းကို အခွင့်အရေးအဖြစ် အသုံးချ၍ လေးစားလိုက်နာမှု (Compliance) အားနည်းကာ ဆောင်ရွက်ကြပါက ကုမ္ပဏီ၏ပုံရိပ် ကျဆင်းပြီး ကုမ္ပဏီ လုပ်ငန်းများ ပိတ်သိမ်းခံရသည်အထိ အရေးယူခံရမှုမျိုး ရှိလာနိုင်ပါသဖြင့် လေးစားလိုက်နာမှု (Compliance) အပြည့်ဖြင့် စည်းကမ်းရှိစွာ လိုက်နာဆောင်ရွက်ကြရန် အသိပေး အကြောင်းကြားအပ်ပါသည်။

 

 

 

#Myanmar Garment Manufacturers Association

Published in Local Industry

Search Articles