၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ CMP လုပ်ငန်းအများစု ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ သန်း ၂၉၀ ကျော်အထိ ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။