မြန်မာနိုင်ငံရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) ကို နိုင်ငံတကာရှိ စီးပွားရေးလုပ်ငန်း ဈေးကွက်များသို့ ဈေးကွက် ထိုးဖောက်နိုင်ရန်အတွက် သက်ဆိုင်ရာ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကူညီ ပံ့ပိုး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မိမိတို့၏ အထည်အလိပ်လုပ်ငန်းများမှ ထုတ်လုပ်သည့် နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် တန်ဖိုးမြှင့် ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း (MTMA) သို့ ဆက်သွယ်နိုင်သည်။
အထည်ချုပ် လုပ်ငန်းရှင်များအသင်း
ဖုန်း - 01 2314 829, 01 2300 253, 09 49 287 184
အီးမေးလ် - This email address is being protected from spambots. You need JavaScript enabled to view it.
လိပ်စာ - အမှတ် (၂၉)၊ ၉ လွှာ၊ UMFCCI Office Tower, မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Advertisement
Click Here > Asia Pacific Inspection Agency
ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း
ဖုန်း - 09 500 3714
အဆိုပါ အသင်းများမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ချိတ်ဆက်၍ဖြစ်စေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံး (ဒူဘိုင်းမြို့) ရှိ စီးပွားရေးသံမှူးနှင့် ချိတ်ဆက်၍ဖြစ်စေ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင် ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံမှ အဓိကပို့ကုန်များ ဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ တိရိစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္ထုနှင့် တွင်းထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ အပါအဝင် အခြားပစ္စည်း အမျိုးမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီစဉ် ပံ့ပိုးမှုဖြင့် နိုင်ငံတကာသို့ တင်ပို့လျက် ရှိသည်။